Xiaomi ဟာ ထူးခြားဆန်းသစ်တဲ့ စမတ်ဖုန်း ဒီဇိုင်းတွေကို မှတ်ပုံတင်ထားပါတယ်။ ကုမ္ပဏီ နောက်ဆုံးမှတ်ပုံတင်ထားတဲ့ ဒီဇိုင်းမှာ ထူးခြားဆန်းသစ်တာက ကင်မရာ ဖြစ်ပြီး ဖြုတ်၊ တပ်လို့ရပါတယ်။ WIPO (World Intellectual Property Organization) မှာ မှတ်ပုံတင်ထားတာ ဖြစ်ပြီး Full Screen မျက်နှာပြင် ထည့်သွင်းထားပါတယ်။ အရှေ့ကင်မရာဟာ ဘယ်မှာလဲ ဆိုတာ မေးစရာ ရှိပါတယ်။ Xiaomi က ဖြုတ်၊ တပ်လို့ရတဲ့ အနောက်ကင်မရာကို အရှေ့ ကင်မရာ အဖြစ် အသုံးပြုထားတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။

ကင်မရာ Module မှာ ဆန်ဆာများစွာ ထည့်သွင်းထားနိုင်ပါတယ်။ ဓါတ်ပုံ ၁ ပုံမှာ ကင်မရာတွေ ဖယ်ရှားလိုက်တဲ့ အချိန် Cutout ကို မြင်ရပါတယ်။ ကင်မရာ Module ကို အရှေ့ဘက်မှာ တပ်ဖို့အတွက် Xiaomi ဟာ သံလိုက်ကို အသုံးပြုထားနိုင်ပါတယ်။ ဒီလိုမျိုး ဖြုတ်၊ တပ်နိုင်တဲ့ ကင်မရာ ဒီဇိုင်းကို မှတ်ပုံတင်ထားတာ Xiaomi က ပထမဆုံး မဟုတ်ပါဘူး။ OPPO ဟာ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလမှာ အဲဒီလို ဖြုတ်၊ တပ်နိုင်တဲ့ ကင်မရာ ဒီဇိုင်းကို မှတ်ပုံတင်ခဲ့ပါတယ်။

Xiaomi Detachable Camera patent

Xiaomi Patent မှာ အနောက်ကင်မရာ ဒီဇိုင်း ၂ ခုကို တွေ့ရပြီး ၁ ခုက ဆေးတောင့်ပုံစံ ကင်မရာ ၂ လုံးနဲ့ နောက် ၁ ခုက စက်ဝိုင်းပုံ ကင်မရာ ၄ လုံး ဖြစ်ပါတယ်။

Xiaomi ဟာ Patent များစွာကို မှတ်ပုံတင်ထားပြီး အားလုံးကို တကယ့် ထုတ်ကုန် အဖြစ်  ထုတ်လုပ်ရောင်းချခြင်း မရှိခဲ့ပါဘူး။ အခု Patent ဟာလည်း အိုင်ဒီယာ ၁ ခုအနေနဲ့ အဆုံးသတ်သွားနိုင်ပါတယ်။ Xiaomi ဟာ ဒီနှစ်မှာ Foldable စမတ်ဖုန်းကို ကြေညာမယ်လို့ သတင်းထွက်နေပြီး အဲဒီ ဖုန်းရဲ့ ဓါတ်ပုံတွေ ပေါက်ကြားထွက်ပေါ်နေပါတယ်။

Ref : gizmochina