Xiaomi Redmi 9 ကို ၂၅ ရက်နေ့မှာ ကြေညာမယ်လို့ သတင်းထွက်နေပြီး အခုတော့ အွန်လိုင်း စတိုး Lazada Filipino ကနေ အဲဒီဖုန်းရဲ့ ဓါတ်ပုံ၊ Specs နဲ့ဈေးနှုန်းတွေ ထွက်လာပါတယ်။ Lazada က Specs တွေဟာ အရင်က ထွက်ခဲ့တဲ့ သတင်းတွေနဲ့ တူနေပြီး Redmi 9 မှာ Helio  G80 SoC မောင်းနှင်ထားမှာပါ။ 3/32GB နဲ့ 4/64GB Memory ၂ မျိုးထုတ်လုပ်ထားပြီး microSD Card စိုက်နိုင်ပါတယ်။ ဖိလစ်ပိုင် ပီဆို ၆,၉၉၀ နဲ့ ၇,၄၉၀ အသီးသီး သတ်မှတ်ထားပြီး မြန်မာငွေ ၁ သိန်း ၉ သောင်းနဲ့ ၂ သိန်း ၁ သောင်းလောက် အသီးသီး ကျသင့်မှာပါ။

၆.၅၃ လက်မ FullHD+ မျက်နှာပြင် ပါလာပြီး Notch မှာ 8MP ကင်မရာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်ဟာ Texture ဒီဇိုင်း ဖြစ်ပြီး Redmi K30 နဲ့ Redmi Note 8 Pro တို့ကို ပေါင်းစပ်ထားသလို ဖြစ်ပါတယ်။ အနောက်ဘက်မှာ 13MP Main , 8MP Ultrawide , 5MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံး တပ်ဆင်ထားပါတယ်။

Redmi 9 အတွက် ၃ ရောင် ထုတ်လုပ်ထားပြီး 5,020mAh ဘက်ထရီမှာ 18W Charging ထောက်ပံ့ထားပါတယ်။ USB-C Port ပါလာပြီး အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ AI Face Unlock , IR Blaster , Dual SIM Support နဲ့ နားကြပ်ပေါက် ပါပါတယ်။ မကြေညာရသေးခင်မှာ Lazada က  32GB Version ကို Flash Sale ရောင်းပေးနေပါတယ်။ Xiaomi Philippines က Redmi 9 အကြောင်း ဘာမှမပြောသေးပါဘူး။

Ref : gsmarena