[Zawgyi]

၂၀၁၉ ရဲ႕ စမတ္ဖုန္း Trend ေတြထဲမွာ Punch-hole အမ်ိဳးအစားကလည္း ပါဝင္ေနပါတယ္။ Notch ေတြရဲ႕ ေနရာယူမႈကို ေသးငယ္ေအာင္လုပ္ႏိုင္ခဲ့ေပမယ့္ ေက်နပ္ျခင္းမရွိၾကတာေၾကာင့္ Notch ေပ်ာက္သြားေအာင္ လုပ္ေဆာင္တဲ့ နည္းတစ္နည္းအျဖစ္ Punch-hole ကို ေ႐ြးခ်ယ္လာၾကတာလည္း ျဖစ္ပါတယ္။

Punch-hole နဲ႔ စမတ္ဖုန္းလို႔ေျပာလိုက္ရင္ Samsung တို႔ Huawei, Honor တို႔က ဦးေဆာင္မႈရယူေနၾကတယ္လို႔ ဆိုရမွာပါ။ ဒါေပမယ့္ Xiaomi ကလည္း Punch-hole ယဥ္ေက်းမႈမွာ ေနာက္က်က်န္မေနခဲ့ဘဲ ဝင္ေရာက္စီးေမ်ာဦးမယ္လို႔ သိရပါတယ္။ ကမာၻ႔ဉာဏမူပိုင္ခြင့္ဆိုင္ရာ႐ုံး (WIPO) ရဲ႕ Website မွာ Xiaomi ရဲ႕ Dual punch-hole ဒီဇိုင္း မူပိုင္ခြင့္ကို ထုတ္ေဖာ္ျပသခဲ့တာကို ၿပီးခဲ့တဲ့ရက္က ေတြ႕ျမင္လိုက္ရပါတယ္။

Xiaomi ရဲ႕ Dual punch-hole ေနရာခ်ထားပုံကေတာ့ သူမ်ားနဲ႔မတူဘူးလို႔ ေျပာရမွာပါ။ မ်က္ႏွာျပင္ရဲ႕ တစ္ဘက္တစ္ခ်က္စီမွာ တစ္ေနရာစီခြဲထားမယ့္ ပုံစံလို႔ ေျပာရပါမယ္။ Xiaomi ရဲ႕ လာမယ့္ Flagship တစ္ခုခုမွာေတာ့ Punch-hole နဲ႔ထြက္လာမယ္ဆိုေပမယ့္ လက္ရွိ ျမင္ေတြ႕ရတဲ့ ပုံစံေတာ့ ျဖစ္ခ်င္မွ ျဖစ္လာမွာပါ။

Xiaomi ကတင္ခဲ့တဲ့ ဒီဇိုင္းမူပိုင္ခြင့္မွာ မတူညီတဲ့ပုံစံဒီဇိုင္း ၂၄ မ်ိဳးပါဝင္ေနပါတယ္။ ဒါေပမယ့္ ဒီ ၂၄ မ်ိဳးလုံးမွာ ကင္မရာႏွစ္လုံးစလုံးကို မ်က္ႏွာျပင္တစ္ဖက္စီမွာပဲ ေနရာခ်ထားတာ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ဒီဇိုင္းမူပိုင္ခြင့္ ပုံေတြျဖစ္တာေၾကာင့္ Concept render ေတြထြက္ေပၚလာခ်ိန္ကို ေစာင့္ဆိုင္းရဦးမွာပါ။ ဘာပဲျဖစ္ျဖစ္ Xiaomi ပရိသတ္ေတြအေနနဲ႔ သူမ်ားနဲ႔မတူတဲ့ Punch-hole နဲ႔ဖုန္းကို ေမွ်ာ္လင့္လို႔ရၿပီ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

Punch-hole နှစ်ခုနဲ့စမတ်ဖုန်းဒီဇိုင်းကို မူပိုင်ခွင့်တင်ထားတဲ့ Xiaomi

၂၀၁၉ ရဲ့ စမတ်ဖုန်း Trend တွေထဲမှာ Punch-hole အမျိုးအစားကလည်း ပါဝင်နေပါတယ်။ Notch တွေရဲ့ နေရာယူမှုကို သေးငယ်အောင်လုပ်နိုင်ခဲ့ပေမယ့် ကျေနပ်ခြင်းမရှိကြတာကြောင့် Notch ပျောက်သွားအောင် လုပ်ဆောင်တဲ့ နည်းတစ်နည်းအဖြစ် Punch-hole ကို ရွေးချယ်လာကြတာလည်း ဖြစ်ပါတယ်။

Punch-hole နဲ့ စမတ်ဖုန်းလို့ပြောလိုက်ရင် Samsung တို့ Huawei, Honor တို့က ဦးဆောင်မှုရယူနေကြတယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် Xiaomi ကလည်း Punch-hole ယဉ်ကျေးမှုမှာ နောက်ကျကျန်မနေခဲ့ဘဲ ဝင်ရောက်စီးမျောဦးမယ်လို့ သိရပါတယ်။ ကမ္ဘာ့ဉာဏမူပိုင်ခွင့်ဆိုင်ရာရုံး (WIPO) ရဲ့ Website မှာ Xiaomi ရဲ့ Dual punch-hole ဒီဇိုင်း မူပိုင်ခွင့်ကို ထုတ်ဖော်ပြသခဲ့တာကို ပြီးခဲ့တဲ့ရက်က တွေ့မြင်လိုက်ရပါတယ်။

Xiaomi ရဲ့ Dual punch-hole နေရာချထားပုံကတော့ သူများနဲ့မတူဘူးလို့ ပြောရမှာပါ။ မျက်နှာပြင်ရဲ့ တစ်ဘက်တစ်ချက်စီမှာ တစ်နေရာစီခွဲထားမယ့် ပုံစံလို့ ပြောရပါမယ်။ Xiaomi ရဲ့ လာမယ့် Flagship တစ်ခုခုမှာတော့ Punch-hole နဲ့ထွက်လာမယ်ဆိုပေမယ့် လက်ရှိ မြင်တွေ့ရတဲ့ ပုံစံတော့ ဖြစ်ချင်မှ ဖြစ်လာမှာပါ။

Xiaomi ကတင်ခဲ့တဲ့ ဒီဇိုင်းမူပိုင်ခွင့်မှာ မတူညီတဲ့ပုံစံဒီဇိုင်း ၂၄ မျိုးပါဝင်နေပါတယ်။ ဒါပေမယ့် ဒီ ၂၄ မျိုးလုံးမှာ ကင်မရာနှစ်လုံးစလုံးကို မျက်နှာပြင်တစ်ဖက်စီမှာပဲ နေရာချထားတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဒီဇိုင်းမူပိုင်ခွင့် ပုံတွေဖြစ်တာကြောင့် Concept render တွေထွက်ပေါ်လာချိန်ကို စောင့်ဆိုင်းရဦးမှာပါ။ ဘာပဲဖြစ်ဖြစ် Xiaomi ပရိသတ်တွေအနေနဲ့ သူများနဲ့မတူတဲ့ Punch-hole နဲ့ဖုန်းကို မျှော်လင့်လို့ရပြီ ဖြစ်ပါတယ်။

Ref: GSMArena