မေန႔တုန္းကေတာ့ TENAA မွာ Xiaomi Redmi 7 ဒါမွမဟုတ္ Redmi 7 Pro ႏွစ္မ်ိဳးထဲက တစ္မ်ိဳးရဲ႕ပုံေတြကို ေတြ႕လိုက္ရပါတယ္။ အခုေတာ့ Specs အျပည့္အစုံကို သိလို႔ရပါၿပီ။ ေတြ႕လိုက္ရတဲ့ Specs စာရင္းကေတာ့ အေတာ္ေလးကို စိတ္ဝင္စားဖို႔ေကာင္းတာပဲ ျဖစ္ပါတယ္။
ေမာ္ဒယ္နံပါတ္ M1901F9T ဟာ Clock Speed 2.3 GHz ရွိတဲ့ Octa-core CPU ကို အသုံးျပဳထားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ စိတ္ဝင္စားစရာ ေကာင္းတဲ့ေတြ႕ရွိမႈက အေရာင္ေ႐ြးခ်ယ္မႈအတြက္ ၁၁ မ်ိဳးေလာက္ရွိေနတာပါပဲ။ ဒီအတိုင္းဆိုရင္ေတာ့ Xiaomi အတြက္ စံခ်ိန္သစ္ေတြ ျဖစ္လာဦးမယ္လို႔ ထင္ပါတယ္။ ဒီဖုန္းအတြက္ RAM နဲ႔ Storage ေ႐ြးခ်ယ္စရာကလည္း မ်ားေနတာကို ေတြ႕ရပါတယ္။ ေတြ႕ျမင္ရတာေတြကေတာ့ 3/4/6GB RAM ေတြနဲ႔ 32/64/128GB storage ေတြပါပဲ။
မ်က္ႏွာျပင္အ႐ြယ္အစားက 5.84-inch ျဖစ္ၿပီး LCD အမ်ိဳးအစား ျဖစ္တာကို ေတြ႕ရပါတယ္။ Resolution ကေတာ့ Full HD+ Resolution ျဖစ္သလို မ်က္ႏွာျပင္အခ်ိဳးကလည္း 19:9 ျဖစ္ပါတယ္။ Selfie ကင္မရာကို မ်က္ႏွာျပင္ ထိပ္ပိုင္း အလယ္တည့္တည့္မွာ တပ္ဆင္ထားတာေၾကာင့္ Waterdrop notch နဲ႔ ျဖစ္ဖို႔ မ်ားတယ္လို႔ ခန႔္မွန္းရပါတယ္။ ဒါကလည္း ကုမၸဏီအတြက္ ပထမဦးဆုံး ျဖစ္ပါလိမ့္မယ္။
အဓိက ကင္မရာက 12MP ျဖစ္ၿပီး Selfie ကင္မရာကေတာ့ 8 MP ျဖစ္ပါတယ္။ OS ကေတာ့ Android 8.1 လို႔ သိရပါတယ္။ အ႐ြယ္အစားနဲ႔ ပတ္သက္ၿပီး သိရတာကေတာ့ 147.7 x 71.9 x 7.8 mm ျဖစ္ပါတယ္။ အေလးခ်ိန္က 150 ဂရမ္ပဲ ရွိပါတယ္။ အထက္မွာ ေျပာသြားခဲ့တဲ့ အေရာင္ေတြအမ်ားႀကီးဆိုတာကေတာ့ အနက္၊ အျဖဴ၊ အျပာ၊ အနီ၊ အဝါ၊ ပန္းေရာင္၊ အစိမ္း၊ ခရမ္း၊ ေ႐ႊေရာင္၊ ေငြေရာင္နဲ႔ ခဲေရာင္တို႔ပဲ ျဖစ္ၾကပါတယ္။ လက္ရွိအခ်ိန္အထိေတာ့ သိရသမွ်က ဒါအကုန္ပါပဲ။ ဒါထက္ ပိုၿပီး တိက်တဲ့၊ စိတ္ဝင္စားဖို႔ေကာင္းတဲ့ အခ်က္အလက္ေတြ ရလာရင္ ထပ္မံ ေဖာ္ျပေပးပါဦးမယ္။
Ref: GAMarena
