Unicode

Xiaomi ကနေ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက India နိုင်ငံမှာ Mi Store ပေါင်း ၅၀၀ ကျော်ကို တစ်ချိန်ထဲမှာ ဖွင့်လှစ်ပြီး ဂင်းနစ်စံချိန်ကို ရရှိခဲ့တာဖြစ်ပါတယ်။ အခုလည်း အဆိုပါ အလားတူ Mi Store တွေ ဖွင့်လှစ်မှုကို တရုတ်နိုင်ငံမှာ ပြုလုပ်ခဲ့ပြန်ပါတယ်။

အခုတစ်ကြိမ်မှာတော့ တရုတ်နိုင်ငံမှာ Offline Mi Store ပေါင်း ၁၀၀ ကျော်ကို တပြိုင်နက်ထဲဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုး Retail Store တွေကို ပိုပြီးဖွင့်လှစ်ဖို့က Xiaomi China ရဲ့ President နေရာကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့ကမှ ရယူထားခဲ့တဲ့ Lu Weibing ရဲ့ အစီအစဥ်လည်းဖြစ်ပါတယ်။

Xiaomi အနေနဲ့ ပြီးခဲ့တဲ့နှစ်တွေတုန်းက Online Sale တွေကိုပဲ အဓိကထားပြီးရောင်းချခဲ့တာဖြစ်ပေမယ့် နောက်ပိုင်းမှာ Redmi Series ဖုန်းတွေက ရောင်းအားသိသိသာသာကောင်းလာတဲ့နောက်ပိုင်းမှာ Offline Sale တွေကိုပါ ပြောင်းလဲအာရုံစိုက်လာခဲ့တာဖြစ်ပါတယ်။

ဒီတစ်ချိန်ထဲမှာ ဖွင့်လှစ်ခဲ့တဲ့ Mi Store ၁၀၀ ကျော်မှာ ၈၀ ရာခိုင်နှုန်းကျော်က Third Party Vendor တွေပိုင်ဆိုင်တာဖြစ်တယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် Xiaomi ဟာ ပထမဆုံး Mi Store ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့ ၂၀၁၅ မှာဖွင့်လှစ်ခဲ့တာ အခုဆိုရင် Offline Store ပေါင်း ၆၀၀၀ ကျော်ရှိသွားပြီဖြစ်ပါတယ်။

Ref – Gizmo China

Zawgyi

Xiaomi ကေန ၿပီးခဲ့တဲ့ ႏိုဝင္ဘာလတုန္းက India ႏိုင္ငံမွာ Mi Store ေပါင္း ၅၀၀ ေက်ာ္ကို တစ္ခ်ိန္ထဲမွာ ဖြင့္လွစ္ၿပီး ဂင္းနစ္စံခ်ိန္ကို ရရွိခဲ့တာျဖစ္ပါတယ္။ အခုလည္း အဆိုပါ အလားတူ Mi Store ေတြ ဖြင့္လွစ္မႈကို တ႐ုတ္ႏိုင္ငံမွာ ျပဳလုပ္ခဲ့ျပန္ပါတယ္။

အခုတစ္ႀကိမ္မွာေတာ့ တ႐ုတ္ႏိုင္ငံမွာ Offline Mi Store ေပါင္း ၁၀၀ ေက်ာ္ကို တၿပိဳင္နက္ထဲဖြင့္လွစ္ခဲ့တာျဖစ္ပါတယ္။ ဒီလိုမ်ိဳး Retail Store ေတြကို ပိုၿပီးဖြင့္လွစ္ဖို႔က Xiaomi China ရဲ႕ President ေနရာကို ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ ၂၉ ရက္ေန႔ကမွ ရယူထားခဲ့တဲ့ Lu Weibing ရဲ႕ အစီအစဥ္လည္းျဖစ္ပါတယ္။

Xiaomi အေနနဲ႔ ၿပီးခဲ့တဲ့ႏွစ္ေတြတုန္းက Online Sale ေတြကိုပဲ အဓိကထားၿပီးေရာင္းခ်ခဲ့တာျဖစ္ေပမယ့္ ေနာက္ပိုင္းမွာ Redmi Series ဖုန္းေတြက ေရာင္းအားသိသိသာသာေကာင္းလာတဲ့ေနာက္ပိုင္းမွာ Offline Sale ေတြကိုပါ ေျပာင္းလဲအာ႐ုံစိုက္လာခဲ့တာျဖစ္ပါတယ္။

ဒီတစ္ခ်ိန္ထဲမွာ ဖြင့္လွစ္ခဲ့တဲ့ Mi Store ၁၀၀ ေက်ာ္မွာ ၈၀ ရာခိုင္ႏႈန္းေက်ာ္က Third Party Vendor ေတြပိုင္ဆိုင္တာျဖစ္တယ္လို႔ သိရပါတယ္။ ဘာပဲျဖစ္ျဖစ္ Xiaomi ဟာ ပထမဆုံး Mi Store ကို ၿပီးခဲ့တဲ့ စက္တင္ဘာလ ၁၂ ရက္ေန႔ ၂၀၁၅ မွာဖြင့္လွစ္ခဲ့တာ အခုဆိုရင္ Offline Store ေပါင္း ၆၀၀၀ ေက်ာ္ရွိသြားၿပီျဖစ္ပါတယ္။

Ref – Gizmo China