Zawgyi

တ႐ုတ္ႏိုင္ငံ Henan စီရင္စုမွာရွိတဲ့ Song Yujie အမည္ရွိ Zhoukou ၿမိဳ႕သားတစ္ဦးဟာ Redmi Note 7 Pro ဖုန္းကို အသုံးျပဳေနဆဲမွာ ေပါက္ကြဲမီးေလာင္မႈျဖစ္ပြားခဲ့ပါတယ္။ အဆိုပါ Redmi Note 7 Pro စမတ္ဖုန္းဟာ ၿပီးခဲ့တဲ့ ဇူလိုင္လ ၂၄ ရက္ေန႔မွာ ဝယ္ယူခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ၂၉ ရက္ေန႔မွာ မီးေလာင္မႈျဖစ္ပြားခဲ့တာျဖစ္ပါတယ္။

အခုျဖစ္ပြားခဲ့တဲ့ မီးေလာင္မႈဟာ Report အရေတာ့ ဖုန္းကို Fiber နဲ႔ ျပဳလုပ္ထားတဲ့ အိပ္ရာခင္းေပၚမွာထားၿပီး အိပ္ေပ်ာ္ေနတဲ့အခ်ိန္မွာ ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ အဲ့ဒီအတြက္ ဖုန္းက ေလာင္ကြၽမ္းမႈျဖစ္တဲ့အခ်ိန္မွာ အိပ္ရာခင္းနဲ႔ထိေနတာက လြဲၿပီး ဘာမွ ထိခိုက္မႈမရွိဘူးလို႔ သိရပါတယ္။ အခုေလာင္ကြၽမ္းမႈမွာလည္း ဖုန္းကို ဖယ္ရွားတဲ့အခ်ိန္မွာ လက္ကိုပါ ေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့ပါေသးတယ္။

ဒီလို ေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့အခ်ိန္အနည္းငယ္ၾကာျမင့္ၿပီျဖစ္ေပမယ့္ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ ၂၈ ရက္ေန႔ကမွ Xiaomi After-sale Service ကေန အခုျဖစ္ပြားမႈဟာ ဖုန္းရဲ႕ခြၽတ္ယြင္းခ်က္ေၾကာင့္ျဖစ္ပြားတာမဟုတ္ဘူးဆိုၿပီး ျငင္းဆန္ခဲ့တာျဖစ္ပါတယ္။ Xiaomi Redmi Note 7 Pro စမတ္ဖုန္းဟာ 18-months Warranty ပါဝင္တယ္ဆိုေပမယ့္ အခုလိုမ်ိဳး ျငင္းဆိုခံရတဲ့အတြက္ Warranty ရရွိမွာမဟုတ္ပါဘူး။

ယခင္တုန္းကလည္း ဝယ္ယူထားၿပီး သက္တမ္း ၁ လပဲၾကာျမင့္ေသးတဲ့ Redmi Note 7S ဖုန္းတစ္လုံးကလည္း အခုလိုမ်ိဳးပဲ စားပြဲေပၚမွာတင္ထားတုန္း မီးေလာင္မႈျဖစ္ပြားခဲ့ပါေသးတယ္။ ဘာပဲျဖစ္ျဖစ္ Xiaomi အေနနဲ႔ ျဖစ္ပြားရျခင္းအေၾကာင္းအရင္းကိုပါ ထုတ္ေဖာ္ေျပာၾကားျခင္းမရွိတဲ့အတြက္ ဘာေၾကာင့္အခုလို မီးေလာင္မႈျဖစ္သလဲဆိုတာကေတာ့ မသိရွိရေသးပါဘူး။

Ref – Gizmo China

Unicode

တရုတ်နိုင်ငံ Henan စီရင်စုမှာရှိတဲ့ Song Yujie အမည်ရှိ Zhoukou မြို့သားတစ်ဦးဟာ Redmi Note 7 Pro ဖုန်းကို အသုံးပြုနေဆဲမှာ ပေါက်ကွဲမီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ Redmi Note 7 Pro စမတ်ဖုန်းဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့မှာ ဝယ်ယူခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့မှာ မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အခုဖြစ်ပွားခဲ့တဲ့ မီးလောင်မှုဟာ Report အရတော့ ဖုန်းကို Fiber နဲ့ ပြုလုပ်ထားတဲ့ အိပ်ရာခင်းပေါ်မှာထားပြီး အိပ်ပျော်နေတဲ့အချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဖုန်းက လောင်ကျွမ်းမှုဖြစ်တဲ့အချိန်မှာ အိပ်ရာခင်းနဲ့ထိနေတာက လွဲပြီး ဘာမှ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။ အခုလောင်ကျွမ်းမှုမှာလည်း ဖုန်းကို ဖယ်ရှားတဲ့အချိန်မှာ လက်ကိုပါ လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါသေးတယ်။

ဒီလို လောင်ကျွမ်းမှုဖြစ်ပွားခဲ့အချိန်အနည်းငယ်ကြာမြှင့်ပြီဖြစ်ပေမယ့် အခုပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့ကမှ Xiaomi After-sale Service ကနေ အခုဖြစ်ပွားမှုဟာ ဖုန်းရဲ့ချွတ်ယွင်းချက်ကြောင့်ဖြစ်ပွားတာမဟုတ်ဘူးဆိုပြီး ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ Xiaomi Redmi Note 7 Pro စမတ်ဖုန်းဟာ 18-months Warranty ပါဝင်တယ်ဆိုပေမယ့် အခုလိုမျိုး ငြင်းဆိုခံရတဲ့အတွက် Warranty ရရှိမှာမဟုတ်ပါဘူး။

ယခင်တုန်းကလည်း ဝယ်ယူထားပြီး သက်တမ်း ၁ လပဲကြာမြင့်သေးတဲ့ Redmi Note 7S ဖုန်းတစ်လုံးကလည်း အခုလိုမျိုးပဲ စားပွဲပေါ်မှာတင်ထားတုန်း မီးလောင်မှုဖြစ်ပွားခဲ့ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် Xiaomi အနေနဲ့ ဖြစ်ပွားရခြင်းအကြောင်းအရင်းကိုပါ ထုတ်ဖော်ပြောကြားခြင်းမရှိတဲ့အတွက် ဘာကြောင့်အခုလို မီးလောင်မှုဖြစ်သလဲဆိုတာကတော့ မသိရှိရသေးပါဘူး။

Ref – Gizmo China