Xiaomi ဟာ အခုနောက်ပိုင်းမှာ စမတ်ဖုန်းဝယ်ယူသူတွေအတွက် ထူးခြားတဲ့ Promotion တွေကို စတင်ပေးနေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း Xiaomi India ကနေ ဖုန်းဝယ်ယူသူတွေအတွက် Google နဲ့ ပူးပေါင်းပြီး YouTube Premium ကို အခမဲ့ပေးခဲ့ပါသေးတယ်။

အခုလည်း Xiaomi Turkey ကနေ ထူးခြားတဲ့ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ ဒါကတော့ Redmi Note 11 Series ဝယ်ယူသူတွေအတွက် MacDonald’s က ဘာဂါအခမဲ့ကျွေးနေတာပဲဖြစ်ပါတယ်။

Xiaomi Turkey ကိုယ်တိုင်ကနေ အခု Promotion ကို Instagram Page မှာပါ ကြော်ငြာနေတာဖြစ်ပြီး Promotion ပြီးဆုံးမယ့်အချိန်ကိုတော့ ပြောကြားထားခြင်းမရှိသေးပါဘူး။ တခြားသော Region တွေမှာပါ အလားတူ Promotion တွေရှိလာနိုင်မလားဆိုတာကိုလည်း Xiaomi ဘက်ကနေ အတည်ပြုပြောကြားထားခြင်းမရှိပါဘူး။

ဘာပဲဖြစ်ဖြစ် Turkey နိုင်ငံမှာ နေထိုင်သူတွေအနေနဲ့ Xiaomi Redmi Note 11 Series ဖုန်းကို ဝယ်ယူမယ်ဆိုရင် McDonald’s Coupon ကို ရယူနိုင်မှာဖြစ်ပါတယ်။ အဆိုပါ Coupon တွေကို အသုံးပြုပြီး McChicken Burger ၂ ခုနဲ့ Ice Scream Sundae ကို လဲလှယ်စားသုံးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Ref – Gizmo China