Xiaomi ကနေ Foldable ဖုန်းကို ပြီးခဲ့တဲ့နှစ်တုန်းက Prototype Device တစ်ခုပဲ ပြသခဲ့ဖူးပြီးတော့ အခုအချိန်အထိ တကယ်စျေးကွက်ထဲမှာ ရောင်းချနိုင်တဲ့ Foldable ဖုန်းကို မိတ်ဆက်နိုင်ခြင်းမရှိသေးပါဘူး။ အဲ့ဒီအစား Foldable ဖုန်း မှုပိုင်ခွင့်တွေပဲ ပုံစံမျိုးစုံနဲ့ မူပိုင်ခွင့်ရယူနေပြီး အခုလည်းနောက်ထပ် ပုံစံအသစ်တစ်မျိုးကို မူပိုင်ခွင့်ရယူလိုက်ပါပြီ။

အဆိုပါ မူပိုင်ခွင့်ကိုတော့ CNIPA ကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတုန်းက လျှောက်ထားခဲ့တာဖြစ်တယ်လို့ သိရပြီးတော့ Design ပိုင်းအနေနဲ့ လက်ရှိမိတ်ဆက်ထားပြီး ရောင်းချနေပြီဖြစ်တဲ့ Huawei Mate X နဲ့ Mate XS လိုမျိုး Foldable ဖုန်းတွေနဲ့ Design ဆင်တူနေပါတယ်။ အဲ့ဒီအတွက် ခေါက်ထားတဲ့အချိန်မှာ ဖုန်းလိုမျိုးအသုံးပြုရမှာဖြစ်ပြီး ဖြန့်လိုက်တဲ့အချိန်မှာတော့ Tablet တစ်လုံးပုံစံဖြစ်သွားမှာပါ။

Xiaomi ရဲ့ ယခု Foldable ဖုန်းဟာ Huawei Mate X လိုမျိုးပဲ Selfie Camera သီးသန့်ပါဝင်မှာမဟုတ်ဘဲ နောက်ဖက်မှာပဲ Camera ၄ ခုကို ထည့်သွင်းထားမယ်လို့ သိရပါတယ်။ Huawei Mate X ဖုန်းအတိုင်းပဲ ခေါက်ထားရာကနေ ဖြန့်လိုက်ဖို့အတွက် ခလုတ်တစ်ခုကိုပါ Camera Setup အောက်ဖက်မှာ ထည့်သွင်းထားဦးမှာပါ။

ဒါပေမယ့် Foldable ဖုန်းတွေမှာ အရေးကြီးတဲ့ Hinge Design ကိုတော့ Huawei Mate X ဖုန်းတွေနဲ့ သိပ်မတူညီတဲ့ပုံစံပြုလုပ်ထားတာကိုတွေ့ရပြီးတော့ လက်ရှိအချိန်မှာ မူပိုင်ခွင့်ရယူထားတဲ့အဆင့်မှာပဲရှိနေတဲ့အတွက် Screen Size ဘယ်လောက်ရှိမလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။

ဘာပဲဖြစ်ဖြစ် Xiaomi အနေနဲ့ ယခုနှစ်အတွင်းမှာတော့ Foldable ဖုန်းအသစ်ကို မိတ်ဆက်ရောင်းချလာနိုင်ပါတယ်။

Ref – GSM Arena