[Zawgyi]

Xiaomi ကေတာ့ လုပ္ခ်လိုက္ျပန္ၿပီလို႔ ေျပာရမွာပါပဲ။ Selfie ကင္မရာႏွစ္လုံးကို ဖုန္းရဲ႕ အေရွ႕ဘက္ မ်က္ႏွာျပင္ အေပၚဘက္မွာမထားဘဲ ေအာက္ဘက္မွာ ထားတဲ့ ဒီဇိုင္းကို မူပိုင္ခြင့္တင္ထားတာပါ။ ဒီသတင္းက ဧၿပီလ ၁ ရက္ေန႔မွာ ထြက္ေပၚလာတာပါ။ ဒါေၾကာင့္ စိတ္ခ်ရေအာင္ ေစာင့္ၾကည့္ခဲ့ေပမယ့္ ဧပရယ္ဖူးလ္ မဟုတ္ဘဲ တကယ္ပဲမူပိုင္ခြင့္တင္ထားတာ ျဖစ္ေနပါတယ္။

WIPO (ကမာၻ႔ဉာဏပစၥည္းဆိုင္ရာအဖြဲ႕အစည္း)ဆီမွာ တင္ထားတဲ့ ဒီဇိုင္းပုံစံေတြကေတာ့ ႐ူးခ်င္စရာပါပဲ။ တစ္ပုံမွာက Selfie ကင္မရာႏွစ္လုံးကို ပူးပူးကပ္ကပ္ေတြ႕ရပါတယ္။ ပုံမွန္ထားေနက်ေနရာျဖစ္တဲ့ ဖုန္းရဲ႕အေပၚဘက္ Earpiece ေအာက္နားမွာမဟုတ္ဘဲ ဖုန္းရဲ႕ေအာက္ေျခမ်က္ႏွာျပင္မွာ ရွိေနတာပါ။ Selfie Stick မပါဘဲ ႐ိုက္ရင္ ဖုန္းကို ေျပာင္းျပန္ကိုင္ၿပီး ႐ိုက္ၾကရမယ္ ထင္ပါတယ္။

ေနာက္ထပ္တစ္ပုံက ပိုၿပီး ႐ူးခ်င္စရာ ေကာင္းပါတယ္။ Selfie ကင္မရာႏွစ္လုံးကို အတူတြဲထားတာ မဟုတ္ပါဘူး။ ဖုန္းရဲ႕ ေအာက္ေျခမ်က္ႏွာျပင္ တစ္ဘက္တစ္ခ်က္စီမွာ ကင္မရာ တစ္လုံးစီ ခြဲထားတာပါ။ ဒီလိုမ်ိဳး ကင္မရာႏွစ္လုံးကို တစ္ဘက္စီ ခြဲထားတာက နည္းပညာပိုင္းအရပဲျဖစ္ျဖစ္၊ သုံးစြဲသူအေတြ႕အႀကဳံအရပဲျဖစ္ျဖစ္ ဘယ္လိုထူးျခားသြားမလဲ ဆိုတာကေတာ့ စိတ္ဝင္စားဖို႔ ေကာင္းပါတယ္။ မူပိုင္ခြင့္တင္ထားတဲ့ ပုံၾကမ္းေတြကို LETSGO DIGITAL ပုံေဖာ္ေပးထားတာပါ။

ပုံၾကမ္းႏွစ္ခုစလုံးမွာ အေရွ႕ဘက္ကင္မရာကသာ ပုံမွန္မဟုတ္တဲ့ေနရာမွာ ထားတဲ့ဒီဇိုင္းျဖစ္ၿပီး ေက်ာဘက္ကင္မရာႏွစ္လုံးကေတာ့ ပုံမွန္ေတြ႕ေနက်ေနရာမွာပဲ ေတြ႕ရတာပါ။ မူပိုင္ခြင့္တင္ထားတဲ့ရက္စြဲက ၂၀၁၈ ခုႏွစ္ ေမလ ၂၅ ရက္ေန႔ ျဖစ္ၿပီး WIPO ရဲ႕ အခ်က္အလက္စာရင္းထဲမွာ မွတ္ပုံတင္နံပါတ္၊ သက္ေသခံကုဒ္ေတြနဲ႔ ေတြ႕ရတဲ့အတြက္ ယုံဖို႔ခက္ေပမယ့္ ယုံရပါေတာ့တယ္။ ဒီေတာ့ ဧၿပီလ ၁ ရက္ေန႔က ထြက္ေပၚလာတဲ့ ဒီသတင္းဟာ တကယ့္စမတ္ဖုန္းေပၚမွာ ဘယ္အခ်ိန္ ျမင္ေတြ႕ရမလဲဆိုတာ ေစာင့္ၾကည့္ဖို႔ပဲ လိုပါေတာ့တယ္။

