Xiaomi ရဲ့ Sub Brand တစ်ခုဖြစ်တဲ့ Poco ဟာ လာမယ့်ရက်ပိုင်းအတွင်းမှာ Poco X5 Series ဖုန်းတွေကို တရားဝင်မိတ်ဆက်ဖို့စီစဥ်ထားတယ်လို့ သိရပါတယ်။ အခုလည်း အဆိုပါ Poco X5 Series ဖုန်းတွေအတွက် Teaser ဓါတ်ပုံကို တရားဝင်ထုတ်ပြလိုက်ပါပြီ။​

Poco X5 Series မှာ Poco X5 အပြင် စွမ်းဆောင်ရည်ပိုကောင်းတဲ့ Poco X5 Pro ဖုန်းတွေပါဝင်မှာဖြစ်ပါတယ်။ Poco X5 Pro ဖုန်းရဲ့ နောက်ကျောဘက်ဒီဇိုင်းကလည်း မကြာသေးခင်တုန်းက ပေါက်ကြားခဲ့ပြီး Triple Camera Setup ကို အသုံးပြုလာမှာဖြစ်ပါတယ်။ အရောင်တွေထဲမှာ အဝါရောင်ပါဝင်မှာဖြစ်ပြီး Camera Setup ဘေးမှာ POCO ဆိုပြီး ရေးသားထားတာကိုတွေ့ရပါတယ်။

Poco X5 Series ဖုန်းတွေဟာ အိန္ဒိယနိုင်ငံမှာ အစောဆုံးမိတ်ဆက်သွားမှာဖြစ်ပြီး Flipkart မှာ ထုတ်ပြန်ခဲ့တဲ့ Teaser ပုံမှာ “​Are You Ready To Unleash Your Rebel?” ဆိုပြီး ရေးသားထားပါတယ်။ ဒါပေမယ့် တရားဝင်မိတ်ဆက်မယ့်အချိန်ကို ဖော်ပြခဲ့ခြင်းမရှိပါဘူး။

Poco X5 Pro ဖုန်းဟာ Xiaomi Redmi Note 12 Pro နဲ့ Specification ပိုင်းမှာ ဆင်တူဖွယ်ရှိပြီး 108MP Main Camera ၊ Snapdragon 778G Chipset ​၊ 120Hz FHD+ AMOLED Display နဲ့ 5000mAh Battery တွေပါဝင်မှာဖြစ်ပါတယ်။ ဒါပေမယ့် Design ပိုင်းမှာ Poco X5 Series ဟာ Redmi ဖုန်းတွေနဲ့ယှဥ်ရင် ကွဲပြားတဲ့ ကိုယ်ပိုင်ပုံစံနဲ့ မိတ်ဆက်လာမယ်လို့ ယူဆရပါတယ်။

Ref – Gizmo China