Xiaomi ဟာ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ Redmi K60 Series အပါအဝင် တခြားသော Product အသစ်တွေကို မိတ်ဆက်ဖို့စီစဥ်ထားပါတယ်။ အဆိုပါ Event မှာ စျေးနှုန်းသက်သာတဲ့ Fitness Tracker ဖြစ်တဲ Redmi Band 2 လည်းပါဝင်မှာဖြစ်ပြီး Redmi Watch 3 ၊ Redmi Buds 4 Lite လိုမျိုး Gadget အသစ်တွေလည်း မိတ်ဆက်မှာဖြစ်ပါတယ်။

အခုလည်း Redmi Band 2 ရဲ့ Display အပြင် တခြားသော Specification အချို့က ပေါက်ကြားလာခဲ့ပါပြီ။ အဓိကအနေနဲ့ ဒီဇိုင်းပိုင်းကို ပြောင်းလဲထားမှာဖြစ်ပြီး ယခင် Generation ထက် ၇၉ ရာခိုင်နှုန်းပိုမိုကြီးမားတဲ့ 1.47-inch Display ပါဝင်လာမယ်လို့ သိရပါတယ်။ ဒါ့အပြင် အထူကလည်း 9.99mm ပဲရှိမှာဖြစ်တဲ့အတွက် Fitness Tracker တစ်ခုအနေနဲ့ တော်တော်လေးပါးလွှာတယ်လို့ ဆိုနိုင်ပါတယ်။

Xiaomi ကနေ ထုတ်ပြန်ခဲ့တဲ့ Teaser ဓါတ်ပုံအရတော့ Redmi Band 2 ဟာ Watch Band ကို အပြာနုရောင်နဲ့ ထုတ်လုပ်သွားမှာဖြစ်ပြီး တခြားသော အရောင်တွေကိုလည်း ဝယ်ယူနိုင်မယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် Redmi Band 2 ဟာ Fitness Tracker တစ်ခုဖြစ်တဲ့အတွက် ဘေးဘက်ဘောင်တွေမှာတော့ Button တွေပါဝင်မှာမဟုတ်ပါဘူး။

ဒါကြောင့် Smartwatch ကို စိတ်ဝင်စားတဲ့သူတွေအတွက်ကတော့ Redmi Watch 3 က ပိုမိုသင့်တော်မှာဖြစ်ပါတယ်။ ဒါပေမယ့် Redmi Watch 3 ဟာ ညာဘက်ဘေးမှာ Control Button အပြင် Square Dial တစ်ခုပါဝင်လာပြီး အစိမ်းရောင်လက်ပတ်ကြိုးပါဝင်လာမယ်ဆိုတာကလွဲပြီး တခြားသော အချက်အလက်တွေကို သိရှိရခြင်းမရှိသေးပါဘူး။

Redmi Band 1st Generation ဟာ အလွန်သက်သာတဲ့ ၉၉ ယွမ် (မြန်မာငွေ ၄ သောင်းဝန်းကျင်) နဲ့ မိတ်ဆက်ခဲ့တာဖြစ်ပေမယ့် အခု Redmi Band 2 ကတော့ အဆင့်မြှင့်တင်မှုတွေ ပိုများပြားလာသလို စျေးနှုန်းလည်း ပိုမြင့်မားလာဖွယ်ရှိနေပါတယ်။

Ref – Gizmo China