ပြီးခဲ့တဲ့ရက် အစောပိုင်းအချိန်တုန်းက Xiaomi ရဲ့ Vanilla Redmi Note 9 5G နဲ့ Note 9 Pro 5G အမျိုးအစားတို့ရဲ့ အဓိကအချက်အလက်အချို့ ပေါက်ကြားထွက်ပေါ်ခဲ့ပါတယ်။ ဒီသတင်းကို Weibo ရဲ့ နာမည်ကျော် Leakster ဖြစ်တဲ့ Digital Chat Station က ဝေမျှခဲ့တာပါ။

မနက်ပိုင်းက သတင်းယိုစိမ့်မှုဖြစ်ခဲ့ပြီးတဲ့နောက် ညနေပိုင်းမှာတော့ Vanilla Redmi Note 9 5G နဲ့ Note 9 Pro 5G ဟန်းဆက်နှစ်မျိုးစလုံးကို TENAA မှာတွေ့မြင်လိုက်ကြရပါတော့တယ်။ ဒါ့အပြင် ဒီဟန်းဆက်တွေရဲ့ အချက်အလက်အချို့ကိုလည်း တစ်ပါတည်းတွေ့မြင်ခဲ့ရပြီး မနက်ခင်းကထွက်ခဲ့တဲ့သတင်းကိုလည်း အတည်ပြုနိုင်ခဲ့ပါတယ်။

Xiaomi M2007J22C မော်ဒယ်နံပါတ်ဟာ Vinilla Redmi Note 9 5G ဖြစ်ပြီး 2.4GHz CPU နဲ့တွေ့မြင်ရပါတယ်။ ဒါကြောင့် သတင်းထွက်ထားတဲ့ Dimensity 800U chipset နဲ့ ကိုက်ညီနေတယ်လို့ ဆိုနိုင်ပါတယ်။ RAM နဲ့ Storage အတွဲအဖက်ကတော့ သုံးမျိုးရှိပါတယ်။ 4/6/8 GB of RAM တွေနဲ့ 64/128/256GB storage တို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဈေးနှုန်းနဲ့ ချိန်ဆပြီး ကြိုက်နှစ်သက်ရာ အတွဲအဖက်ကိုဝယ်ယူနိုင်ပါလိမ့်မယ်။

မျက်နှာပြင်ကတော့ 6.53-inch LCD အမျိုးအစားဖြစ်ပြီး 1080p resolution ရှိပါတယ်။ ဘက်ထရီကတော့ 5,000mAh ပမာဏဖြစ်ပါတယ်။ ကျောဘက်မှာ 48MP အဓိကကင်မရာ တပ်ဆင်ထားပြီး၊ အရှေ့ဘက်မျက်နှာပြင်ရဲ့ ဘယ်ဘက်ပေါ်ထောင့်မှာတော့ Punch-hole နဲ့အတူ 13MP selfie ကင်မရာတစ်လုံးကို တပ်ဆင်ထားပါတယ်။

မော်ဒယ်နံပါတ် M2007J17C ကတော့ Redmi Note 9 Pro 5G ဖြစ်ပါတယ်။ ကျောဘက်ပုံစံကတော့ Mi 10T Lite 5G နဲ့ အတော်လေးကို ဆင်တူနေတာတွေ့ရပါတယ်။ Chipset ကတော့ Snapdragon 750G ဖြစ်ဖွယ်ရှိပြီး RAM ကတော့ 12GB အထိရှိသလို၊ 256GB storage နဲ့လည်း တွဲဖက်ထားတာ တွေ့ရပါတယ်။ ဒါ့အပြင် 108MP အဓိကကင်မရာနဲ့ 16MP Selfie ကင်မရာတွေ တပ်ဆင်ထားကြောင်းကိုလည်း အတည်ပြုနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Listing အရ ဒီဟန်းဆက်တွေကို အနက်၊ အနီ၊ အပြာ၊ ပန်းရောင်၊ အဖြူ၊ အစိမ်း၊ ခရမ်းရောင်၊ မီးခိုးရောင်၊ ငွေရောင် စတဲ့ အရောင်တွေအားလုံးနဲ့ မြင်တွေ့ရဖွယ်ရှိပါတယ်။ ဒီဟန်းဆက်တွေကို ဘယ်အချိန်မှာ တရားဝင်မိတ်ဆက်မယ်မသိသေးတဲ့အတွက် နောက်ထပ်သတင်းတွေထွက်ပေါ်လာဖို့ စောင့်ဆိုင်နေရုံပဲ ရှိပါတယ်။

Ref: GSM Arena