[Zawgyi]

ေစ်းကြက္ သုေတသန အဖြဲ႕အစည္း Canalys က ဒီႏွစ္ ကြာတား ၃(ဇူလိုင္လကေန စက္တင္ဘာလ) အတြင္း ဥေရာပ စမတ္ဖုန္း ေရာင္းအား စစ္တမ္းကို မွ်ေ၀လိုက္ပါတယ္။ ေတာင္ကိုရီးယားရဲ႕ အီလက္ထေရာနစ္ ဘီလူးႀကီး Samsung က ေရာင္းအား အေကာင္းဆံုး ျဖစ္ၿပီး ေစ်းကြက္ေ၀စု ၃၅.၇ ရာခုိင္ႏႈန္း ရထားပါတယ္။ နံပါတ္ ၂ ေနရာကို Huawei က ၂၂.၂ ရာခုိင္ႏႈန္း၊ နံပါတ္ ၃ ေနရာကို Apple က ၁၈.၆ ရာခုိင္ႏႈန္းနဲ႔ သိမ္းပိုက္ထားပါတယ္။ လူငယ္ေျခတက္ Xiaomi က ၁၀.၅ ရာခုိင္ႏႈန္းရထားၿပီး နံပါတ္ ၄ ေနရာကေန အမွီလိုက္ေနပါတယ္။

အခုေတာ့ Xiaomi ရဲ႕ အရာရွိ ၁ ေယာက္ ျဖစ္တဲ့ Lu Weibing က ဥေရာပေစ်းကြက္မွာ Samsung နဲ႔ Apple တို႔လို ဒိတ္ဒိတ္ၾကဲ ကုမၸဏီေတြကို ေက်ာ္တက္ဖို႔ ရည္ရြယ္ထားတယ္လို႔ ေျပာပါတယ္။ အရင္ႏွစ္ ကြာတား ၃ ထက္ ဒီႏွစ္မွာ ၇၃ ရာခုိင္ႏႈန္း ပိုေရာင္းအားေကာင္းခဲ့ၿပီး စမတ္ဖုန္း အလံုးေရ ၅.၅ သန္း ေရာင္းခ်ႏုိင္ခဲ့ပါတယ္။

Samsung က အလံုးေရ ၁၈.၇ သန္း၊ Huawei က ၁၁.၆ သန္းနဲ႔ Apple က ၉.၈ သန္းကို ဒီႏွစ္ ကြာတား ၃ မွာ ေရာင္းခ်ႏုိင္ခဲ့ပါတယ္။ Nokia ဖုန္းေတြကို ေရာင္းခ်ေနတဲ့ HMD Global က ေစ်းကြက္ေ၀စု ၁.၈ ရာခုိင္ႏႈန္းနဲ႔ နံပါတ္ ၅ ေနရာမွာ ရပ္တည္ေနၿပီး အလံုးေရ ၉ သိန္းေက်ာ္ ေရာင္းခ်ထားပါတယ္။

Xiaomi ဟာ အိႏၵိယ အပါအ၀င္ ႏုိင္ငံေတာ္ေတာ္မ်ားမ်ားမွာ ေရာင္းအား တိုးတက္ေနပါတယ္။ Counterpoint Research ရဲ႕ စစ္တမ္း အသစ္အရ Xiaomi ဟာ အိႏၵိယ အြန္လိုင္း စမတ္ဖုန္းေစ်းကြက္မွာ သရဖူေဆာင္းထားၿပီး ေစ်းကြက္ေ၀စု ၃၈ ရာခိုင္ႏႈန္းေတာင္ ရထားပါတယ္။

Ref : gizmochina

[Unicode]

ဥရောပမှာ Samsung နဲ့ Apple ကို အမှီလိုက်နေတဲ့ Xiaomi

ဈေးကွက် သုတေသန အဖွဲ့အစည်း Canalys က ဒီနှစ် ကွာတား ၃(ဇူလိုင်လကနေ စက်တင်ဘာလ) အတွင်း ဥရောပ စမတ်ဖုန်း ရောင်းအား စစ်တမ်းကို မျှဝေလိုက်ပါတယ်။ တောင်ကိုရီးယားရဲ့ အီလက်ထရောနစ် ဘီလူးကြီး Samsung က ရောင်းအား အကောင်းဆုံး ဖြစ်ပြီး ဈေးကွက်ဝေစု ၃၅.၇ ရာခိုင်နှုန်း ရထားပါတယ်။ နံပါတ် ၂ နေရာကို Huawei က ၂၂.၂ ရာခိုင်နှုန်း၊ နံပါတ် ၃ နေရာကို Apple က ၁၈.၆ ရာခိုင်နှုန်းနဲ့ သိမ်းပိုက်ထားပါတယ်။ လူငယ်ခြေတက် Xiaomi က ၁၀.၅ ရာခိုင်နှုန်းရထားပြီး နံပါတ် ၄ နေရာကနေ အမှီလိုက်နေပါတယ်။

အခုတော့ Xiaomi ရဲ့ အရာရှိ ၁ ယောက် ဖြစ်တဲ့ Lu Weibing က ဥရောပဈေးကွက်မှာ Samsung နဲ့ Apple တို့လို ဒိတ်ဒိတ်ကြဲ ကုမ္ပဏီတွေကို ကျော်တက်ဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။ အရင်နှစ် ကွာတား ၃ ထက် ဒီနှစ်မှာ ၇၃ ရာခိုင်နှုန်း ပိုရောင်းအားကောင်းခဲ့ပြီး စမတ်ဖုန်း အလုံးရေ ၅.၅ သန်း ရောင်းချနိုင်ခဲ့ပါတယ်။

Samsung က အလုံးရေ ၁၈.၇ သန်း၊ Huawei က ၁၁.၆ သန်းနဲ့ Apple က ၉.၈ သန်းကို ဒီနှစ် ကွာတား ၃ မှာ ရောင်းချနိုင်ခဲ့ပါတယ်။ Nokia ဖုန်းတွေကို ရောင်းချနေတဲ့ HMD Global က ဈေးကွက်ဝေစု ၁.၈ ရာခိုင်နှုန်းနဲ့ နံပါတ် ၅ နေရာမှာ ရပ်တည်နေပြီး အလုံးရေ ၉ သိန်းကျော် ရောင်းချထားပါတယ်။

Xiaomi ဟာ အိန္ဒိယ အပါအဝင် နိုင်ငံတော်တော်များများမှာ ရောင်းအား တိုးတက်နေပါတယ်။ Counterpoint Research ရဲ့ စစ်တမ်း အသစ်အရ Xiaomi ဟာ အိန္ဒိယ အွန်လိုင်း စမတ်ဖုန်းဈေးကွက်မှာ သရဖူဆောင်းထားပြီး ဈေးကွက်ဝေစု ၃၈ ရာခိုင်နှုန်းတောင် ရထားပါတယ်။

Ref : gizmochina