Zawgyi Font Version

Xiaomi Fan ေတြဆိုရင္ Bootloader Unlock, China ROM, Global ROM အစရွိတဲ့ စကားလံုးေတြကိုၾကားဖူးေနက်ျဖစ္မွာပါ။ အဲ့ထဲကမွ Bootloader Unlock ဆိုတဲ့ စကားလံုးေလးကိုရွင္းျပခ်င္ပါတယ္။ Bootloader ဆိုတာက ဖုန္းကို Boot တက္ေစတဲ့ အစဥ္လိုက္ Code ေတြကိုေျပာတာျဖစ္ျပီး အခုေနာက္ပိုင္း Xiaomi ဖုန္းေတာ္ေတာ္မ်ားမ်ားမွာ Bootloader ကို Lock လုပ္ထားပါတယ္။ Bootloader Lock လုပ္ထားတဲ့အတြက္ တစ္ျခားျပင္ပ ROM ေတြမသြင္းႏိုင္ပဲ သူ႔ Device အတြက္သီးသန္႔ထုတ္ထားတဲ့ ROM ေတြပဲသြင္းႏိုင္ပါတယ္။ Xiaomi China ဖုန္းေတြနဲ႔ Global ဖုန္းေတြၾကားမွာ Hardware ပိုင္းကြာျခားမွုမရွိပါဘူး။ အဲ့ဒီ အတြက္ေၾကာင့္ Xiaomi Global ဖုန္းေတြအတြက္ ထုတ္ထားတဲ့ Global MIUI ROM ေတြကို Xiaomi China ဖုန္းေတြေပၚမွာလည္းသြင္းလို႔ရပါတယ္။

Global MIUI ROM ေတြကို Xiaomi China ဖုန္းေတြေပၚမွာသြင္းလို႔ရတာမွန္ေပမယ့္ Bootloader Unlock လုပ္ဖို႔ေတာ့ လိုပါလိမ့္မယ္။ Lock လုပ္ထားတဲ့ Bootloader နဲ႔ဆိုရင္ေတာ့ Code ေတြကိုက္ညီမွုမရွိတဲ့အတြက္ လံုးဝသြင္းလို႔မရပါဘူး။ Bootloader Unlock လုပ္ရတဲ့ အဓိက ရည္ရြယ္ခ်က္ကေတာ့ အဲ့တာေၾကာင့္ပါပဲ။ တစ္ခုရွိတာကေတာ့ Bootloader Unlock လုပ္လိုက္ရင္ Warranty ပ်က္ပါတယ္။ Relock ျပန္လုပ္လို႔ရေပမယ့္ Bootloader Unlock လုပ္ဖို႔ Permission ေတာင္းလိုက္ကတည္းက Xiaomi ရဲ႕ Official Warranty ေပးထားတဲ့ List ထဲကေန ေဖ်ာက္ပစ္လိုက္ပါတယ္။

Xiaomi Phone ေတြကို Official Version နဲ႔ တရုတ္ Version ဆိုျပီး Warranty ႏွစ္မ်ိဳးႏွစ္စားရွိပါတယ္။ Official Version ဆိုတာေတာ့ ျပည္တြင္းကို တရားဝင္တင္သြင္းလာတဲ့ Xiaomi ဖုန္းေတြကို Xiaomi ရဲ႕ Official Warranty ေပးထားတာပါ။ Hardware Error ပဲ ျဖစ္ျဖစ္၊ Software Error ပဲ ျဖစ္ျဖစ္ Official Xiaomi Service ေတြကေန Support ေပးပါတယ္။ တရုတ္ Version ဆိုတာကေတာ့ တရုတ္ျပည္တြင္း အလံုးေတြတင္သြင္းျပီး ျပည္တြင္းမွာေရာင္းခ်တဲ့ ဆိုင္ေတြကေန ဆိုင္ Warranty ေပးတာပါ။ ဆိုင္ Warranty ကေတာ့ Official Warranty ေလာက္မေကာင္းပဲ Software ပိုင္းပဲ အာမခံပါတယ္။

