Xiaomi ကနေ Redmi Note 9 Series ဖုန်းတွေကို ရောင်းချနေပြီဖြစ်ပေမယ့် စျေးပိုသက်သာတဲ့ Redmi 9 Series ဖုန်းတွေကိုတော့ မမိတ်ဆက်သေးဘဲ အချိန်ဆွဲထားခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Xiaomi ကနေ Redmi 9 ဖုန်းကို တရားဝင်မိတ်ဆက်လိုက်ပါပြီ။

အဆိုပါ Redmi 9 စမတ်ဖုန်းဟာ ယခင်တုန်းက သတင်းတွေထွက်ရှိထားသလိုမျိုးပဲ 6.53″ Full HD+ LCD Display ကိုမှ Gorilla Glass 3 အပြင် Screen-to-Body Ratio 89.83% အထိရှိမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ယခင် Redmi 8 လိုမျိုး စမတ်ဖုန်းတွေနဲ့ နှိုင်းယှဥ်မယ်ဆိုရင် သိသိသာသာကိုကောင်းမွန်လာမှာပါ။

Performance ပိုင်းအနေနဲ့ကတော့ MediaTek Helio G80 Chipset ကို အသုံးပြုထားပြီးတော့ RAM 3GB + 32GB သို့မဟုတ် RAM 4GB + 64GB ဆိုပြီး ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။ တကယ်လို့ Storage ကိုထပ်ပြီး တိုးချဲ့ချင်တယ်ဆိုရင်တေ့ာ SIM 2 Slot ကနေ 512GB MicroSD Card အထိ ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။

Camera ပိုင်းအနေနဲ့ Quad Camera Setup ကို အသုံးပြုထားပြီး 13MP Primary Sensor ၊ 8MP Ultrawide ၊ 5MP Macro နဲ့ 2MP Depth Sensor တွေပါဝင်မှာဖြစ်ပါတယ်။ Selfie Camera ကိုတော့ Waterdrop Notch Design နဲ့ 8MP Sensor ထည့်သွင်းပေးထားပါတယ်။

Battery ပိုင်းအနေနဲ့ 5020mAh Battery အပြင် 18W Fast Charging အထိ Support ပေးနိုင်မယ်လို့ သိရပါတယ်။ ဒါပေမယ့် ဖုန်းဘူးထဲမှာတော့ 10W USB-C Charger ပဲပါဝင်မှာဖြစ်ပြီး 18W Charger ကို သီးသန့်ဝယ်ယူရမှာဖြစ်ပါတယ်။ အရောင်အနေနဲ့ကတော့ Black ၊ Green နဲ့ Purple ဆိုပြီး ၃ ရောင်ရွေးချယ်နိုင်မှာပါ။

စျေးနှုန်းအနေနဲ့ကတော့ လက်ရှိ Xiaomi Spain Website မှာ ရောင်းချတဲ့စျေးနှုန်းတွေအနေနဲ့ RAM 3GB + 32GB Version ကို €149 (မြန်မာငွေ ၂ သိန်း ၃ သောင်းဝန်းကျင်) ၊ RAM 4GB + 64GB Version ကို €179 (မြန်မာငွေ ၂ သိန်း ၈ သောင်းဝန်းကျင်) သတ်မှတ်ထားတယ်လို့ သိရပါတယ်။ တစ်ချို့သော Online Shopping Website တွေကနေလည်း $139 (မြန်မာငွေ ၂ သိန်းဝန်းကျင်) နဲ့ ရောင်းချနေပြီဖြစ်ပါတယ်။

Ref – GSM Arena