Xiaomi က ဧပြီလမှာ Redmi Note 9 ကို တစ်ကမ္ဘာလုံးမှာ ကြေညာပြီးနောက် အခုတော့ အိန္ဒိယမှာ ရောင်းပေးတော့မယ်လို့ ထင်ပါတယ်။ Redmi Note 9 အိန္ဒိယ မော်ဒယ်ကို WiFi Alliance မှာ တွေ့လာရပြီ ဖြစ်ပြီး Android 10 နဲ့ Dual Band WiFi ဆက်သွယ်မှု ပါလာမှာပါ။ အဲဒီဖုန်းကို ကြေညာထားပြီးပြီ ဖြစ်တဲ့အတွက် Specs အားလုံးကို သိထားပြီးပါပြီ။ အိန္ဒိယမှာ ရောင်းမယ့် အချိန်ကို မကြာခင်ရက်ပိုင်းအတွင်း သိလာရနိုင်ပါတယ်။

Redmi Note 9 မှာ ၆.၅၃ လက်မ IPS LCD မျက်နှာပြင် တပ်ဆင်ထားပြီး 1080x2340p Resolution ဖြစ်ပါတယ်။ မျက်နှာပြင်မှာ Punch Hole ဆဲလ်ဖီးကင်မရာ ပါလာပြီး Mediatek Helio G85 Chipset မောင်းနှင်ထားပါတယ်။ 4GB RAM နဲ့ 128GB Storage ထည့်သွင်းထားပြီး microSD Card စိုက်နိုင်ပါတယ်။

နောက်ပေါ် ဖုန်းတွေလို အနောက်ဘက်မှာ ကင်မရာ ၄ လုံး တပ်ဆင်ထားပြီး 48MP Main, 8MP Ultrawide , 2MP Macro နဲ့ 2MP Depth ကင်မရာတွေ ဖြစ်ပါတယ်။ ဆဲလ်ဖီးနဲ့ ဗီဒီယို ဖုန်း ပြောဆိုမှုအတွက် 13MP ကင်မရာ ပါလာပါတယ်။ 18W Fast Charging ထောက်ပံ့တဲ့ 5,020mAh ဘက်ထရီ ထည့်ထားပြီး Android 10 , Bluetooth 5.0 , Dual Band WiFi နဲ့ Infrared Sensor ပါလာပါတယ်။

Ref : gizchina