Xiaomi ကနေ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက Mi Mix Alpha Concept စမတ်ဖုန်းကို မိတ်ဆက်ထားခဲ့ပါတယ်။ အဆိုပါ Mi Mix Alpha က Concept ဖုန်းတစ်လုံးဖြစ်နေတဲ့အတွက် တရားဝင်အမြောက်အများရောင်းချနေတဲ့ဖုန်းတစ်လုံးတော့မဟုတ်ပြန်ပါဘူး။

အဲ့ဒီအတွက် Xiaomi အနေနဲ့ ၂၀၁၈ ခုနှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Mi Mix 3 နောက်ပိုင်းမှာ ထပ်မံထုတ်လုပ်ရောင်းချတဲ့ Mi Mix ဖုန်းမရှိဘူးလို့တောင် ပြောလို့ရပါတယ်။ ဒါပေမယ့်လည်း မကြာခင်မှာ Xiaomi ကနေ Mi Mix စမတ်ဖုန်းအသစ်ကို မိတ်ဆက်လာတော့မယ်လို့ ယူဆရပါတယ်။

ဘာကြောင့်လည်းဆိုရင် XIaomi ကနေ MIX Weibo နာမည်နဲ့ Weibo Account အသစ်ကို ဖွင့်လှစ်ခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Xiaomi ကနေ Mi Mix 4 အပြင် Mi Mix 4 Pro စမတ်ဖုန်းတွေကို လာမယ့် ၂၀၂၀ နှစ်ကုန်ပိုင်းမှာ မိတ်ဆက်သွားနိုင်ပါတယ်။

လောလောဆယ်မှာထွက်ပေါ်နေတဲ့သတင်းတွေအရတော့ Xiaomi Mi Mix 4 Series စမတ်ဖုန်းတွေဟာ Snapdragon 865 Processor ကိုပဲ အသုံးပြုလာမှာဖြစ်ပေမယ့် 120Hz Refresh Rate ပါဝင်တဲ့ Quad HD+ OLED Display အပြင် Under-display Camera ကိုပါ အသုံးပြုလာဖို့များနေတယ်လို့ သိရပါတယ်။

Ref – Gizmo China