Zawgyi

တရုတ္အေျခစိုက္ စမတ္ဖုန္းထုတ္လုပ္သူ Xiaomi အေနနဲ႔ သူတုိ႔ရဲ႕ေစ်းပုိခ်ဳိသာတဲ့ အမွတ္တံဆိပ္ခြဲ Redmi ကို ဖန္တီးခဲ့ၿပီးေနာက္ စမတ္ဖုန္းအသစ္ေတြကို ဆက္တိုက္ထုတ္လုပ္ေနတာ အံ့ၾသစရာမဟုတ္ေပမယ့္ အခုျမင္ရမယ့္ ဖုန္းရဲ႕ အမည္ကေတာ့ အနည္းငယ္ အံ့ၾသဖြယ္ပါ။ Xiaomi ရဲ႕တရားဝင္ဝက္ဆုိက္မွာ RF Certification ရရွိမႈအခ်က္အလက္ကို တင္ထားတဲ့ အမည္အရေတာ့ ဖုန္းအသစ္ဟာ Redmi 8A Pro လို႔ေခၚတြင္မွာျဖစ္ပါတယ္။

Redmi 8A ကို တစ္ေန႔ကမွ မိတ္ဆက္ခဲ့တာျဖစ္ၿပီး Pro ဗားရွင္းကို တစ္ပါတည္း မထည့္လာတဲ့အတြက္ေရာ Flagship လည္းမဟုတ္တဲ့အတြက္ပါ Pro ဗားရွင္းကို ထပ္ျမင္ရလိမ့္မယ္လို႔ မထင္ထားခဲ့မိပါဘူး။ Redmi A စီးရီးလို႔ သတ္မွတ္ထားတဲ့ Redmi 8A ဟာ Entry-level ဘတ္ဂ်က္ဖုန္းတစ္လုံးသာျဖစ္ေပမယ့္ ၂၀၁၉ ထဲမွာ ေခတ္စားေနတဲ့ Pro ဗားရွင္းကို အျခားစမတ္ဖုန္းေတြနည္းတူ ရရွိမွာကို ဝမ္းသာစရာ ျမင္ေတြ႕ရပါၿပီ။

ေလာေလာဆယ္မွာေတာ့ Redmi 8A Pro ရဲ႕ Specs ေတြကို မသိရေသးတဲ့အတြက္ မူရင္း 8A နဲ႔ ဘာေတြ ကြာျခားမလဲ ဆုိတာ ေစာင့္ၾကည့္ရဦးမွာပါ။ ရုိးရုိး Redmi 8A ဟန္းဆက္မွာေတာ့ 6.22” လက္မအရြယ္ HD+ LCD Display တစ္ခုနဲ႔ Snapdragon 439 ခ်စ္ပ္ဆက္တုိ႔ ပါဝင္ပါတယ္။

မန္မုိရီက 2GB / 3GB RAM နဲ႔ Storage ကေတာ့ 32GB တစ္မ်ဳိးထဲပါ။ ေရွ႕ဘက္မ်က္ႏွာျပင္က Waterdrop Notch ေလးထဲမွာ 8MP Selfie ကင္မရာတစ္ခု ပါဝင္ၿပီး ေနာက္ဘက္မွာေတာ့ 12MP f/1.8 အဓိက Sensor ပါဝင္ပါတယ္။ ဘကၳရီ ကေတာ့ 5,000 mAh ေတာင္ျဖစ္ပါတယ္။ ေလာေလာဆယ္ Android 9 Pie ကိုအေျခခံထားတဲ့ MIUI 10 နဲ႔ ထြက္လာေပမယ့္ MIUI 11 မၾကာခင္ထြက္လာတဲ့အခါမွာလည္း ပထမဆုံးေန႔ရက္မွာတင္ Update တင္ႏုိင္မယ့္အထဲ Redmi 8A Pro လည္း အပါအဝင္ျဖစ္မွာပါ။

ယူရုိတစ္ရာဝန္းက်င္ ေစ်းႏႈန္းနဲ႔ ဝိတ္ေလွ်ာ့ထားတဲ့ Redmi 8A ဟန္းဆက္ကို အားသိပ္မရေသးတဲ့သူေတြကေတာ့ ေစ်းႏႈန္းနဲ႔ Specs ႏွစ္မ်ဳိးလုံး ပိုေကာင္းပိုမ်ားလာမယ့္ Redmi 8A Pro ကို တစ္ခ်က္ေစာင့္ၾကည့္အားေပးတာ ပုိေကာင္းပါလိမ့္မယ္။

