Xiaomi ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကတည်းက ခေါက်ချိုးနိုင်တဲ့ Foldable စမတ်ဖုန်းကို Prototype အနေနဲ့ ပြသခဲ့ဖူးပေမယ့် အခုအချိန်အထိ တရားဝင်မိတ်ဆက်နိုင်ခြင်းမရှိသေးပါဘူး။ လက်ရှိအချိန်မှာ Samsung ၊ Huawei နဲ့ Motorola အပါအဝင်တခြားသော စမတ်ဖုန်းကုမ္ပဏီတွေက Foldable စမတ်ဖုန်းတွေကို ဆက်တိုက်ကို ထုတ်လုပ်နေပြီဖြစ်ပါတယ်။

အခုလည်း Xiaomi ကနေ နောက်ထပ် Design အသစ်နဲ့ Foldable စမတ်ဖုန်းကို မူပိုင်ခွင့်ရယူခဲ့ပါတယ်။ ဒီသတင်းကိုတော့ LetsGoDigital ကနေ ဖော်ပြခဲ့တာဖြစ်ပြီး WIPO (World Intellectual Property Office) မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀၂၀ ခုနှစ်တုန်းက ရယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ Xiaomi ရဲ့ Foldable စမတ်ဖုန်းဟာ Samsung ကနေ ထုတ်လုပ်ထားခဲ့တဲ့ First Generation Galaxy Fold နဲ့ ဆင်တူပြီးတော့ ခေါက်ချိုးနိုင်တဲ့ Primary Display အပြင် အပြင်ဘက်မှာပါ Secondary Display အသေးတစ်ခုပါဝင်မှာဖြစ်ပါတယ်။ ဒါပေမယ့် Galaxy Fold နဲ့မတူညီတာကတော့ Selfie Camera ကို Notch နဲ့ Punch-hole ပုံစံအစား Pop-up Selfie Camera ကိုအသုံးပြုထားတာကိုတွေ့ရပါတယ်။

လောလောဆယ်မှာ အခုမူပိုင်ခွင့်ဟာ Xiaomi ကနေ ရယူထားတာဖြစ်ပေမယ့်လည်း တခြားသောအချက်အလက်တွေမသိရသေးတဲ့အပြင် ဘယ်အချိန်မှာ မိတ်ဆက်လာမလဲဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။ ဘာပဲဖြစ်ဖြစ် Xiaomi ကနေ အခုအချိန်မှာ Foldable စမတ်ဖုန်းကို တရားဝင်ရောင်းချထားခြင်းမရှိပေမယ့်လည်း လာမယ့် ၂၀၂၁ ခုနှစ်မှာတော့ Foldable စမတ်ဖုန်းအသစ်ကို မိတ်ဆက်လာမယ်လို့ ယူဆရပါတယ်။

Ref – Gizmo China