[Zawgyi]

ဒီလိုပုံမ်ဳိးကို ၾကည့္မိတာနဲ႔ April Fool လုပ္ခံရတာလားလို႔ ထင္စရာပါပဲ။ ဒါေပမယ့္ ပုိၿပီးရယ္ရတာက အခုျမင္ရတဲ့ Display ေအာက္ေျခမွာ Notch တစ္ခုနဲ႔ ဒီဇုိင္းကို Xiaomi က ကမာၻ႕ဥာဏပစၥည္းမူပုိင္ခြင့္အဖြဲ႕အစည္း (WIPO) မွာ တကယ္ပဲ ေလွ်ာက္ထားခဲ့တာျဖစ္ပါတယ္။ ဒါတင္မကေသးပါဘူး။ ဆယ္ဖီကင္မရာႏွစ္လုံးကို ဖုန္းရဲ႕ေအာက္ေျခေထာင့္ေတြမွာ တစ္လုံးစီထားထားတဲ့ ခြတီးခြက် ပုံစံကိုလည္း ေလွ်ာက္ထားခဲ့တာကို LetsGoDigital မွတဆင့္ Render ပုံရိပ္ေတြကို ျမင္ေတြ႕ရမွာပါ။

WIPO ရဲ႕ Database ထဲမွာ ဒီလိုင္စင္ေလွ်ာက္ထားမႈကို ၂၀၁၈ ခုႏွစ္ ေမလထဲက ျပဳလုပ္ခဲ့တာလို႔ ျမင္ေတြ႕ရတဲ့အတြက္ ဒါဟာ တကယ္အစစ္အမွန္လို႔ ယူဆရပါတယ္။ သူ႕ရဲ႕ဒီဇုိင္းမွာ ေရွ႕ဘက္မွာ Bezel မပါတဲ့ Panel နဲ႔ေနာက္ဘက္က Dual-camera တုိ႔ကိုပါ ျမင္ေတြ႕ရမွာပါ။

ေနာက္ထပ္ထူးျခားတဲ့ ပုံရိပ္တစ္ခုကေတာ့ Xiaomi ကတင္ထားတဲ့ အျခား မူပုိင္ခြင့္ဒီဇုိင္းတစ္ခုမွာ ကင္မရာႏွစ္လုံးကို မ်က္ႏွာျပင္ရဲ႕ေအာက္ေထာင့္တစ္ဖက္စီမွာ ထားရွိတဲ့ဒီဇုိင္းပါပဲ။ သူတုိ႔ရဲ႕ကြာျခားခ်က္ကို ေသခ်ာၾကည့္မွ ကြဲျပားမွန္းသိႏုိင္မွာပါ။

နည္းပညာကုမၸဏီေတြဟာ ထူးထူးဆန္းဆန္းအၾကံအစည္ေတြရတုိင္း တျခားလူက ဦးမသြားရေအာင္ သူတုိ႔ရဲ႕ အုိင္ဒီယာေတြကို မွတ္ပုံတင္ထားၾကေလ့ရွိပါတယ္။ ဒါေပမယ့္ မူပိုင္ခြင့္ရထားတဲ့ ပုံတုိင္းကေတာ့ ေစ်းကြက္ထဲကို ေရာက္မလာတတ္ပါဘူး။

Ref – GSM Arena

[Unicode]

ဒီလိုပုံမျိုးကို ကြည့်မိတာနဲ့ April Fool လုပ်ခံရတာလားလို့ ထင်စရာပါပဲ။ ဒါပေမယ့် ပိုပြီးရယ်ရတာက အခုမြင်ရတဲ့ Display အောက်ခြေမှာ Notch တစ်ခုနဲ့ ဒီဇိုင်းကို Xiaomi က ကမ္ဘာ့ဉာဏပစ္စည်းမူပိုင်ခွင့်အဖွဲ့အစည်း (WIPO) မှာ တကယ်ပဲ လျှောက်ထားခဲ့တာဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ ဆယ်ဖီကင်မရာနှစ်လုံးကို ဖုန်းရဲ့အောက်ခြေထောင့်တွေမှာ တစ်လုံးစီထားထားတဲ့ ခွတီးခွကျ ပုံစံကိုလည်း လျှောက်ထားခဲ့တာကို LetsGoDigital မှတဆင့် Render ပုံရိပ်တွေကို မြင်တွေ့ရမှာပါ။

WIPO ရဲ့ Database ထဲမှာ ဒီလိုင်စင်လျှောက်ထားမှုကို ၂၀၁၈ ခုနှစ် မေလထဲက ပြုလုပ်ခဲ့တာလို့ မြင်တွေ့ရတဲ့အတွက် ဒါဟာ တကယ်အစစ်အမှန်လို့ ယူဆရပါတယ်။ သူ့ရဲ့ဒီဇိုင်းမှာ ရှေ့ဘက်မှာ Bezel မပါတဲ့ Panel နဲ့နောက်ဘက်က Dual-camera တို့ကိုပါ မြင်တွေ့ရမှာပါ။

နောက်ထပ်ထူးခြားတဲ့ ပုံရိပ်တစ်ခုကတော့ Xiaomi ကတင်ထားတဲ့ အခြား မူပိုင်ခွင့်ဒီဇိုင်းတစ်ခုမှာ ကင်မရာနှစ်လုံးကို မျက်နှာပြင်ရဲ့အောက်ထောင့်တစ်ဖက်စီမှာ ထားရှိတဲ့ဒီဇိုင်းပါပဲ။ သူတို့ရဲ့ကွာခြားချက်ကို သေချာကြည့်မှ ကွဲပြားမှန်းသိနိုင်မှာပါ။

နည်းပညာကုမ္ပဏီတွေဟာ ထူးထူးဆန်းဆန်းအကြံအစည်တွေရတိုင်း တခြားလူက ဦးမသွားရအောင် သူတို့ရဲ့ အိုင်ဒီယာတွေကို မှတ်ပုံတင်ထားကြလေ့ရှိပါတယ်။ ဒါပေမယ့် မူပိုင်ခွင့်ရထားတဲ့ ပုံတိုင်းကတော့ ဈေးကွက်ထဲကို ရောက်မလာတတ်ပါဘူး။

Ref – GSM Arena