[Zawgyi]

ေခတ္သစ္စမတ္ဖုန္းေရစီးေၾကာင္းမွာ ေက်ာဘက္ကင္မရာအေရအတြက္ မ်ားမ်ားတပ္ဆင္လာျခင္းက အေတာ္ေလးအရွိန္ရေနၿပီလို႔ ဆိုႏိုင္ပါတယ္။ အထူးသျဖင့္ ၂၀၁၉ ဒုတိယႏွစ္ဝက္မွာထုတ္တဲ့ Flagship ဖုန္းအေတာ္မ်ားမ်ားဟာ ေက်ာဘက္ကင္မရာကို အနည္းဆုံး သုံးလုံးေတာ့ ထည့္သြင္းလာၾကလို႔ပဲ ျဖစ္ပါတယ္။

ေက်ာဘက္ကင္မရာအေရအတြက္ မ်ားမ်ားထည့္သြင္းလာတဲ့အမွတ္တံဆိပ္ေတြကို တ႐ုတ္အေျခစိုက္ ကုမၸဏီေတြက အမ်ားဆုံးဦးေဆာင္ေနတယ္လို႔ ဆိုရပါလိမ့္မယ္။ အခုတစ္ခါ အေရွ႕ဘက္ Selfie ကင္မရာအေရအတြက္ကိုလည္း တိုးျမႇင့္လာဖို႔ ႀကိဳးစားေနၾကျပန္ၿပီ ျဖစ္ပါတယ္။

Xiaomi ဟာ သူ႔ရဲ႕ စမတ္ဖုန္းေတြမွာ Selfie ကင္မရာ ႏွစ္လုံးထည့္သြင္းႏိုင္ဖို႔ ဒီဇိုင္းတစ္ခု ေရးဆြဲထားပါတယ္။ ဒီဇိုင္းအရ Selfie ကင္မရာႏွစ္လုံးဟာ ဖုန္းမ်က္ႏွာျပင္ရဲ႕ အေပၚဘက္ထိပ္ တစ္ဖက္တစ္ခ်က္စီမွာ ရွိေနတဲ့ပုံကိုေတြ႕ျမင္ရပါတယ္။ ဒီဇိုင္းအရ မ်က္ႏွာျပင္ဟာ ကင္မရာတပ္ထားတဲ့ ထိပ္စြန္းႏွစ္ဖက္ကို အနည္းငယ္ Cut-out လုပ္ထားရမယ့္ပုံျဖစ္ပါတယ္။

လက္ရွိေတြ႕ျမင္ရတာက မူပိုင္ခြင့္တင္ထားတဲ့ ဒီဇိုင္းပဲျဖစ္တာေၾကာင့္ ဒီဟန္းဆက္ဟာ Mid-range အေနနဲ႔လား၊ ဒါမွမဟုတ္ Low-end အေနနဲ႔ထြက္လာမွာလားဆိုတာကိုေတာ့ မသိႏိုင္ေသးပါဘူး။ ဒီဇိုင္းအရ ေက်ာဘက္မွာ ကင္မရာႏွစ္လုံးတပ္ဆင္ထားသလို Fingerprint scanner အတြက္လည္း ေနရာျပဳလုပ္ထားတာကို ေတြ႕ရပါတယ္။

မူပိုင္ခြင့္ပုံေတြမွာ ကင္မရာထားပုံကတူညီၾကေပမယ့္ ဟန္းဆက္ရဲ႕ ဒီဇိုင္းကေတာ့ တူညီမႈမရွိၾကတာကိုေတြ႕ရပါတယ္။ ဒါ့အျပင္ ဒီဇိုင္းပိုင္းအရ ဒါဟာ Mid-range ဒါမွမဟုတ္ Low-end အတြက္ ျဖစ္မယ္လို႔လည္း ေကာက္ခ်က္ခ်ႏိုင္ပါတယ္။ ဒါေၾကာင့္ ဒီဇိုင္းမူပိုင္ခြင့္ကေန ေနာက္ထပ္တစ္ဆင့္ တက္လာမွာကို ေစာင့္ေမွ်ာ္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

