[Zawgyi]

Xiaomi ဟာ Redmi 6 နဲ႔ Redmi 6A ဖုန္းေတြကို ေဈးကြက္ထဲ မိတ္ဆက္ထားတာ တစ္ႏွစ္ေတာင္ မျပည့္ေသးဘူး ျဖစ္ပါတယ္။ Android Oreo နဲ႔ ထြက္လာတဲ့ ဒီစမတ္ဖုန္းေတြကို Android Pie Update ေပးမယ္လို႔ ဆိုထားခဲ့ဖူးပါတယ္။ ေပးဖို႔လည္း အစီအစဥ္လုပ္ထားခဲ့ဖူးပါတယ္။

MIUI forum ေတြမွာလည္း ဒီဖုန္းႏွစ္လုံးနဲ႔ ပတ္သက္ၿပီး Pie update ရမယ္လို႔ ဆိုခဲ့ပါေသးတယ္။ ဒါေပမယ့္ Xiaomi ဟာ ေဈးႏႈန္းသက္သာတဲ့ ဒီစမတ္ဖုန္းႏွစ္လုံးအတြက္ အစီအစဥ္ေတြကို တိတ္တဆိတ္ပဲ ျပန္ေျပာင္းပစ္ခဲ့တာပါ။ ဒါေၾကာင့္ Redmi 6 နဲ႔ Redmi 6A တို႔ဟာ Android OS သစ္နဲ႔ လြဲေခ်ာ္ေတာ့မွာ ျဖစ္ပါတယ္။

Redmi 6 နဲ႔ Redmi 6A သုံးစြဲေနသူေတြအတြက္ေတာ့ ကုမၸဏီရဲ႕ ဆုံးျဖတ္ခ်က္က ဝမ္းနည္းစရာေတြကို ယူေဆာင္လာေပးတာပဲ ျဖစ္ပါလိမ့္မယ္။ ေဈးကြက္ထဲေရာက္တာမွ တစ္ႏွစ္မျပည့္ေသးတဲ့ စမတ္ဖုန္းေတြအတြက္ အခုလိုမ်ိဳး Update ရမယ္ေျပာၿပီးမွ ျပန္ပယ္ဖ်က္ခံလိုက္ရတာဟာ အေတာ္ေလးကို မေက်မနပ္ ျဖစ္ခ်င္စရာပါပဲ။

Redmi 6 နဲ႔ Redmi 6A တို႔ဟာ ေဈးကြက္ထဲက ေဈးသက္သာတဲ့ စမတ္ဖုန္းေတြအနက္ လူႀကိဳက္မ်ားျခင္းကို ခံခဲ့ရပါတယ္။ ေပးရတဲ့ေဈးနဲ႔ ျပန္ရတဲ့ စြမ္းေဆာင္ရည္ ညီမွ်တဲ့ ဖုန္းေတြအျဖစ္ နာမည္ေက်ာ္ခဲ့တာ ျဖစ္ပါတယ္။ ကုမၸဏီက ဒီဖုန္းႏွစ္လုံးအတြက္ Android Pie Update ေပးဖို႔ ပယ္ဖ်က္လိုက္ရတဲ့အေၾကာင္းရင္းကိုေတာ့ ထုတ္ေဖာ္ေျပာဆိုျခင္းမျပဳခဲ့ပါဘူး။

Xiaomi ဟာ သူ႔ရဲ႕ စမတ္ဖုန္းေတြကို ထုတ္လုပ္ၿပီးခ်ိန္ကေန ေနာက္ ၅ ႏွစ္အထိ MIUI Software Update ေတြ ေထာက္ပံ့ေပးမယ္လို႔ ဆိုခဲ့ေပမယ့္လည္း ဧၿပီလဆန္းတုန္းက သက္တမ္း ၅ ႏွစ္မျပည့္ေသးတဲ့ Redmi ဖုန္း ၇ မ်ိဳးကို Update ေတြ ရပ္ဆိုင္းလိုက္ေၾကာင္း ေၾကညာခဲ့ပါေသးတယ္။

Ref: GSMArena

[Unicode]

Redmi 6 နဲ့ 6A တို့ကို Android Pie Update ပေးမယ့် အစီအစဉ် ပြန်ဖျက်လိုက်တဲ့ Xiaomi

Xiaomi ဟာ Redmi 6 နဲ့ Redmi 6A ဖုန်းတွေကို ဈေးကွက်ထဲ မိတ်ဆက်ထားတာ တစ်နှစ်တောင် မပြည့်သေးဘူး ဖြစ်ပါတယ်။ Android Oreo နဲ့ ထွက်လာတဲ့ ဒီစမတ်ဖုန်းတွေကို Android Pie Update ပေးမယ်လို့ ဆိုထားခဲ့ဖူးပါတယ်။ ပေးဖို့လည်း အစီအစဉ်လုပ်ထားခဲ့ဖူးပါတယ်။

MIUI forum တွေမှာလည်း ဒီဖုန်းနှစ်လုံးနဲ့ ပတ်သက်ပြီး Pie update ရမယ်လို့ ဆိုခဲ့ပါသေးတယ်။ ဒါပေမယ့် Xiaomi ဟာ ဈေးနှုန်းသက်သာတဲ့ ဒီစမတ်ဖုန်းနှစ်လုံးအတွက် အစီအစဉ်တွေကို တိတ်တဆိတ်ပဲ ပြန်ပြောင်းပစ်ခဲ့တာပါ။ ဒါကြောင့် Redmi 6 နဲ့ Redmi 6A တို့ဟာ Android OS သစ်နဲ့ လွဲချော်တော့မှာ ဖြစ်ပါတယ်။

Redmi 6 နဲ့ Redmi 6A သုံးစွဲနေသူတွေအတွက်တော့ ကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်က ဝမ်းနည်းစရာတွေကို ယူဆောင်လာပေးတာပဲ ဖြစ်ပါလိမ့်မယ်။ ဈေးကွက်ထဲရောက်တာမှ တစ်နှစ်မပြည့်သေးတဲ့ စမတ်ဖုန်းတွေအတွက် အခုလိုမျိုး Update ရမယ်ပြောပြီးမှ ပြန်ပယ်ဖျက်ခံလိုက်ရတာဟာ အတော်လေးကို မကျေမနပ် ဖြစ်ချင်စရာပါပဲ။

Redmi 6 နဲ့ Redmi 6A တို့ဟာ ဈေးကွက်ထဲက ဈေးသက်သာတဲ့ စမတ်ဖုန်းတွေအနက် လူကြိုက်များခြင်းကို ခံခဲ့ရပါတယ်။ ပေးရတဲ့ဈေးနဲ့ ပြန်ရတဲ့ စွမ်းဆောင်ရည် ညီမျှတဲ့ ဖုန်းတွေအဖြစ် နာမည်ကျော်ခဲ့တာ ဖြစ်ပါတယ်။ ကုမ္ပဏီက ဒီဖုန်းနှစ်လုံးအတွက် Android Pie Update ပေးဖို့ ပယ်ဖျက်လိုက်ရတဲ့အကြောင်းရင်းကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမပြုခဲ့ပါဘူး။

Xiaomi ဟာ သူ့ရဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်ပြီးချိန်ကနေ နောက် ၅ နှစ်အထိ MIUI Software Update တွေ ထောက်ပံ့ပေးမယ်လို့ ဆိုခဲ့ပေမယ့်လည်း ဧပြီလဆန်းတုန်းက သက်တမ်း ၅ နှစ်မပြည့်သေးတဲ့ Redmi ဖုန်း ၇ မျိုးကို Update တွေ ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့ပါသေးတယ်။

Ref: GSMArena