Bootloader Unlock လုပ္ရင္သတိထားရမယ့္ပထမအခ်က္က Warranty ပ်က္ပါတယ္။ Official Warranty ပဲ ျဖစ္ျဖစ္ ဆိုင္ Warranty ပဲျဖစ္ျဖစ္ ပ်က္ပါတယ္။ Official Global အလံုးဝယ္ထားတဲ့သူေတြကေတာ့ Bootloader Unlock လုပ္စရာအေၾကာင္းမရွိပါဘူး။ China အလံုးဝယ္ထားတဲ့သူေတြပဲ Bootloader Unlock လုပ္ျပီး Global MIUI သြင္းၾကတာမ်ားပါတယ္။ OTA (Over-the-Air) Update မရေတာ့တဲ့ အခါမ်ိဴးတြမွာ MIUI Official Website သြားျပီး 2GB နီးနီးရွိတဲ့ Full ROM ဆိုတာေဒါင္းျပီး သြင္းေပးရပါတယ္။ ေတာ္ေတာ္ေတာ့ အလုပ္ရွုပ္ျပီး လုပ္တက္ရင္ေတာ့ အဆင္ေျပပါတယ္။ Xiaomi Official အလံုးေတြက China အလံုးေတြထက္ Model ေပၚလိုက္ျပီး ေစ်းပိုမ်ားပါတယ္။ Software ပိုင္ႏုိင္ျပီး Budget သမားေတြဆိုရင္ေတာ့ China အလံုးပဲဝယ္ျပီး Bootloader Unlock တာက အဆင္ေျပေစပါတယ္။

Bootloader Unlock လုပ္တာဟာ လူတိုင္းအတြက္မဟုတ္ေပမယ့္ အခုဆိုရင္ေတာ့ Bootloader Unlock ဆိုတဲ့ စကားလံုးရဲ႕ အဓိပၸါယ္ကိုသင္ေသခ်ာ နားလည္သြားပါျပီ။ ေနာက္အေခါက္ေတြမွာေတာ့ Xiaomi China Phone ေတြအတြက္ Bootloader Unlock လုပ္ျပီး Global MIUI သြင္းတဲ့ နည္းေျပာျပသြားပါမယ္။

Unicode Version


Xiaomi Fan တွေဆိုရင် Bootloader Unlock, China ROM, Global ROM အစရှိတဲ့ စကားလုံးတွေကိုကြားဖူးနေကျဖြစ်မှာပါ။ အဲ့ထဲကမှ Bootloader Unlock ဆိုတဲ့ စကားလုံးလေးကိုရှင်းပြချင်ပါတယ်။ Bootloader ဆိုတာက ဖုန်းကို Boot တက်စေတဲ့ အစဉ်လိုက် Code တွေကိုပြောတာဖြစ်ပြီး အခုနောက်ပိုင်း Xiaomi ဖုန်းတော်တော်များများမှာ Bootloader ကို Lock လုပ်ထားပါတယ်။ Bootloader Lock လုပ်ထားတဲ့အတွက် တစ်ခြားပြင်ပ ROM တွေမသွင်းနိုင်ပဲ သူ့ Device အတွက်သီးသန့်ထုတ်ထားတဲ့ ROM တွေပဲသွင်းနိုင်ပါတယ်။ Xiaomi China ဖုန်းတွေနဲ့ Global ဖုန်းတွေကြားမှာ Hardware ပိုင်းကွာခြားမှုမရှိပါဘူး။ အဲ့ဒီ အတွက်ကြောင့် Xiaomi Global ဖုန်းတွေအတွက် ထုတ်ထားတဲ့ Global MIUI ROM တွေကို Xiaomi China ဖုန်းတွေပေါ်မှာလည်းသွင်းလို့ရပါတယ်။

