Xiaomi ကနေ ထွက်ရှိမယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ Redmi S2 စမတ်ဖုန်းဟာ ဒီနေ့မှာတော့ တရားဝင်ကြေညာလိုက်ပြီဖြစ်ပါတယ်။ သတင်းတွေထွက်ပေါ်ခဲ့တဲ့အတိုင်းပဲ Xiaomi Redmi S2 စမတ်ဖုန်းဟာ မြင့်မားတဲ့စွမ်းဆောင်ရည်တွေကို ဈေးသက်သက်သာသာနဲ့ ရရှိနိုင်တဲ့ စမတ်ဖုန်းတစ်ခုလို့ ပြောလို့ရပါတယ်။

Xiaomi Redmi S2 စမတ်ဖုန်းက ဒီဇိုင်းပိုင်းအရတော့ Redmi Note 5 စမတ်ဖုန်းနဲ့ တူညီတာကိုတွေ့ရပြီးတော့ 5.99″ 18:9 Ratio Display ကိုပဲ အသုံးပြုထားတာကိုတွေ့ရပါတယ်။ ဒါပေမယ့် Screen Resolution အရတော့ HD+ Resolution ပဲရှိမှာဖြစ်ပါတယ်။

Processor ပိုင်းအနေနဲ့တော့ Qualcomm Snapdragon 625 Processor ကို အသုံးပြုထားပြီးတော့ RAM 3GB ၊ ROM 32GB နဲ့ RAM 4GB ၊ ROM 64GB ဆိုပြီး ရွေးချယ်ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။ Storage ထပ်တိုးချင်တဲ့သူတွေအတွက်လည်း MicroSD Card Slot ပါဝင်ဦးမှာဖြစ်ပါတယ်။

Processor ပိုင်းမှာတော့ Qualcomm Snapdragon 625 Processor ကိုပဲ အသုံးပြုထားတယ်ဆိုပေမယ့် Camera ပိုင်းမှာတော့ အရည်အသွေးမြင့် 12MP + 5MP Dual Camera ကိုတပ်ဆင်ပေးထားတာပဲဖြစ်ပါတယ်။ Selfie Camera အနေနဲ့လည်း AI နည်းပညာတွေကို အသုံးပြုထားတဲ့ 16MP Selfie Camera ကို အသုံးပြုထားပါတယ်။

Xiaomi ရဲ့ Redmi S2 စမတ်ဖုန်းရဲ့ အားသာချက်ကတော့ ဈေးနှုန်းပဲဖြစ်ပြီးတော့ RAM 3GB ၊ 32GB Model ကို ဒေါ်လာ ၁၆၀ ဝန်းကျင်နဲ့ RAM 4GB ၊ 64GB Model ကိုတော့ ဒေါ်လာ ၂၀၀ နဲ့ပဲ ရောင်းချမှာဖြစ်တဲ့အတွက် ၂ သိန်းဝန်းကျင်ဖုန်းတွေထဲမှာ အကောင်းဆုံးရွေးချယ်နိုင်မယ့် ဖုန်းတစ်ခုဖြစ်လာပါတယ်။