Xiaomi ကနေပြီးတော့ 125 ဒေါ်လာနဲ့ Redmi 6 ကို ဇွန်လ ၁၅ ရက်နေ့က တရုတ်မှာစတင်ရောင်းချလိုက်ပြီပဲဖြစ်ပါတယ်။

RAM 3 GB 32 GB Storage အတွက်ကို 125 ဒေါ်လာနဲ့စတင်ရောင်းချခဲ့တာဖြစ်ပြီး RAM 4 GB 64GB Storage အတွက်ကိုတော့ 157 ဒေါ်လာနဲ့ရောင်းချခဲ့ပါတယ်။ Xiaomi ကစတင်ထုတ်လုပ်တုန်းက Redmi 6 နဲ့ Redmi 6A ဆိုပြီးတော့ အမျိုးအစားနှစ်မျိုးထုတ်လုပ်ထားတာဖြစ်ပြီး အခုရောင်းချတဲ့ Redmi 6 က Redmi 6A ထက်ပိုကောင်းပါတယ်။

Redmi 6 ဖုန်းဟာ 5.45 လက်မရှိပြီး Screen Resolution အနေနဲ့ 720×1440 Pixel နဲ့ 8.3 mm အထူရှိပါတယ်။ Sim Card ကတော့ Dual Sim ဖြစ်ပြီး ဖုန်းတစ်ခုလုံးရဲ့အလေးချိန်က 146 g လေးပါတယ်။

Processor ပိုင်းမှာတော့ အလယ်လတ်တန်းစားဖုန်းတွေမှာအသုံးပြုတဲ့ Media Tek ရဲ့ Helio p 22 ကိုအသုံးပြုထားပါတယ်။ကင်မရာပိုင်းမှာတော့ Dual Back Camera ကိုအသုံးပြုထားပြီးတော့ 12MP+5MP ကင်မရာတွေတပ်ဆင်ထားပါတယ်။အရှေ့ဘက်ကင်မရာကတော့ 5MP ကင်မရာမရာကိုတင်ဆင်ပေးထားပါတယ်။

ဘက်ထရီကတော့ 3000 mAh ပါဝင်ပါတယ်။ Fingerprint ကိုကြောဘက်မှာတပ်ဆင်ပေးထားပြီးတော့ Face Unlock စနစ်လဲပါရှိတယ်လို့သိရပါတယ်။

Photo: www.gsmarena.com