Xiaomi Pad 6 နဲ့ Pad 6 Pro ကို ဒီလ ၁၈ ရက်နေ့မှာ Xiaomi 13 Ultra စမတ်ဖုန်းနဲ့အတူ ကြေညာတော့မှာ ဖြစ်ပါတယ်။

Xiaomi Pad 6 series' chipsets and design

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အဲဒီ တက်ဘလက်တွေရဲ့ သတင်းအချက်အလက်တွေကို သိခဲ့ရပြီး အခုတော့ Battery နဲ့ အားသွင်းနှုန်းကို သိလာရပါပြီ။ တရုတ်က ဝီဘိုမှ Tipster တွေက Pad 6 Pro မှာ 8,600mAh Battery နဲ့ 67W Wired Charging ၊ Pad 6 မှာ 8,840mAh Battery နဲ့ 33W Charging ပါလာမယ်လို့ ပြောပါတယ်။

Xiaomi Pad 6 series' chipsets and design

Xiaomi က Pad 6 မှာ Snapdragon 870 SoC နဲ့ Pad 6 Pro မှာ Snapdragon 8+ Gen 1 SoC မောင်းနှင်ထားမယ်လို့ အတည်ပြုထားပါတယ်။ Pad 6 မှာ 11” 120Hz LCD မျက်နှာပြင်နဲ့ Pro မှာ AMOLED မျက်နှာပြင် တပ်ဆင်ထားမှာပါ။ Pro ရဲ့ အနောက်ဘက်မှာ 50MP Main ကင်မရာ ပါလာမှာဖြစ်ပြီး 12GB RAM နဲ့ 512GB Storage ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

အရင်က ပေါက်ကြားသတင်းအရ Pad 6 Pro ကို တရုတ်မှာပဲ ရောင်းချနိုင်ပြီး Pad 6 ကို အိန္ဒိယ အပါအဝင် နိုင်ငံတကာမှာ ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gsmarena