Zawgyi

တရုတ္ျပည္တြင္းရဲ႕ ဆိုရွယ္မီီယာတစ္ခုျဖစ္တဲ့ Weibo ကေန ထြက္ေပၚလာတဲ့ အခ်က္အလက္တစ္ခုအရ ဒီဇင္ဘာ ၂၄ မွာ Xiaomi ရဲ႕ ဖုန္း Series အသစ္တစ္ခုကို မိတ္ဆက္ေတာ့မယ္လို႔ သိရပါတယ္။ အဆိုပါ Series အသစ္ဟာ တရုတ္ျပည္တြင္းအသံုးျပဳဖို႔အတြက္ပဲ ရည္ရြယ္တာျဖစ္ျပီး Xiaomi Play လို႔နာမည္ေပးထားပါတယ္။ ေလ့လာဆန္းစစ္ခ်က္ေတြအရ အဆိုပါ Xiaomi Play ဟာ POCO Series ရဲ႕ တရုတ္ျပည္တြင္း ဗားရွင္းျဖစ္ႏိုင္ပါတယ္။

Xiaomi Play ဟာ Honor ရဲ႕ Gaming ဖုန္းျဖစ္တဲ့ Honor Play နဲ႔ နာမည္ခ်င္ဆင္တူေနပါတယ္။ Honor Play မွာ Huawei ရဲ႕ Flagship SoC ကို တပ္ဆင္ေပးခဲ့ျပီး Xiaomi Play မွာလည္း Qualcomm ရဲ႕ ေနာက္ဆံုးထုတ္ Snapdragon 845 SoC ကိုတပ္ဆင္ေပးထားမွာပါ။ Honor Play လိုပဲ Xiaomi Play ဟာ Mobile Gaming အတြက္ အရမ္းသင့္ေတာ္တဲ့ ဖုန္းတစ္လံုးျဖစ္ပါတယ္။ Liquid Cooling System ကိုပါ အသံုးျပဳထားပါေသးတယ္။ အဆိုပါ အခ်က္ေတြအကုန္လံုးဟာ POCO F1 နဲ႔ ကိုက္ညီေနတဲ့အတြက္ Xiaomi Play ဟာ အမွန္တစ္ကယ္ပဲ တရုတ္ျပည္ ေစ်းကြက္အတြက္ နာမည္ေျပာင္းထားတဲ့ POCO F1 ျဖစ္လာႏိုင္ပါတယ္။

တစ္ကယ္လို႔ Xiaomi Play ဟာ POCO F1 သာျဖစ္ခဲ့မယ္ဆိုရင္ Xiaomi Play မွာ 6.18-inch အရြယ္ရွိ LCD အမ်ိဳးအစားNotch Display ပါဝင္မွာပါ။ Snapdragon 845 ကုိ အသံုးျပဳေပးထားျပီး ဂိမ္းအရမ္းေဆာ့တဲ့အခါမ်ိဳးမွာ ဖုန္းကို Heat မတက္ေစဖို႔ Liquid Cooling System ကို တပ္ဆင္ေပးထားပါတယ္။ အခ်ိန္အၾကာၾကီးအသံုးျပဳႏိုင္ေစဖို႔လည္း 4,000mAh ပမာဏရွိတဲ့ ဘက္ထရီကို တပ္ဆင္ေပးထားပါေသးတယ္။

Xiaomi Play ဟာ တရုတ္ျပည္တြင္း ဗားရွင္းျဖစ္တဲ့ အတြက္ POCO F1 ထက္ ေစ်းသက္သာႏိုင္ပါတယ္။ တစ္ကယ္လို႕သာ POCO F1 ကို နာမည္ေျပာင္းထားတဲ့ ဖုန္းတစ္လံုးျဖစ္ခဲ့မယ္ဆိုရင္ Xiaomi Play ကို POCO F1 ရဲ႕ Global MIUI ထည့္သြင္းလို႔ ရႏိုင္မလားဆိုတာကလည္း စိတ္ဝင္စားဖို႕ေကာင္းတဲ့ အခ်က္တစ္ခ်က္ပါ။ ဘာပဲျဖစ္ျဖစ္ အေပၚက ေျပာသြားတဲ့ အခ်က္အလက္ေတြဟာ ခန္႔မွန္းေျခ အဆင့္မွာပဲရွိေသးျပီး တစ္ရာ ရာခိုင္ႏွုန္းမွန္ကန္ေနမယ္လို႔ မဆိုႏိုင္ပါဘူး။ အဲ့တာေၾကာင့္ Xiaomi Play ဟာ POCO F1 ဟုတ္မဟုတ္ဆုိတာကို ဒီဇင္ဘာ ၂၄ ေရာက္မွပဲ ေသခ်ာသိရမွာပါ။

