Xiaomi က တရုတ်မှာ Redmi K60 Ultra ကို ကြေညာဖို့ ပြင်ဆင်နေပြီး အဲဒီ ဖုန်းကို နိုင်ငံတကာမှာ Xiaomi 13T Pro အမည်နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။ အခုတော့ နာမည်ကြီး Tipster Digital Chat Station က အဲဒီ စမတ်ဖုန်းရဲ့ ပုံကြမ်း ဓါတ်ပုံကို မျှဝေလိုက်ပါတယ်။ တကယ့် ဖုန်း ဒီဇိုင်း အပြည့်အစုံကို မမြင်ရပေမယ့် ဒီဇိုင်း အနည်းကို လေ့လာလို့ရလာပါတယ်။

Xiaomi Redmi K60 Ultra, also known as Xiaomi 13T Pro, schematics surface,

Xiaomi 13T Pro မှာ မျက်နှာပြင်ဘေးဘောင်တွေက ပါးလွှာပြီး မျက်နှာပြင် အထက် အလယ်မှာ အရှေ့ ကင်မရာ အတွက် Punch Hole တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ စတုရန်း ပုံ ကင်မရာ Module ထဲမှာ အရွယ်ကြီး ကင်မရာ ၂ လုံးနဲ့ အရွယ်သေး ကင်မရာ ၁ လုံး ထည့်သွင်းထားပါတယ်။ အဲဒီ အရွယ်သေး ကင်မရာဟာ 2MP Macro ဖြစ်နိုင်ပါတယ်။ တခြား ကင်မရာ ၂ လုံးရဲ့ သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။

Leaked Redmi K60 Ultra Design Diagram Reveals Sleek And Near Bezel-less Front | SPARROWS NEWS

ပုံကြမ်း ဓါတ်ပုံမှာ ဖုန်း ဒီဇိုင်းကို သေသေချာချာ မမြင်ရပေမယ့် ဘေးဘက်တွေက ပြားချပ်တဲ့ပုံပေါ်ပါတယ်။ လက်ရှိ ထွက်ထားတဲ့ iPhone တွေနဲ့တောင် တူညီပါတယ်။

မတ်လက ထွက်ခဲ့တဲ့ သတင်းအရ Redmi K60 Ultra မှာ Dimensity 9200 SoC မောင်းနှင်ထားနိုင်ပြီး 6.7” 144Hz OLED မျက်နှာပြင် ပါလာနိုင်ပါတယ်။ အရွယ်ကြီး ဘက်ထရီနဲ့ 100W Fast Charging ထည့်သွင်းထားနိုင်ပါတယ်။

Ref : gsmarena