Xiaomi ရဲ့ အမှတ်တံဆိပ်ခွဲ Redmi ဟာ အခုလအစောပိုင်းမှာ Redmi 9 စီးရီးကို စတင်မိတ်ဆက်ခဲ့ပြီး ယနေ့မှာတော့ အဖွဲ့ဝင်သစ်နှစ်ယောက်ဖြစ်တဲ့ Redmi 9A နဲ့ 9C တို့ကို ထပ်မံမိတ်ဆက်လာခဲ့ပါပြီ။

Redmi 9A ဖုန်းမှာ Helio G25 ချစ်ပ်ဆက်ကို အသုံးပြုထားပြီး မန်မိုရီက 2/32 GB ဖြစ်ပါတယ်။ Display က 6.53” 720p ဖြစ်ပြီး 5,000 mAh ဘက္ထရီနဲ့ပါ။ နောက်ဘက်မှာ 13MP ကင်မရာနဲ့ ရှေ့ဘက် Waterdrop Notch ထဲမှာ 5MP ဆဲလ်ဖီးကင်မရာတို့ ပါဝင်ပါတယ်။

Redmi 9C မှာတော့ Helio G35 ချစ်ပ်ဆက်က ဦးဆောင်ထားပြီး 2/32 GB မန်မိုရီအတွဲနဲ့ပါပဲ။ Display ကလည်း တူညီတဲ့ 6.53” HD+ Panel ဖြစ်ကာ Waterdrop Notch ဒီဇိုင်းနဲ့ 5,000 mAh ဘက္ထရီ ပါဝင်တာလည်း တူပါတယ်။

5MP ဆဲလ်ဖီးကင်မရာနဲ့ 13MP အဓိကကင်မရာတွေထိ တူညီသေးပေမယ့် နောက်ဘက်ကင်မရာကတော့ Sensor နှစ်ခု အပိုပါလာပြီး ဘာအတွက်ဆိုတာတော့ မကြေညာထားသေးပါဘူး။ Redmi 9A မှာမပါတဲ့ ကျောဘက်က Fingerprint Scanner လည်း 9C မှာ အပိုပါလာပါတယ်။

Redmi 9A ကို မလေးရင်းဂစ် 359 (မြန်မာကျပ်ငွေ တစ်သိန်းတစ်သောင်းကျော်) သတ်မှတ်ထားပြီး Redmi 9C ကိုတော့ ရင်းဂစ် ၄၂၉ (ကျပ်ငွေ တစ်သိန်းလေးသောင်းနီးပါး) ကျသင့်မှာဖြစ်ပါတယ်။

Ref – GSMArena