Global MIUI ROM တွေကို Xiaomi China ဖုန်းတွေပေါ်မှာသွင်းလို့ရတာမှန်ပေမယ့် Bootloader Unlock လုပ်ဖို့တော့ လိုပါလိမ့်မယ်။ Lock လုပ်ထားတဲ့ Bootloader နဲ့ဆိုရင်တော့ Code တွေကိုက်ညီမှုမရှိတဲ့အတွက် လုံးဝသွင်းလို့မရပါဘူး။ Bootloader Unlock လုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ အဲ့တာကြောင့်ပါပဲ။ တစ်ခုရှိတာကတော့ Bootloader Unlock လုပ်လိုက်ရင် Warranty ပျက်ပါတယ်။ Relock ပြန်လုပ်လို့ရပေမယ့် Bootloader Unlock လုပ်ဖို့ Permission တောင်းလိုက်ကတည်းက Xiaomi ရဲ့ Official Warranty ပေးထားတဲ့ List ထဲကနေ ဖျောက်ပစ်လိုက်ပါတယ်။

Xiaomi Phone တွေကို Official Version နဲ့ တရုတ် Version ဆိုပြီး Warranty နှစ်မျိုးနှစ်စားရှိပါတယ်။ Official Version ဆိုတာတော့ ပြည်တွင်းကို တရားဝင်တင်သွင်းလာတဲ့ Xiaomi ဖုန်းတွေကို Xiaomi ရဲ့ Official Warranty ပေးထားတာပါ။ Hardware Error ပဲ ဖြစ်ဖြစ်၊ Software Error ပဲ ဖြစ်ဖြစ် Official Xiaomi Service တွေကနေ Support ပေးပါတယ်။ တရုတ် Version ဆိုတာကတော့ တရုတ်ပြည်တွင်း အလုံးတွေတင်သွင်းပြီး ပြည်တွင်းမှာရောင်းချတဲ့ ဆိုင်တွေကနေ ဆိုင် Warranty ပေးတာပါ။ ဆိုင် Warranty ကတော့ Official Warranty လောက်မကောင်းပဲ Software ပိုင်းပဲ အာမခံပါတယ်။

Bootloader Unlock လုပ်ရင်သတိထားရမယ့်ပထမအချက်က Warranty ပျက်ပါတယ်။ Official Warranty ပဲ ဖြစ်ဖြစ် ဆိုင် Warranty ပဲဖြစ်ဖြစ် ပျက်ပါတယ်။ Official Global အလုံးဝယ်ထားတဲ့သူတွေကတော့ Bootloader Unlock လုပ်စရာအကြောင်းမရှိပါဘူး။ China အလုံးဝယ်ထားတဲ့သူတွေပဲ Bootloader Unlock လုပ်ပြီး Global MIUI သွင်းကြတာများပါတယ်။ OTA (Over-the-Air) Update မရတော့တဲ့ အခါမျိူးတွမှာ MIUI Official Website သွားပြီး 2GB နီးနီးရှိတဲ့ Full ROM ဆိုတာဒေါင်းပြီး သွင်းပေးရပါတယ်။ တော်တော်တော့ အလုပ်ရှုပ်ပြီး လုပ်တက်ရင်တော့ အဆင်ပြေပါတယ်။ Xiaomi Official အလုံးတွေက China အလုံးတွေထက် Model ပေါ်လိုက်ပြီး ဈေးပိုများပါတယ်။ Software ပိုင်နိုင်ပြီး Budget သမားတွေဆိုရင်တော့ China အလုံးပဲဝယ်ပြီး Bootloader Unlock တာက အဆင်ပြေစေပါတယ်။
Bootloader Unlock လုပ်တာဟာ လူတိုင်းအတွက်မဟုတ်ပေမယ့် အခုဆိုရင်တော့ Bootloader Unlock ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကိုသင်သေချာ နားလည်သွားပါပြီ။ နောက်အခေါက်တွေမှာတော့ Xiaomi China Phone တွေအတွက် Bootloader Unlock လုပ်ပြီး Global MIUI သွင်းတဲ့ နည်းပြောပြသွားပါမယ်။