မျက်နှာပြင်ထိပ် တစ်ဖက်တစ်ချက်စီမှာ Selfie ကင်မရာတစ်လုံးစီတပ်ဆင်မယ့် ဒီဇိုင်းကို မူပိုင်ခွင့်တင်လိုက်တဲ့ Xiaomi

ခေတ်သစ်စမတ်ဖုန်းရေစီးကြောင်းမှာ ကျောဘက်ကင်မရာအရေအတွက် များများတပ်ဆင်လာခြင်းက အတော်လေးအရှိန်ရနေပြီလို့ ဆိုနိုင်ပါတယ်။ အထူးသဖြင့် ၂၀၁၉ ဒုတိယနှစ်ဝက်မှာထုတ်တဲ့ Flagship ဖုန်းအတော်များများဟာ ကျောဘက်ကင်မရာကို အနည်းဆုံး သုံးလုံးတော့ ထည့်သွင်းလာကြလို့ပဲ ဖြစ်ပါတယ်။

ကျောဘက်ကင်မရာအရေအတွက် များများထည့်သွင်းလာတဲ့အမှတ်တံဆိပ်တွေကို တရုတ်အခြေစိုက် ကုမ္ပဏီတွေက အများဆုံးဦးဆောင်နေတယ်လို့ ဆိုရပါလိမ့်မယ်။ အခုတစ်ခါ အရှေ့ဘက် Selfie ကင်မရာအရေအတွက်ကိုလည်း တိုးမြှင့်လာဖို့ ကြိုးစားနေကြပြန်ပြီ ဖြစ်ပါတယ်။

Xiaomi ဟာ သူ့ရဲ့ စမတ်ဖုန်းတွေမှာ Selfie ကင်မရာ နှစ်လုံးထည့်သွင်းနိုင်ဖို့ ဒီဇိုင်းတစ်ခု ရေးဆွဲထားပါတယ်။ ဒီဇိုင်းအရ Selfie ကင်မရာနှစ်လုံးဟာ ဖုန်းမျက်နှာပြင်ရဲ့ အပေါ်ဘက်ထိပ် တစ်ဘက်တစ်ချက်စီမှာ ရှိနေတဲ့ပုံကိုတွေ့မြင်ရပါတယ်။ ဒီဇိုင်းအရ မျက်နှာပြင်ဟာ ကင်မရာတပ်ထားတဲ့ ထိပ်စွန်းနှစ်ဘက်ကို အနည်းငယ် Cut-out လုပ်ထားရမယ့်ပုံဖြစ်ပါတယ်။

လက်ရှိတွေ့မြင်ရတာက မူပိုင်ခွင့်တင်ထားတဲ့ ဒီဇိုင်းပဲဖြစ်တာကြောင့် ဒီဟန်းဆက်ဟာ Mid-range အနေနဲ့လား၊ ဒါမှမဟုတ် Low-end အနေနဲ့ထွက်လာမှာလားဆိုတာကိုတော့ မသိနိုင်သေးပါဘူး။ ဒီဇိုင်းအရ ကျောဘက်မှာ ကင်မရာနှစ်လုံးတပ်ဆင်ထားသလို Fingerprint scanner အတွက်လည်း နေရာပြုလုပ်ထားတာကို တွေ့ရပါတယ်။

မူပိုင်ခွင့်ပုံတွေမှာ ကင်မရာထားပုံကတူညီကြပေမယ့် ဟန်းဆက်ရဲ့ ဒီဇိုင်းကတော့ တူညီမှုမရှိကြတာကိုတွေ့ရပါတယ်။ ဒါ့အပြင် ဒီဇိုင်းပိုင်းအရ ဒါဟာ Mid-range ဒါမှမဟုတ် Low-end အတွက် ဖြစ်မယ်လို့လည်း ကောက်ချက်ချနိုင်ပါတယ်။ ဒါကြောင့် ဒီဇိုင်းမူပိုင်ခွင့်ကနေ နောက်ထပ်တစ်ဆင့် တက်လာမှာကို စောင့်မျှော်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref: GSM Arena