[Zawgyi]

Xiaomi ရဲ႕ စမတ္ဖုန္းေတြဟာ ေဈးႏႈန္းခ်ိဳသာၿပီး အဆင့္ျမင့္တဲ့ အစိတ္အပိုင္းေတြ တပ္ဆင္ထုတ္လုပ္ထားေလ့ရွိတာေၾကာင့္ Flagship Killer ဆိုၿပီးေတာ့ နာမည္ႀကီး ခဲ့တာပါ။ အခုအခ်ိန္ထိ Xiaomi ရဲ႕ စမတ္ဖုန္းေတြဟာ ေပးရတဲ့ ေငြေၾကးနဲ႔တန္တဲ့ အရည္အေသြးကို ျပန္ၿပီး ေပးေနႏိုင္တုန္း ျဖစ္ပါတယ္။

မၾကာေသးခင္ ႏွစ္ေတြကစၿပီး Xiaomi အတြက္ အဓိက ၿပိဳင္ဘက္လိုျဖစ္လာတာကေတာ့ Samsung နဲ႔ Huawei တို႔လို႔ ဆိုရမွာပါ။ အထူးသျဖင့္ တ႐ုတ္ႏိုင္ငံရဲ႕ မ်က္ႏွာဖုံးနည္းပညာကုမၸဏီႀကီးနဲ႔ ပတ္သက္ရင္ ၿပိဳင္ဆိုင္မႈက ပိုၿပီးျပင္းထန္လာတယ္လို႔ ဆိုႏိုင္ပါတယ္။ အခုလည္း Xiaomi က Huawei P30 ကို Meme လုပ္ၿပီး ရန္စလိုက္ျပန္ပါၿပီ။

Huawei P30 ဟာ Kirin 980 SoC, 8GB of RAM နဲ႔ ထြက္လာတဲ့ စမတ္ဖုန္း တစ္လုံးျဖစ္ပါတယ္။ ဒါေပမယ့္ Huawei P30 ဟာ မ်ိဴးဆက္သစ္ Chipset ကို အသုံးျပဳရမယ့္အစား Swarovski Crystal Phone Case ကို အသုံးျပဳၿပီး အေရးမပါတဲ့လမ္းကို လိုက္သြားတယ္လို႔ Xiaomi က Meme ျပဳလုပ္ၿပီး ေလွာင္ေျပာင္ခဲ့တာပါ။ ဒီ Meme ကို Xiaomi UK က တြစ္တာေပၚတင္ၿပီး မွ်ေဝခဲ့တာလည္း ျဖစ္ပါတယ္။

Xiaomi က ရန္စေလွာင္ေျပာင္ခ်င္စရာျဖစ္ေအာင္လည္း Huawei က လုပ္ခဲ့သလိုပါပဲ။ Huawei P30 နဲ႔ P30 Pro ႏွစ္မ်ိဳးစလုံးဟာ HiSilicon Kirin 980 ေတြပဲ သုံးထားတာ ျဖစ္ပါတယ္။ Cortex-A76CPU Cores ေတြနဲ႔ 7nm Chipset ရဲ႕ စြမ္းေဆာင္ရည္ဟာ ဘယ္လိုရွိလဲဆိုတဲ့ ရလဒ္က မထြက္ေပၚလာေသးေပမယ့္ Xiaomi ကေတာ့ အရင္ဦးေအာင္ ရန္စၿပီး Meme War ကို စတင္ဖြင့္လွစ္လိုက္တာပဲ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

Huawei P30 Series ကို Meme လုပ်ပြီး ရန်စလိုက်တဲ့ Xiaomi

Xiaomi ရဲ့ စမတ်ဖုန်းတွေဟာ ဈေးနှုန်းချိုသာပြီး အဆင့်မြင့်တဲ့ အစိတ်အပိုင်းတွေ တပ်ဆင်ထုတ်လုပ်ထားလေ့ရှိတာကြောင့် Flagship Killer ဆိုပြီးတော့ နာမည်ကြီး ခဲ့တာပါ။ အခုအချိန်ထိ Xiaomi ရဲ့ စမတ်ဖုန်းတွေဟာ ပေးရတဲ့ ငွေကြေးနဲ့တန်တဲ့ အရည်အသွေးကို ပြန်ပြီး ပေးနေနိုင်တုန်း ဖြစ်ပါတယ်။

မကြာသေးခင် နှစ်တွေကစပြီး Xiaomi အတွက် အဓိက ပြိုင်ဘက်လိုဖြစ်လာတာကတော့ Samsung နဲ့ Huawei တို့လို့ ဆိုရမှာပါ။ အထူးသဖြင့် တရုတ်နိုင်ငံရဲ့ မျက်နှာဖုံးနည်းပညာကုမ္ပဏီကြီးနဲ့ ပတ်သက်ရင် ပြိုင်ဆိုင်မှုက ပိုပြီးပြင်းထန်လာတယ်လို့ ဆိုနိုင်ပါတယ်။ အခုလည်း Xiaomi က Huawei P30 ကို Meme လုပ်ပြီး ရန်စလိုက်ပြန်ပါပြီ။

Huawei P30 ဟာ Kirin 980 SoC, 8GB of RAM နဲ့ ထွက်လာတဲ့ စမတ်ဖုန်း တစ်လုံးဖြစ်ပါတယ်။ ဒါပေမယ့် Huawei P30 ဟာ မျိူးဆက်သစ် Chipset ကို အသုံးပြုရမယ့်အစား Swarovski Crystal Phone Case ကို အသုံးပြုပြီး အရေးမပါတဲ့လမ်းကို လိုက်သွားတယ်လို့ Xiaomi က Meme ပြုလုပ်ပြီး လှောင်ပြောင်ခဲ့တာပါ။ ဒီ Meme ကို Xiaomi UK က တွစ်တာပေါ်တင်ပြီး မျှဝေခဲ့တာလည်း ဖြစ်ပါတယ်။

Xiaomi က ရန်စလှောင်ပြောင်ချင်စရာဖြစ်အောင်လည်း Huawei က လုပ်ခဲ့သလိုပါပဲ။ Huawei P30 နဲ့ P30 Pro နှစ်မျိုးစလုံးဟာ HiSilicon Kirin 980 တွေပဲ သုံးထားတာ ဖြစ်ပါတယ်။ Cortex-A76CPU Cores တွေနဲ့ 7nm Chipset ရဲ့ စွမ်းဆောင်ရည်ဟာ ဘယ်လိုရှိလဲဆိုတဲ့ ရလဒ်က မထွက်ပေါ်လာသေးပေမယ့် Xiaomi ကတော့ အရင်ဦးအောင် ရန်စပြီး Meme War ကို စတင်ဖွင့်လှစ်လိုက်တာပဲ ဖြစ်ပါတယ်။

Ref: GSMArena