[Zawgyi]

Google ဟာ Android 10 Q ကို စမတ္ဖုန္း အမွတ္တံဆိပ္ ၁၃ ခုရဲ႕ စမတ္ဖုန္းအမ်ိဳးအစား ၂၁ မ်ိဳးမွာ စတင္သုံးစြဲႏိုင္ေအာင္ ေထာက္ပံ့ေပးခဲ့ပါတယ္။ ဒီ Program ကို မိတ္ဖက္အျဖစ္ ပူးေပါင္းတဲ့ ကုမၸဏီထဲမွာ Xiaomi လည္း ပါဝင္ပါတယ္။ ဒါေၾကာင့္ Android Q Beta ေတြကို Mi9 နဲ႔ Mi MIX 3 5G ေတြမွာ သုံးလို႔ရေတာ့မွာ ျဖစ္ပါတယ္။

Redmi ရဲ႕ အဆင့္ျမင္ စမတ္ဖုန္းမွာလည္း Android Q ကို ေထာက္ပံ့ေပးမယ္ဆိုတဲ့ သတင္းကို Lu Weibing က Weibo မွာ လႊင့္တင္ၿပီး ေၾကညာခဲ့တာ ျဖစ္ပါတယ္။ သူဟာ ဒီလိုမ်ိဳးသတင္းေတြကို အၿမဲတမ္း တင္ေပးေနက်ျဖစ္တာေၾကာင့္ Redmi အေနနဲ႔လည္း သိပ္မၾကာခင္အခ်ိန္အတြင္းမွာ Android Q ကို အေျခခံတဲ့ အေျပာင္းအလဲေတြ စတင္လာႏိုင္တယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Mi 9 နဲ႔ Mi Mix 3 5G ေတြဟာ Android Q Beta ROMs ေတြရရွိဖို႔ ထိုက္တန္ေၾကာင္း Lu က ေျပာခဲ့ပါတယ္။ ဒါ့အျပင္ Redmi flagship ေတြလည္း အလားတူ ျဖစ္ရပ္မ်ိဳး ေပၚေပါက္လာမယ္လို႔ ေမွ်ာ္လင့္ႏိုင္ေၾကာင္း ေျပာသြားပါေသးတယ္။ ေကာလာဟလ သတင္းထြက္ေနတာကေတာ့ Redmi ရဲ႕ Snapdragon 855 chipset, 8GB of RAM, 128GB Storage, 6.39-inch FullHD+ display, 48MP Main camera နဲ႔ Flagship ဟာ ျဖန႔္ခ်ိခ်ိန္မွာ Android Q Beta ကို ေထာက္ပံ့ေပးထားမယ္ဆိုတာပါပဲ။

Android Q သုံးစြဲမႈဟာ ၿပီးခဲ့တဲ့ႏွစ္နဲ႔ ႏႈိင္းယွဥ္ရင္ ဒီႏွစ္မွာ သိသိသာသာ တိုးတက္လာေၾကာင္း Google က ထုတ္ျပန္ခဲ့ပါတယ္။ Beta program သာျဖစ္ေပမယ့္ သုံးစြဲရတာ ျမန္ဆန္ေခ်ာေမြ႕တဲ့ အေတြ႕အႀကဳံကိုရရွိေစတယ္လို႔ သိရပါတယ္။ လက္ရွိအခ်ိန္မွာ Beta version ျဖစ္ေပမယ့္ Google Pixel သစ္ေတြထြက္ရွိလာခ်ိန္မွာ Final version ကို ထုတ္ေပးႏိုင္ဖို႔ Google က ႀကိဳးစားေနတယ္လို႔လည္း သိရပါတယ္။

Ref: GSMArena

[Unicode]

Snapdragon 855 နဲ့ Redmi မှာလည်း Android Q Beta ကို ထောက်ပံ့ပေးထားမယ်လို့ သတင်းထွက်ပေါ်လာ

Google ဟာ Android 10 Q ကို စမတ်ဖုန်း အမှတ်တံဆိပ် ၁၃ ခုရဲ့ စမတ်ဖုန်းအမျိုးအစား ၂၁ မျိုးမှာ စတင်သုံးစွဲနိုင်အောင် ထောက်ပံ့ပေးခဲ့ပါတယ်။ ဒီ Program ကို မိတ်ဖက်အဖြစ် ပူးပေါင်းတဲ့ ကုမ္ပဏီထဲမှာ Xiaomi လည်း ပါဝင်ပါတယ်။ ဒါကြောင့် Android Q Beta တွေကို Mi9 နဲ့ Mi MIX 3 5G တွေမှာ သုံးလို့ရတော့မှာ ဖြစ်ပါတယ်။

Redmi ရဲ့ အဆင့်မြင် စမတ်ဖုန်းမှာလည်း Android Q ကို ထောက်ပံ့ပေးမယ်ဆိုတဲ့ သတင်းကို Lu Weibing က Weibo မှာ လွှင့်တင်ပြီး ကြေညာခဲ့တာ ဖြစ်ပါတယ်။ သူဟာ ဒီလိုမျိုးသတင်းတွေကို အမြဲတမ်း တင်ပေးနေကျဖြစ်တာကြောင့် Redmi အနေနဲ့လည်း သိပ်မကြာခင်အချိန်အတွင်းမှာ Android Q ကို အခြေခံတဲ့ အပြောင်းအလဲတွေ စတင်လာနိုင်တယ်လို့ မျှော်လင့်ရပါတယ်။

Mi 9 နဲ့ Mi Mix 3 5G တွေဟာ Android Q Beta ROMs တွေရရှိဖို့ ထိုက်တန်ကြောင်း Lu က ပြောခဲ့ပါတယ်။ ဒါ့အပြင် Redmi flagship တွေလည်း အလားတူ ဖြစ်ရပ်မျိုး ပေါ်ပေါက်လာမယ်လို့ မျှော်လင့်နိုင်ကြောင်း ပြောသွားပါသေးတယ်။ ကောလာဟလ သတင်းထွက်နေတာကတော့ Redmi ရဲ့ Snapdragon 855 chipset, 8GB of RAM, 128GB Storage, 6.39-inch FullHD+ display, 48MP Main camera နဲ့ Flagship ဟာ ဖြန့်ချိချိန်မှာ Android Q Beta ကို ထောက်ပံ့ပေးထားမယ်ဆိုတာပါပဲ။

Android Q သုံးစွဲမှုဟာ ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင် ဒီနှစ်မှာ သိသိသာသာ တိုးတက်လာကြောင်း Google က ထုတ်ပြန်ခဲ့ပါတယ်။ Beta program သာဖြစ်ပေမယ့် သုံးစွဲရတာ မြန်ဆန်ချောမွေ့တဲ့ အတွေ့အကြုံကိုရရှိစေတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ Beta version ဖြစ်ပေမယ့် Google Pixel သစ်တွေထွက်ရှိလာချိန်မှာ Final version ကို ထုတ်ပေးနိုင်ဖို့ Google က ကြိုးစားနေတယ်လို့လည်း သိရပါတယ်။

Ref: GSMArena