[Zawgyi]





Ref : gsmarena

[Unicode]

Redmi Note 8 ရဲ့ Cosmic Purple အရောင်ကို အိန္ဒိယမှာ ရောင်းပြီ

Redmi Note 8 ရဲ့ Space Black , Neptune Blue နဲ့ Moonlight White အရောင်တွေကို အိန္ဒိယမှာ ရောင်းချပေးထားပါတယ်။ အခုတော့ စတုတ္ထမြောက် အရောင် ဖြစ်တဲ့ Cosmic Purple ကို အိန္ဒိယမှာ မိတ်ဆက်လိုက်ပါတယ်။ 4/64GB Model ကို ၉,၉၉၉ ရူပီးနဲ့ 6/128GB Model ကို ၁၂,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၂၁၀,၀၀၀ နဲ့ ၂၇၀,၀၀၀ လောက် အသီးသီးကျသင့်မှာပါ။ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ Mi.com နဲ့ Mi Home Stores တွေကနေ အိန္ဒိယမှာ ရောင်းချမှာ ဖြစ်ပါတယ်။

Redmi Note 8 ရဲ့ Specs တွေကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ ၆.၃ လက်မ IPS LCD Display ထည့်သွင်းထားပြီး Full HD+ Resolution ဖြစ်ပါတယ်။ Snapdragon 665 SoC မောင်းနှင်ထားပါတယ်။ Waterdrop Notch မှာ 13MP Selfie Camera တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ Camera ၄ လုံးကို ဒေါင်လိုက်တပ်ဆင်ထားပြီး 48MP Main , 8MP Ultrawide , 2MP Depth နဲ့ 2MP Macro တွေ ဖြစ်ပါတယ်။

Android Pie အခြေပြု MIUI 10 မောင်းနှင်ထားပြီး 18W Fast Charging ပါတဲ့ 4,000mAh Battery ပါပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ အဲဒီဖုန်းမှာ ရေစက်ရေပေါက်တွေကို ခံနိုင်တဲ့ IP52 စံနှုန်း ပါပြီး မျက်လုံး မထိခိုက်အောင် ကာကွယ်ပေးတဲ့ TUV Rheinland Certification ရထားပါတယ်။ Storage မြှင့်တင်ဖို့ microSD Card Slot ပါပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Xiaomi က Storage ပိုများတဲ့ Redmi Note 8 Pro Model ကို ကြေညာခဲ့ပါတယ်။ 8GB RAM နဲ့ 256GB Storage ထည့်သွင်းထားပြီး Memory အများဆုံး Model ဖြစ်လာပါတယ်။ ၁,၈၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၄၀၀,၀၀၀ လောက်ရှိပါတယ်။ အရင်က 6/64GB နဲ့ 8/128GB Model တွေ ထုတ်လုပ်ရောင်းချထားပါတယ်။

Ref : gsmarena