Zawgyi

Xiaomi ရဲ႕ Global VP (Vice President) ျဖစ္သူ Manu Kumar Jain က သူတို႔အေနနဲ႔ Mid-range စမတ္ဖုန္း တစ္လုံးကို မၾကာခင္ မိတ္ဆက္ဖို႔ရွိေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ အဆိုပါ စမတ္ဖုန္းရဲ႕ Processor အပိုင္းအတြက္ Qualcomm က မၾကာေသးခင္ကမွ မိတ္ဆက္ထားတဲ့ Snapdragon 675 SoC ကို အသုံးျပဳထားမွာ ျဖစ္ပါတယ္။

Snapdragon 675 SoC က ၿပီးခဲ့တဲ့ ၾသဂုတ္လတုန္းက ထြက္ရွိခဲ့တဲ့ Snapdragon 670 SoC ရဲ႕ မ်ိဴးဆက္သစ္ Processor ျဖစ္ၿပီး Mid-range စမတ္ဖုန္းေတြမွာ အသုံးျပဳႏိုင္ဖို႔အတြက္ ရည္႐ြယ္ ထုတ္လုပ္ထားတာ ျဖစ္ပါတယ္။ Snapdragon 675 ဟာ 11nm Architecture နဲ႔ တည္ေဆာက္ထားတဲ့ SoC ျဖစ္တာေၾကာင့္ 14nm SoC နဲ႔ 16nm SoC ေတြထက္ ဘက္ထရီ အသုံးျပဳမႈ သက္သာမွာ ျဖစ္ပါတယ္။

Snapdragon 675 SoC မွာ Octa-core Kryo 460 CPU နဲ႔ Adreno 612 GPU တို႔ ပါဝင္မွာ ျဖစ္ပါတယ္။ Snapdragon 675 ကို သူရဲ႕ အရင္မ်ိဴးဆက္ SoC ျဖစ္တဲ့ Snapdragon 670 နဲ႔ ယွဥ္ရမယ္ဆိုရင္ Snapdragon 675 က Snapdragon 670 ထက္ Game Launch Time မွာ 30% ၊ Web Browsing မွာ 35% ၊ Music Launch မွာ 20% ၊ Social Media Launch မွာ 15% အထိ ပိုမိုျမန္ဆန္လာမွာ ျဖစ္ပါတယ္။

ေလာေလာဆယ္မွာေတာ့ Xiaomi ဘက္က အဆိုပါ စမတ္ဖုန္းရဲ႕ နာမည္ကို ထုတ္ေဖာ္ေျပာၾကားျခင္း မရွိေသးေပမယ့္ Snapdragon 675 SoC နဲ႔အတူ ပထမဦးဆုံး ပြဲထြက္လာမယ့္ ကုမၸဏီက Xiaomi ျဖစ္လာႏိုင္ပါတယ္။

Ref: gadgets.ndtv

Qualcomm Snapdragon 675 SoC အေၾကာင္းကို အေသးစိတ္ သိရွိလိုပါက ေအာက္ပါ ေဆာင္းပါးမွာ ဖတ္ရႈ႕ႏိုင္ပါတယ္။

 

Unicode

Qualcomm ရဲ့ Processor အသစ်စက်စက်နဲ့ ပွဲထွက်လာမယ့် Xiaomi ဖုန်း တစ်လုံး

Xiaomi ရဲ့ Global VP (Vice President) ဖြစ်သူ Manu Kumar Jain က သူတို့အနေနဲ့ Mid-range စမတ်ဖုန်း တစ်လုံးကို မကြာခင် မိတ်ဆက်ဖို့ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အဆိုပါ စမတ်ဖုန်းရဲ့ Processor အပိုင်းအတွက် Qualcomm က မကြာသေးခင်ကမှ မိတ်ဆက်ထားတဲ့ Snapdragon 675 SoC ကို အသုံးပြုထားမှာ ဖြစ်ပါတယ်။

Snapdragon 675 SoC က ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ထွက်ရှိခဲ့တဲ့ Snapdragon 670 SoC ရဲ့ မျိူးဆက်သစ် Processor ဖြစ်ပြီး Mid-range စမတ်ဖုန်းတွေမှာ အသုံးပြုနိုင်ဖို့အတွက် ရည်ရွယ် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Snapdragon 675 ဟာ 11nm Architecture နဲ့ တည်ဆောက်ထားတဲ့ SoC ဖြစ်တာကြောင့် 14nm SoC နဲ့ 16nm SoC တွေထက် ဘက်ထရီ အသုံးပြုမှု သက်သာမှာ ဖြစ်ပါတယ်။

Snapdragon 675 SoC မှာ Octa-core Kryo 460 CPU နဲ့ Adreno 612 GPU တို့ ပါဝင်မှာ ဖြစ်ပါတယ်။ Snapdragon 675 ကို သူရဲ့ အရင်မျိူးဆက် SoC ဖြစ်တဲ့ Snapdragon 670 နဲ့ ယှဥ်ရမယ်ဆိုရင် Snapdragon 675 က Snapdragon 670 ထက် Game Launch Time မှာ 30% ၊ Web Browsing မှာ 35% ၊ Music Launch မှာ 20% ၊ Social Media Launch မှာ 15% အထိ ပိုမိုမြန်ဆန်လာမှာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ Xiaomi ဘက်က အဆိုပါ စမတ်ဖုန်းရဲ့ နာမည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေမယ့် Snapdragon 675 SoC နဲ့အတူ ပထမဦးဆုံး ပွဲထွက်လာမယ့် ကုမ္ပဏီက Xiaomi ဖြစ်လာနိုင်ပါတယ်။

Ref: gadgets.ndtv

Qualcomm Snapdragon 675 SoC အကြောင်းကို အသေးစိတ် သိရှိလိုပါက အောက်ပါ ဆောင်းပါးမှာ ဖတ်ရှု့နိုင်ပါတယ်။