Ref: GSMArena

[Zawgyi]

ဖုန်းရဲ့ အောက်ခြေမှာ Selfie ကင်မရာနှစ်လုံးထားတဲ့ ဒီဇိုင်းကို မူပိုင်ခွင့်တင်ထားတဲ့ Xiaomi

Xiaomi ကတော့ လုပ်ချလိုက်ပြန်ပြီလို့ ပြောရမှာပါပဲ။ Selfie ကင်မရာနှစ်လုံးကို ဖုန်းရဲ့ အရှေ့ဘက် မျက်နှာပြင် အပေါ်ဘက်မှာမထားဘဲ အောက်ဘက်မှာ ထားတဲ့ ဒီဇိုင်းကို မူပိုင်ခွင့်တင်ထားတာပါ။ ဒီသတင်းက ဧပြီလ ၁ ရက်နေ့မှာ ထွက်ပေါ်လာတာပါ။ ဒါကြောင့် စိတ်ချရအောင် စောင့်ကြည့်ခဲ့ပေမယ့် ဧပရယ်ဖူးလ် မဟုတ်ဘဲ တကယ်ပဲမူပိုင်ခွင့်တင်ထားတာ ဖြစ်နေပါတယ်။

WIPO (ကမ္ဘာ့ဉာဏပစ္စည်းဆိုင်ရာအဖွဲ့အစည်း)ဆီမှာ တင်ထားတဲ့ ဒီဇိုင်းပုံစံတွေကတော့ ရူးချင်စရာပါပဲ။ တစ်ပုံမှာက Selfie ကင်မရာနှစ်လုံးကို ပူးပူးကပ်ကပ်တွေ့ရပါတယ်။ ပုံမှန်ထားနေကျနေရာဖြစ်တဲ့ ဖုန်းရဲ့အပေါ်ဘက် Earpiece အောက်နားမှာမဟုတ်ဘဲ ဖုန်းရဲ့အောက်ခြေမျက်နှာပြင်မှာ ရှိနေတာပါ။ Selfie Stick မပါဘဲ ရိုက်ရင် ဖုန်းကို ပြောင်းပြန်ကိုင်ပြီး ရိုက်ကြရမယ် ထင်ပါတယ်။

နောက်ထပ်တစ်ပုံက ပိုပြီး ရူးချင်စရာ ကောင်းပါတယ်။ Selfie ကင်မရာနှစ်လုံးကို အတူတွဲထားတာ မဟုတ်ပါဘူး။ ဖုန်းရဲ့ အောက်ခြေမျက်နှာပြင် တစ်ဘက်တစ်ချက်စီမှာ ကင်မရာ တစ်လုံးစီ ခွဲထားတာပါ။ ဒီလိုမျိုး ကင်မရာနှစ်လုံးကို တစ်ဘက်စီ ခွဲထားတာက နည်းပညာပိုင်းအရပဲဖြစ်ဖြစ်၊ သုံးစွဲသူအတွေ့အကြုံအရပဲဖြစ်ဖြစ် ဘယ်လိုထူးခြားသွားမလဲ ဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ မူပိုင်ခွင့်တင်ထားတဲ့ ပုံကြမ်းတွေကို LETSGO DIGITAL ပုံဖော်ပေးထားတာပါ။

ပုံကြမ်းနှစ်ခုစလုံးမှာ အရှေ့ဘက်ကင်မရာကသာ ပုံမှန်မဟုတ်တဲ့နေရာမှာ ထားတဲ့ဒီဇိုင်းဖြစ်ပြီး ကျောဘက်ကင်မရာနှစ်လုံးကတော့ ပုံမှန်တွေ့နေကျနေရာမှာပဲ တွေ့ရတာပါ။ မူပိုင်ခွင့်တင်ထားတဲ့ရက်စွဲက ၂၀၁၈ ခုနှစ် မေလ ၂၅ ရက်နေ့ ဖြစ်ပြီး WIPO ရဲ့ အချက်အလက်စာရင်းထဲမှာ မှတ်ပုံတင်နံပါတ်၊ သက်သေခံကုဒ်တွေနဲ့ တွေ့ရတဲ့အတွက် ယုံဖို့ခက်ပေမယ့် ယုံရပါတော့တယ်။ ဒီတော့ ဧပြီလ ၁ ရက်နေ့က ထွက်ပေါ်လာတဲ့ ဒီသတင်းဟာ တကယ့်စမတ်ဖုန်းပေါ်မှာ ဘယ်အချိန် မြင်တွေ့ရမလဲဆိုတာ စောင့်ကြည့်ဖို့ပဲ လိုပါတော့တယ်။

Ref: GSMArena