မနေ့တုန်းကတော့ TENAA မှာ Xiaomi Redmi 7 ဒါမှမဟုတ် Redmi 7 Pro နှစ်မျိုးထဲက တစ်မျိုးရဲ့ပုံတွေကို တွေ့လိုက်ရပါတယ်။ အခုတော့ Specs အပြည့်အစုံကို သိလို့ရပါပြီ။ တွေ့လိုက်ရတဲ့ Specs စာရင်းကတော့ အတော်လေးကို စိတ်ဝင်စားဖို့ကောင်းတာပဲ ဖြစ်ပါတယ်။
မော်ဒယ်နံပါတ် M1901F9T ဟာ Clock Speed 2.3 GHz ရှိတဲ့ Octa-core CPU ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ဝင်စားစရာ ကောင်းတဲ့တွေ့ရှိမှုက အရောင်ရွေးချယ်မှုအတွက် ၁၁ မျိုးလောက်ရှိနေတာပါပဲ။ ဒီအတိုင်းဆိုရင်တော့ Xiaomi အတွက် စံချိန်သစ်တွေ ဖြစ်လာဦးမယ်လို့ ထင်ပါတယ်။ ဒီဖုန်းအတွက် RAM နဲ့ Storage ရွေးချယ်စရာကလည်း များနေတာကို တွေ့ရပါတယ်။ တွေ့မြင်ရတာတွေကတော့ 3/4/6GB RAM တွေနဲ့ 32/64/128GB storage တွေပါပဲ။
မျက်နှာပြင်အရွယ်အစားက 5.84-inch ဖြစ်ပြီး LCD အမျိုးအစား ဖြစ်တာကို တွေ့ရပါတယ်။ Resolution ကတော့ Full HD+ resolution ဖြစ်သလို မျက်နှာပြင်အချိုးကလည်း 19:9 ဖြစ်ပါတယ်။ Selfie ကင်မရာကို မျက်နှာပြင် ထိပ်ပိုင်း အလယ်တည့်တည့်မှာ တပ်ဆင်ထားတာကြောင့် Waterdrop notch နဲ့ ဖြစ်ဖို့ များတယ်လို့ ခန့်မှန်းရပါတယ်။ ဒါကလည်း ကုမ္ပဏီအတွက် ပထမဦးဆုံး ဖြစ်ပါလိမ့်မယ်။
အဓိက ကင်မရာက 12MP ဖြစ်ပြီး Selfie ကင်မရာကတော့ 8 MP ဖြစ်ပါတယ်။ OS ကတော့ Android 8.1 လို့ သိရပါတယ်။ အရွယ်အစားနဲ့ ပတ်သက်ပြီး သိရတာကတော့ 147.7 x 71.9 x 7.8 mm ဖြစ်ပါတယ်။ အလေးချိန်က 150 ဂရမ်ပဲ ရှိပါတယ်။ အထက်မှာ ပြောသွားခဲ့တဲ့ အရောင်တွေအများကြီးဆိုတာကတော့ အနက်၊ အဖြူ၊ အပြာ၊ အနီ၊ အဝါ၊ ပန်းရောင်၊ အစိမ်း၊ ခရမ်း၊ ရွှေရောင်၊ ငွေရောင်နဲ့ ခဲရောင်တို့ပဲ ဖြစ်ကြပါတယ်။ လက်ရှိအချိန်အထိတော့ သိရသမျှက ဒါအကုန်ပါပဲ။ ဒါထက် ပိုပြီး တိကျတဲ့၊ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်အလက်တွေ ရလာရင် ထပ်မံ ဖော်ပြပေးပါဦးမယ်။
Ref: GAMarena