[Zawgyi]

Google က Android 10 ကို ျဖန္႔ခ်ိေပးလိုက္ၿပီးေနာက္မွာ စမတ္ဖုန္း ကုမၸဏီေတြက သူတို႔ရဲ႕ Skin နဲ႔ ေပါင္းစပ္ ဖန္တီးေနၾကပါတယ္။ Xiaomi က Android 10 ရမယ့္ Device စာရင္းကို မေျပာေသးေပမယ့္ လာမယ့္လမွာ Mi 9T အတြက္ OTA Update နဲ႔ ထည့္သြင္းေပးမယ္လို႔ အတည္ျပဳလိုက္ပါတယ္။  Xiaomi Mi 9T ကို တခ်ိဳ႕ႏုိင္ငံေတြမွာ Redmi K20 နာမည္နဲ႔ ေရာင္းခ်ေပးထားတာ ျဖစ္ပါတယ္။ Xiaomi က Android 10 အေျချပဳ MIUI Beta Version ကို ဖန္တီးေပးထားတာ ၾကာပါၿပီ။ အခုေတာ့ Final Version ကို ထုတ္လုပ္ေပးေတာ့မွာ ျဖစ္ပါတယ္။

Xiaomi က Android 10 အေျချပဳ MIUI 11 ကို မၾကာခင္ ေၾကညာေတာ့မယ္လို႔ ထင္ပါတယ္။ မၾကာခင္က MIUI 11 Beta Version ရဲ႕ Screenshots ေတြ ထြက္ေပၚလာခဲ့ပါတယ္။ ကုမၸဏီက Mi Mix 2S နဲ႔ Redmi K20 Pro အပါအ၀င္ Device တခ်ိဳ႕အတြက္ MIUI 11 ကို မေတာ္တဆ ျဖန္႔ခ်ိခဲ့မိရာကေန Screenshots ေတြ ထြက္လာတာပါ။

MIUI 11 မွာ Settings Menu ကို ဆန္းသစ္ထားၿပီး Icon Style အသစ္ေတြ ပါလာပါတယ္။ Icon ေတြဟာ အေရာင္နဲ႔ ပံုသ႑ာန္ ကြဲျပားတဲ့အတြက္ ရွာရတာ ပိုလြယ္ကူလာပါတယ္။ System Apps နဲ႔ Menus ေတြအတြက္လည္း ဒီဇိုင္း အသစ္ထုတ္လုပ္ေပးထားပါတယ္။ MIUI User ေတြ ရင္ခုန္ေစာင့္စားေနတဲ့ လုပ္ေဆာင္ခ်က္တခ်ိဳ႕ထဲမွာ အဆင့္ျမွင့္ထားတဲ့ Always-on Display နဲ႔ OPPO , Vivo တို႔နဲ႔အတူ ပူးေပါင္း ဖန္တီးထားတဲ့ Cross-device File Sharing ပါ၀င္ပါတယ္။

Always-on Display မွာ စာသားအေရာင္ကို အခ်ိန္အပိုင္းအျခားအလိုက္ အလိုလို ေျပာင္းလဲတာနဲ႔ ေန႔ဘက္မွာ အလင္းေရာင္ရတဲ့ အေျခအေနေပၚ မူတည္ၿပီး Outer Space Style ကို ေျပာင္းလဲတာေတြ ပါလာပါတယ္။ ဒါ့အျပင္ Dynamic Sound အသစ္္နဲ႔ Xiaomi Community App အသစ္ေတြ ထည့္ထားပါတယ္။ အဆင့္ျမွင့္ထားတဲ့ File Manager , Dark Mode Scheduler နဲ႔ Messaging Apps တခ်ိဳ႕အတြက္ Quick Reply Option အသစ္ ပါလာပါတယ္။ MIUI 11 ကို Mi Mix 4 နဲ႔အတူ မိတ္ဆက္မယ္လို႔ သတင္းထြက္ေနပါတယ္။

Ref : gsmarena

[Unicode]

Xiaomi က လာမယ့်လမှာ Mi 9T အတွက် Android 10 ပေးမယ်လို့ အတည်ပြု

Google က Android 10 ကို ဖြန့်ချိပေးလိုက်ပြီးနောက်မှာ စမတ်ဖုန်း ကုမ္ပဏီတွေက သူတို့ရဲ့ Skin နဲ့ ပေါင်းစပ် ဖန်တီးနေကြပါတယ်။ Xiaomi က Android 10 ရမယ့် Device စာရင်းကို မပြောသေးပေမယ့် လာမယ့်လမှာ Mi 9T အတွက် OTA Update နဲ့ ထည့်သွင်းပေးမယ်လို့ အတည်ပြုလိုက်ပါတယ်။ Xiaomi Mi 9T ကို တချို့နိုင်ငံတွေမှာ Redmi K20 နာမည်နဲ့ ရောင်းချပေးထားတာ ဖြစ်ပါတယ်။ Xiaomi က Android 10 အခြေပြု MIUI Beta Version ကို ဖန်တီးပေးထားတာ ကြာပါပြီ။ အခုတော့ Final Version ကို ထုတ်လုပ်ပေးတော့မှာ ဖြစ်ပါတယ်။

Xiaomi က Android 10 အခြေပြု MIUI 11 ကို မကြာခင် ကြေညာတော့မယ်လို့ ထင်ပါတယ်။ မကြာခင်က MIUI 11 Beta Version ရဲ့ Screenshots တွေ ထွက်ပေါ်လာခဲ့ပါတယ်။ ကုမ္ပဏီက Mi Mix 2S နဲ့ Redmi K20 Pro အပါအဝင် Device တချို့အတွက် MIUI 11 ကို မတော်တဆ ဖြန့်ချိခဲ့မိရာကနေ Screenshots တွေ ထွက်လာတာပါ။

MIUI 11 မှာ Settings Menu ကို ဆန်းသစ်ထားပြီး Icon Style အသစ်တွေ ပါလာပါတယ်။ Icon တွေဟာ အရောင်နဲ့ ပုံသဏ္ဍာန် ကွဲပြားတဲ့အတွက် ရှာရတာ ပိုလွယ်ကူလာပါတယ်။ System Apps နဲ့ Menus တွေအတွက်လည်း ဒီဇိုင်း အသစ်ထုတ်လုပ်ပေးထားပါတယ်။ MIUI User တွေ ရင်ခုန်စောင့်စားနေတဲ့ လုပ်ဆောင်ချက်တချို့ထဲမှာ အဆင့်မြှင့်ထားတဲ့ Always-on Display နဲ့ OPPO , Vivo တို့နဲ့အတူ ပူးပေါင်း ဖန်တီးထားတဲ့ Cross-device File Sharing ပါဝင်ပါတယ်။

Always-on Display မှာ စာသားအရောင်ကို အချိန်အပိုင်းအခြားအလိုက် အလိုလို ပြောင်းလဲတာနဲ့ နေ့ဘက်မှာ အလင်းရောင်ရတဲ့ အခြေအနေပေါ် မူတည်ပြီး Outer Space Style ကို ပြောင်းလဲတာတွေ ပါလာပါတယ်။ ဒါ့အပြင် Dynamic Sound အသစ်နဲ့ Xiaomi Community App အသစ်တွေ ထည့်ထားပါတယ်။ အဆင့်မြှင့်ထားတဲ့ File Manager , Dark Mode Scheduler နဲ့ Messaging Apps တချို့အတွက် Quick Reply Option အသစ် ပါလာပါတယ်။ MIUI 11 ကို Mi Mix 4 နဲ့အတူ မိတ်ဆက်မယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena