[Zawgyi]

မၾကာခင္ ေၾကညာမယ့္  Redmi 8 ဟာ Xiaomi ရဲ႕ ေစ်းအခ်ိဳဆံုး ဖုန္းေတြထဲက ၁ လံုး ျဖစ္ၿပီး ျမန္မာေငြ ၁ သိန္း၀န္းက်င္ေလာက္ပဲ ရွိႏုိင္ပါတယ္။ အဲဒီဖုန္းကို TENAA မွာ မွတ္ပံုတင္ထားၿပီ ျဖစ္ၿပီး အခုေတာ့ China Telecom ရဲ႕ ၀က္ဘ္ဆိုက္မွာ ထြက္ေပၚလာပါတယ္။ အဲဒီအတြက္ Redmi 8 ကို ျမင္ရဖို႔ သိပ္မလိုေတာ့ပါဘူး။ Ministry of Industry and Information Technology (MIIT) ရဲ႕ ခြင့္ျပဳခ်က္လည္း ရထားၿပီးပါၿပီ။

China Telecom နဲ႔ MIIT တို႔က အဲဒီ ဖုန္းရဲ႕ ဓါတ္ပံုေတြကို တင္ထားပါတယ္။ TENAA မွာလည္း အျပာေရာင္ ေမာ္ဒယ္ရဲ႕ ဓါတ္ပံုကို ျမင္ၿပီးပါၿပီ။ အရင္ကလည္း Hands-on Photos ေတြ အြန္လိုင္းမွာ ေပါက္ၾကားထြက္ေပၚခဲ့ဖူးပါတယ္။

China Telecom မွာ ေဖာ္ျပထားတဲ့ သတင္းအခ်က္အလက္ေတြအရ Redmi 8 မွာ ၆.၂၁ လက္မ 720p+ Display ထည့္သြင္းထားၿပီး ပလတ္စတစ္ ကိုယ္ထည္နဲ႔ တည္ေဆာက္ထားပါတယ္။ အနီ၊ အစိမ္း၊ အျပာနဲ႔ အနက္ေရာင္ေတြ ထုတ္လုပ္ထားပါတယ္။ Chipset က Redmi 8A မွာလို Snapdragon 439 ျဖစ္ႏုိင္ပါတယ္။ 4GB RAM နဲ႔ 64GB Storage ေတြ ပါလာမွာျဖစ္ၿပီး Redmi 8A ထက္ ၂ ဆ ပိုမ်ားလာမွာပါ။

ကင္မရာေတြ ပိုေကာင္းလာၿပီး 12MP Main နဲ႔ 2MP Depth Sensor ေတြထည့္ထားမွာပါ။ ဆဲလ္ဖီး ကင္မရာက 8MP ျဖစ္ပါတယ္။ အရြယ္ႀကီး 5,000mAh Battery ပါလာတဲ့ အတြက္ ဘက္ထရီ သက္တမ္းက ရွယ္လန္းမွာပါ။ အားအျမန္သြင္းေပးႏုိင္တဲ့ USB-C Port နဲ႔ 3.5mm Headphone Jack ပါလာမွာပါ။  China Telecom က သူ႔ကို ယြမ္ ၁,၆၀၀ နဲ႔ စာရင္းတင္ထားၿပီး ျမန္မာေငြ ၃ သိန္းခြဲေလာက္ ရွိပါတယ္။ Redmi 8A ေတာင္ ျမန္မာေငြ ၁ သိန္းခြဲေလာက္ပဲရွိတဲ့ အတြက္ အဲဒီ ေစ်းဟာ မွားေနႏုိင္ပါတယ္။ မၾကာခင္မွာ အဲဒီဖုန္းရဲ႕ သတင္းအခ်က္အလက္ေတြကို ပိုသိလာရမွာပါ။

Ref : gsmarena

[Unicode]

Xiaomi Redmi 8 ရဲ့ Specs တွေ China Telecom ကနေ ထွက်ပေါ်လာ

မကြာခင် ကြေညာမယ့် Redmi 8 ဟာ Xiaomi ရဲ့ ဈေးအချိုဆုံး ဖုန်းတွေထဲက ၁ လုံး ဖြစ်ပြီး မြန်မာငွေ ၁ သိန်းဝန်းကျင်လောက်ပဲ ရှိနိုင်ပါတယ်။ အဲဒီဖုန်းကို TENAA မှာ မှတ်ပုံတင်ထားပြီ ဖြစ်ပြီး အခုတော့ China Telecom ရဲ့ ဝက်ဘ်ဆိုက်မှာ ထွက်ပေါ်လာပါတယ်။ အဲဒီအတွက် Redmi 8 ကို မြင်ရဖို့ သိပ်မလိုတော့ပါဘူး။ Ministry of Industry and Information Technology (MIIT) ရဲ့ ခွင့်ပြုချက်လည်း ရထားပြီးပါပြီ။

China Telecom နဲ့ MIIT တို့က အဲဒီ ဖုန်းရဲ့ ဓါတ်ပုံတွေကို တင်ထားပါတယ်။ TENAA မှာလည်း အပြာရောင် မော်ဒယ်ရဲ့ ဓါတ်ပုံကို မြင်ပြီးပါပြီ။ အရင်ကလည်း Hands-on Photos တွေ အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။

China Telecom မှာ ဖော်ပြထားတဲ့ သတင်းအချက်အလက်တွေအရ Redmi 8 မှာ ၆.၂၁ လက်မ 720p+ Display ထည့်သွင်းထားပြီး ပလတ်စတစ် ကိုယ်ထည်နဲ့ တည်ဆောက်ထားပါတယ်။ အနီ၊ အစိမ်း၊ အပြာနဲ့ အနက်ရောင်တွေ ထုတ်လုပ်ထားပါတယ်။ Chipset က Redmi 8A မှာလို Snapdragon 439 ဖြစ်နိုင်ပါတယ်။ 4GB RAM နဲ့ 64GB Storage တွေ ပါလာမှာဖြစ်ပြီး Redmi 8A ထက် ၂ ဆ ပိုများလာမှာပါ။

ကင်မရာတွေ ပိုကောင်းလာပြီး 12MP Main နဲ့ 2MP Depth Sensor တွေထည့်ထားမှာပါ။ ဆဲလ်ဖီး ကင်မရာက 8MP ဖြစ်ပါတယ်။ အရွယ်ကြီး 5,000mAh Battery ပါလာတဲ့ အတွက် ဘက်ထရီ သက်တမ်းက ရှယ်လန်းမှာပါ။ အားအမြန်သွင်းပေးနိုင်တဲ့ USB-C Port နဲ့ 3.5mm Headphone Jack ပါလာမှာပါ။ China Telecom က သူ့ကို ယွမ် ၁,၆၀၀ နဲ့ စာရင်းတင်ထားပြီး မြန်မာငွေ ၃ သိန်းခွဲလောက် ရှိပါတယ်။ Redmi 8A တောင် မြန်မာငွေ ၁ သိန်းခွဲလောက်ပဲရှိတဲ့ အတွက် အဲဒီ ဈေးဟာ မှားနေနိုင်ပါတယ်။ မကြာခင်မှာ အဲဒီဖုန်းရဲ့ သတင်းအချက်အလက်တွေကို ပိုသိလာရမှာပါ။

Ref : gsmarena