Ref: Gizmo China

Unicode

တရုတ်ပြည်တွင်းရဲ့ ဆိုရှယ်မီယာတစ်ခုဖြစ်တဲ့ Weibo ကနေ ထွက်ပေါ်လာတဲ့ အချက်အလက်တစ်ခုအရ ဒီဇင်ဘာ ၂၄ မှာ Xiaomi ရဲ့ ဖုန်း Series အသစ်တစ်ခုကို မိတ်ဆက်တော့မယ်လို့ သိရပါတယ်။ အဆိုပါ Series အသစ်ဟာ တရုတ်ပြည်တွင်းအသုံးပြုဖို့အတွက်ပဲ ရည်ရွယ်တာဖြစ်ပြီး Xiaomi Play လို့နာမည်ပေးထားပါတယ်။ လေ့လာဆန်းစစ်ချက်တွေအရ အဆိုပါ Xiaomi Play ဟာ POCO Series ရဲ့ တရုတ်ပြည်တွင်း ဗားရှင်းဖြစ်နိုင်ပါတယ်။

Xiaomi Play ဟာ Honor ရဲ့ Gaming ဖုန်းဖြစ်တဲ့ Honor Play နဲ့ နာမည်ချင်ဆင်တူနေပါတယ်။ Honor Play မှာ Huawei ရဲ့ Flagship SoC ကို တပ်ဆင်ပေးခဲ့ပြီး Xiaomi Play မှာလည်း Qualcomm ရဲ့ နောက်ဆုံးထုတ် Snapdragon 845 SoC ကိုတပ်ဆင်ပေးထားမှာပါ။ Honor Play လိုပဲ Xiaomi Play ဟာ Mobile Gaming အတွက် အရမ်းသင့်တော်တဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။ Liquid Cooling System ကိုပါ အသုံးပြုထားပါသေးတယ်။ အဆိုပါ အချက်တွေအကုန်လုံးဟာ POCO F1 နဲ့ ကိုက်ညီနေတဲ့အတွက် Xiaomi Play ဟာ အမှန်တစ်ကယ်ပဲ တရုတ်ပြည်တွင်းဈေးကွက်အတွက် နာမည်ပြောင်းထားတဲ့ POCO F1 ဖြစ်လာနိုင်ပါတယ်။

တစ်ကယ်လို့ Xiaomi Play ဟာ POCO F1 သာဖြစ်ခဲ့မယ်ဆိုရင် Xiaomi Play မှာ 6.18-inch အရွယ်ရှိ LCD အမျိုးအစားNotch Display ပါဝင်မှာပါ။ Snapdragon 845 ကို အသုံးပြုပေးထားပြီး ဂိမ်းအရမ်းဆော့တဲ့အခါမျိုးမှာ ဖုန်းကို Heat မတက်စေဖို့ Liquid Cooling System ကို တပ်ဆင်ပေးထားပါတယ်။ အချိန်အကြာကြီးအသုံးပြုနိုင်စေဖို့လည်း 4,000mAh ပမာဏရှိတဲ့ ဘက်ထရီကို တပ်ဆင်ပေးထားပါသေးတယ်။

Xiaomi Play ဟာ တရုတ်ပြည်တွင်း ဗားရှင်းဖြစ်တဲ့ အတွက် POCO F1 ထက် ဈေးသက်သာနိုင်ပါတယ်။ တစ်ကယ်လို့သာ POCO F1 ကို နာမည်ပြောင်းထားတဲ့ ဖုန်းတစ်လုံးဖြစ်ခဲ့မယ်ဆိုရင် Xiaomi Play ကို POCO F1 ရဲ့ Global MIUI ထည့်သွင်းလို့ ရနိုင်မလားဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တစ်ချက်ပါ။ ဘာပဲဖြစ်ဖြစ် အပေါ်က ပြောသွားတဲ့ အချက်အလက်တွေဟာ ခန့်မှန်းခြေ အဆင့်မှာပဲရှိသေးပြီး တစ်ရာ ရာခိုင်နှုန်းမှန်ကန်နေမယ်လို့ မဆိုနိုင်ပါဘူး။ အဲ့တာကြောင့် Xiaomi Play ဟာ POCO F1 ဟုတ်မဟုတ်ဆိုတာကို ဒီဇင်ဘာ ၂၄ ရောက်မှပဲ သေချာသိရမှာပါ။

Ref: Gizmo China