Xiaomi ကနေ POCO Brand ကို သီးသန့် Sub-brand တစ်ခုအနေနဲ့ ခွဲထုတ်လိုက်ပြီးတော့ Redmi K30 ကို နာမည်ပြောင်းလဲထားတဲ့ POCO X2 စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။

အခုအချိန်မှာလည်း POCO ရဲ့ Indian Branch မှာရှိတဲ့ Marketing and Communications Executive ကနေ POCO X2 နဲ့ ပတ်သတ်တဲ့သတင်းတစ်ခုကိုထုတ်ပြန်လိုက်ပါတယ်။ ဒါကတော့ POCO X2 ဖုန်းဟာ လာမယ့် Android OS အသစ်ဖြစ်တဲ့ Android 11 ကို Update ရရှိမှာပဲဖြစ်ပါတယ်။

လောလောဆယ်မှာတော့ Xiaomi POCO X2 ဖုန်းဟာ Android 10 နဲ့ ထွက်ရှိလာတာဖြစ်ပြီးတော့ အခုလိုမျိုး Android 11 Update ကိုပါရရှိမယ်လို့ အတည်ပြုနိုင်ခဲ့တာက ရေရှည်အသုံးပြုဖို့အတွက် စိတ်ဝင်စားနေတဲ့သူတွေအတွက် သတင်းကောင်းဖြစ်လာမှာပါ။

POCO X2 စမတ်ဖုန်းဟာ Qualcomm Snapdragon 730G Processor ကို အသုံးပြုထားပြီး 6.67″ Full HD+ IPS LCD Display ပါဝင်မှာဖြစ်သလို 120Hz Refresh Rate ကိုပါ Support ပြုလုပ်မှာပါ။ RAM အနေနဲ့ 8GB နဲ့ Storage ကိုလည်း 256GB အထိ ရွေးချယ်နိုင်တဲ့အတွက် စွမ်းဆောင်ရည်ပိုင်းအရတော်တော်လေးကို ကောင်းမွန်တယ်လို့ ပြောလို့ရပါတယ်။

Ref – Gizmo China