Xiaomi ဟာ Gadgets များစွာကို နိုင်ငံတကာမှာ ရောင်းဖို့ ပြင်ဆင်နေပါတယ်။ Mi Band 5 ကို Xiaomi ရဲ့ တွစ်တာ အကောင့်ကနေ ဇူလိုင်လ ၁၅ ရက်နေ့မှာ နိုင်ငံတကာအတွက် ရောင်းမယ်လို့ အသိပေးလိုက်ပါတယ်။ Xiaomi မျှဝေလိုက်တဲ့ ဓါတ်ပုံက နံပါတ် “2” မှာ ဖုန်း ၁ လုံးကို ဖွက်ထားပြီး အနောက်ဘက် ဒီဇိုင်းဟာ Redmi 9 နဲ့ တူပါတယ်။ Redmi 9 ကို တရုတ်ပြင်ပမှာဆိုရင် စပိန်မှာ ရောင်းပေးထားပြီး ဖြစ်ပေမယ့် ဥရောပနိုင်ငံတော်တော်များများမှာ မရသေးပါဘူး။

နောက်ဆုံး “0” မှာ Xiaomi  မကြာခင်က ကြေညာခဲ့တဲ့ Mi TV Master ကို ပြသထားပြီး အဲဒီ TV မှာ ၆၅ လက်မ OLED 120Hz မျက်နှာပြင် ထည့်သွင်းထားပါတယ်။ Xiaomi က တခြား TV မော်ဒယ်တွေကို ထုတ်လုပ်ထားပေမယ့် နိုင်ငံတကာမှာ မရောင်းပေးသေးပါဘူး။ TV နားက USB Cable ဟာ Mi TV Stick HDMI Dongle ဖြစ်နိုင်ပြီး ဥရောပမှာ မကြာခင်ကပဲ ရောင်းပေးခဲ့ပါတယ်။

Mi Band 5 ရဲ့ ရိုးရိုးနဲ့ NFC Version တွေကို နိုင်ငံတကာမှာ ရောင်းပေးနေပြီ ဖြစ်ပြီး Electric Scooter အသစ်လည်း ပါလာမှာပါ။ Mi Scooter 2 Pro လို့ နာမည်ပေးထားပြီး Mi Scooter 1S နဲ့ Lite တို့ရဲ့ မျိုးဆက်သစ် ဖြစ်ပါတယ်။ Xiaomi မျှဝေလိုက်တဲ့ ဓါတ်ပုံမှာ Mi Smart Home Hub လည်း ပါနေပါတယ်။ Xiaomi က ဒီလ ၁၅ ရက်နေ့မှာ အွန်လိုင်း ပလက်ဖောင်းများစွာကနေ အဲဒီထုတ်ကုန်တွေကို ကြေညာမှာပါ။

Ref : gsmarena