Xiaomi ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် သြဂုတ်လတုန်းက Xiaomi Pad 5 Series ကို မိတ်ဆက်ပြီး Tablet စျေးကွက်ကို ပြန်လည်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာဆိုရင်လည်း အဆိုပါ Xiaomi Pad 5 Tablet တွေဟာ Android Tablet စျေးကွက်မှာ နာမည်တစ်ခုရရှိနေပြီလို့တောင် ပြောနိုင်ပါတယ်။

Xiaomi Pad 5 Series ထဲက Pro မဟုတ်တဲ့ Xiaomi Pad 5 ဟာဆိုရင် တရုတ်နိုင်ငံစျေးကွက်အပြင် နိုင်ငံတကာစျေးကွက်မှာပါ ရောင်းချခဲ့တာဖြစ်ပါတယ်။ အခုလည်း Xiaomi ကနေ အဆိုပါ Xiaomi Pad 5 အတွက် ထွက်ရှိပြီး ၁ နှစ်ကျော်အကြာမှာ Android 12 OS Update ကို Global Version အတွက် ထုတ်ပေးလိုက်ပြီလို့ သိရပါတယ်။

Xiaomi Pad 5 Series ဟာ စတင်မိတ်ဆက်ခဲ့တဲ့အချိန်တုန်းက Android 11 ကို အခြေခံထားတဲ့ MIUI 12.5 နဲ့ မိတ်ဆက်ခဲ့တာဖြစ်ပြီး နောက်ပိုင်း India စျေးကွက်ကို မိတ်မဆက်ခင်မှာ MIUI 13 ကို Update ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပါတ်ပိုင်းတုန်းက Xiaomi Pad 5 Series ဟာ တရုတ်နိုင်ငံအတွင်းမှာ Android 12 Update ကို စတင်ရရှိခဲ့ပြီး အခုမှ Global Version အနေနဲ့ ထွက်ရှိလာမတာဖြစ်ပါတယ်။

အခုလိုမျိုး Software Update ထုတ်ပေးတာက Xiaomi Pad 5 အသုံးပြုသူတွေအတွက်တော့ သတင်းကောင်းတစ်ခုဖြစ်ပေမယ့် လက်ရှိအချိန်မှာ Google ကနေ Android 13 ကို Stable အနေနဲ့ မိတ်ဆက်ထားပြီးဖြစ်တာကြောင့် အချိန်နောက်ကျနေတယ်လို့ တောင် ပြောနိုင်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Google ကနေ Android Tablet နဲ့ Foldable ဖုန်းတွေအတွက် အဓိကရည်ရွယ်တဲ့ Android 12L လိုမျိုး Update ကို မရရှိတဲ့အတွက် Tablet အတွက် သီးသန့် Feature တွေတော့ ပါဝင်ဦးမှာမဟုတ်ပါဘူး။

Ref – Gizmo China