[Zawgyi]

Xiaomi အေနနဲ႔ Oclean X အမည္ရွိ စမတ္သြားတိုက္တံကို မိတ္ဆက္လိုက္ပါတယ္။ Oclean ဆိုတာ Redmi လိုမ်ိဴး Xiaomi က ပိုင္ဆိုင္တဲ့ ကုမၸဏီခြဲတစ္ခု ျဖစ္ပါတယ္။ Oclean X စမတ္သြားတိုက္တံမွာ ဘဲဥပုံသ႑ာန္ ေရာင္စုံ Touch-screen Display တစ္ခုပါရွိၿပီး၊ အဆိုပါ Display ကေန တစ္ဆင့္ အခ်ိန္နဲ႔ ရာသီဥတုေတြကို စစ္ေဆးၾကည့္ရႈႏိုင္သလို သြားတိုက္စနစ္ေတြကိုလည္း ေ႐ြးခ်ယ္ႏိုင္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ သြားက်န္းမာေရး အခ်က္အလက္ေတြကိုလည္း စစ္ေဆးႏိုင္ဦးမယ္လို႔ ဆိုပါတယ္။

Oclean X စမတ္သြားတိုက္တံမွာ Bluetooth 4.0 ေထာက္ပံ့ေပးထားတဲ့အတြက္ စမတ္ဖုန္းေတြနဲ႔လည္း ခ်ိတ္ဆက္အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။ Android 4.4 ဒါမွမဟုတ္ iOS 8.0 နဲ႔အထက္ Operating System ကို ထည့္သြင္းေမာင္းႏွင္ထားတဲ့ စမတ္ဖုန္းေတြနဲ႔ အဆင္ေျပေျပ ခ်ိတ္ဆက္အသုံးျပဳႏိုင္မယ္လို႔ သိရပါတယ္။ ဒါ့ေၾကာင့္ စမတ္သြားတိုက္တံထဲက အခ်က္အလက္ေတြကို Oclean Mobile Application နဲ႔ ခ်ိတ္ဆက္ၿပီး စမတ္ဖုန္းေပၚမွာ ၾကည့္ရႈႏိုင္ပါတယ္။

Oclean X ကို ဇြန္လ ၆ရက္ေန႔ကေန ဇြန္လ ၂၀ရက္ေန႔အထိ တ႐ုတ္ေငြ ၂၄၉ ယြမ္ ( ျမန္မာေငြ ၅ေသာင္းခြဲ ဝန္းက်င္ ) နဲ႔ ေစ်းေလွ်ာ့ၿပီး ေရာင္းခ်ေနတယ္လို႔ သိရပါတယ္။ အဲ့ဒီေနာက္မွာေတာ့ တ႐ုတ္ေငြ ၂၉၉ ယြမ္ ( ျမန္မာေငြ ၆ေသာင္းခြဲ ဝန္းက်င္နဲ႔ ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။

Ref : Gizmochina

[Unicode]

၆သောင်းခွဲ တန်ကြေးရှိ စမတ်သွားတိုက်တံကို မိတ်ဆက်လိုက်တဲ့ Xiaomi (Oclean)

Xiaomi အနေနဲ့ Oclean X အမည်ရှိ စမတ်သွားတိုက်တံကို မိတ်ဆက်လိုက်ပါတယ်။ Oclean ဆိုတာ Redmi လိုမျိူး Xiaomi က ပိုင်ဆိုင်တဲ့ ကုမ္ပဏီခွဲတစ်ခု ဖြစ်ပါတယ်။ Oclean X စမတ်သွားတိုက်တံမှာ ဘဲဥပုံသဏ္ဍာန် ရောင်စုံ Touch-screen Display တစ်ခုပါရှိပြီး၊ အဆိုပါ Display ကနေ တစ်ဆင့် အချိန်နဲ့ ရာသီဥတုတွေကို စစ်ဆေးကြည့်ရှုနိုင်သလို သွားတိုက်စနစ်တွေကိုလည်း ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သွားကျန်းမာရေး အချက်အလက်တွေကိုလည်း စစ်ဆေးနိုင်ဦးမယ်လို့ ဆိုပါတယ်။

Oclean X စမတ်သွားတိုက်တံမှာ Bluetooth 4.0 ထောက်ပံ့ပေးထားတဲ့အတွက် စမတ်ဖုန်းတွေနဲ့လည်း ချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Android 4.4 ဒါမှမဟုတ် iOS 8.0 နဲ့အထက် Operating System ကို ထည့်သွင်းမောင်းနှင်ထားတဲ့ စမတ်ဖုန်းတွေနဲ့ အဆင်ပြေပြေ ချိတ်ဆက်အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ ဒါ့ကြောင့် စမတ်သွားတိုက်တံထဲက အချက်အလက်တွေကို Oclean Mobile Application နဲ့ ချိတ်ဆက်ပြီး စမတ်ဖုန်းပေါ်မှာ ကြည့်ရှုနိုင်ပါတယ်။

Oclean X ကို ဇွန်လ ၆ရက်နေ့ကနေ ဇွန်လ ၂၀ရက်နေ့အထိ တရုတ်ငွေ ၂၄၉ ယွမ် ( မြန်မာငွေ ၅သောင်းခွဲ ဝန်းကျင် ) နဲ့ စျေးလျှော့ပြီး ရောင်းချနေတယ်လို့ သိရပါတယ်။ အဲ့ဒီနောက်မှာတော့ တရုတ်ငွေ ၂၉၉ ယွမ် ( မြန်မာငွေ ၆သောင်းခွဲ ဝန်းကျင်နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။

Ref : Gizmochina