Ref – GSM Arena

Unicode

တရုတ်အခြေစိုက် စမတ်ဖုန်းထုတ်လုပ်သူ Xiaomi အနေနဲ့ သူတို့ရဲ့ဈေးပိုချိုသာတဲ့ အမှတ်တံဆိပ်ခွဲ Redmi ကို ဖန်တီးခဲ့ပြီးနောက် စမတ်ဖုန်းအသစ်တွေကို ဆက်တိုက်ထုတ်လုပ်နေတာ အံ့သြစရာမဟုတ်ပေမယ့် အခုမြင်ရမယ့် ဖုန်းရဲ့ အမည်ကတော့ အနည်းငယ် အံ့သြဖွယ်ပါ။ Xiaomi ရဲ့တရားဝင်ဝက်ဆိုက်မှာ RF Certification ရရှိမှုအချက်အလက်ကို တင်ထားတဲ့ အမည်အရတော့ ဖုန်းအသစ်ဟာ Redmi 8A Pro လို့ခေါ်တွင်မှာဖြစ်ပါတယ်။

Redmi 8A ကို တစ်နေ့ကမှ မိတ်ဆက်ခဲ့တာဖြစ်ပြီး Pro ဗားရှင်းကို တစ်ပါတည်း မထည့်လာတဲ့အတွက်ရော Flagship လည်းမဟုတ်တဲ့အတွက်ပါ Pro ဗားရှင်းကို ထပ်မြင်ရလိမ့်မယ်လို့ မထင်ထားခဲ့မိပါဘူး။ Redmi A စီးရီးလို့ သတ်မှတ်ထားတဲ့ Redmi 8A ဟာ Entry-level ဘတ်ဂျက်ဖုန်းတစ်လုံးသာဖြစ်ပေမယ့် ၂၀၁၉ ထဲမှာ ခေတ်စားနေတဲ့ Pro ဗားရှင်းကို အခြားစမတ်ဖုန်းတွေနည်းတူ ရရှိမှာကို ဝမ်းသာစရာ မြင်တွေ့ရပါပြီ။

လောလောဆယ်မှာတော့ Redmi 8A Pro ရဲ့ Specs တွေကို မသိရသေးတဲ့အတွက် မူရင်း 8A နဲ့ ဘာတွေ ကွာခြားမလဲ ဆိုတာ စောင့်ကြည့်ရဦးမှာပါ။ ရိုးရိုး Redmi 8A ဟန်းဆက်မှာတော့ 6.22” လက်မအရွယ် HD+ LCD Display တစ်ခုနဲ့ Snapdragon 439 ချစ်ပ်ဆက်တို့ ပါဝင်ပါတယ်။

မန်မိုရီက 2GB / 3GB RAM နဲ့ Storage ကတော့ 32GB တစ်မျိုးထဲပါ။ ရှေ့ဘက်မျက်နှာပြင်က Waterdrop Notch လေးထဲမှာ 8MP Selfie ကင်မရာတစ်ခု ပါဝင်ပြီး နောက်ဘက်မှာတော့ 12MP f/1.8 အဓိက Sensor ပါဝင်ပါတယ်။ ဘက္ထရီ ကတော့ 5,000 mAh တောင်ဖြစ်ပါတယ်။ လောလောဆယ် Android 9 Pie ကိုအခြေခံထားတဲ့ MIUI 10 နဲ့ ထွက်လာပေမယ့် MIUI 11 မကြာခင်ထွက်လာတဲ့အခါမှာလည်း ပထမဆုံးနေ့ရက်မှာတင် Update တင်နိုင်မယ့်အထဲ Redmi 8A Pro လည်း အပါအဝင်ဖြစ်မှာပါ။

ယူရိုတစ်ရာဝန်းကျင် ဈေးနှုန်းနဲ့ ဝိတ်လျှော့ထားတဲ့ Redmi 8A ဟန်းဆက်ကို အားသိပ်မရသေးတဲ့သူတွေကတော့ ဈေးနှုန်းနဲ့ Specs နှစ်မျိုးလုံး ပိုကောင်းပိုများလာမယ့် Redmi 8A Pro ကို တစ်ချက်စောင့်ကြည့်အားပေးတာ ပိုကောင်းပါလိမ့်မယ်။

Ref – GSM Arena