Xiaomi ရဲ့ နာမည်အကြီးဆုံး စွမ်းရည်သင့် ဖုန်း ၁ လုံး ဖြစ်တဲ့ Redmi Note 8 Pro ဟာ MIUI Update Cycle ရဲ့ ဒုတိယ အဆင့်ကို ရောက်လာပြီ ဖြစ်ပါတယ်။ အဲဒီအတွက် MIUI 12 Final Stable ရဖို့ နီးစပ်လာနေပြီဖြစ်ပါတယ်။ တချို့ Beta Tester တွေဟာ အဲဒီဖုန်းရဲ့ Global Version အတွက် MIUI 12 Stable Beta ကို ရနေကြပါပြီ။ Build Number ဟာ  MIUI 12.0.0.4 QGGMIXM ဖြစ်ပြီး အရွယ်အစားက 632MB ရှိပါတယ်။

Update မှာ Dark Mode 2.0 လို MIUI 12 လုပ်ဆောင်ချက် အများစု ထည့်ထားပြီး လုံခြုံရေး ပိုကောင်းလာပါတယ်။ ကင်မရာ စွမ်းရည် အသစ်တွေ ပါလာပြီး System Animation နဲ့ UI ကို ဆန်းသစ်ထားပါတယ်။ Redmi Note 7 နဲ့ Poco F1 တို့ဟာလည်း MIUI 12 Beta အဆင့်ကို ရောက်လာကြပြီ ဖြစ်တဲ့ အတွက် Final နဲ့ Stable Beta Version တွေကို မကြာခင် ရရှိတော့မယ်လို့ ထင်ပါတယ်။

လက်ရှိမှာ Update ကို Beta Tester တွေအတွက်ပဲ ဖြန့်ချိပေးထားသေးပေမယ့် MIUI 12 Stable Global Version ကို မကြာခင် ရတော့မှာ ဖြစ်ပြီး Bugs ကြီးကြီးမားမား မရှိရင် လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ဖြန့်ချိပေးနိုင်ပါတယ်။

Ref : gsmarena