Xiaomi ကနေ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ပထမဆုံးသော Gaming Laptop ဖြစ်တဲ့ Redmi G Gaming Laptop တွေကို မိတ်ဆက်ခဲ့ပါတယ်။ အခုလည်း Thin & Light Ultrabook လို့ပြောနိုင်တဲ့ RedmiBook Air Laptop ကိုပါ တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

အဆိုပါ RedmiBook Air ဟာ 13.3″ Display ကို အသုံးပြုထားပေမယ့် တခြားသော Xiaomi ကနေထုတ်လုပ်ထားတဲ့ Laptop တွေနဲ့ ကွာခြားနေမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ပုံမှန် 16:9 Aspect Ratio အစား 16:10 Aspect Ratio ကို အသုံးပြုထားတဲ့အပြင် Resolution အနေနဲ့လည်း QHD (2560×1600) အထိရှိနေမှာပါ။ 300Nits Peak Brightness အပြင် 100% sRGB Color Accuracy ရှိတဲ့အတွက် Display ပိုင်းအရတော့ Xiaomi Laptop တွေထဲမှာ အကောင်းဆုံးလို့တောင်ပြောလို့ရမှာပါ။

Performance ပိုင်းအနေနဲ့ကတော့ 10th Generation Intel Core i5-10210Y CPU ကို အသုံးပြုထားပြီး RAM 8GB သို့မဟုတ် RAM 16GB DDR3 အပြင် 512GB SSD ကိုပါ ထည့်သွင်းထားတယ်လို့ သိရပါတယ်။ သီးသန့် Graphic Card ပါဝင်မှာမဟုတ်တဲ့အတွက် ပုံမှန် Office နဲ့ Web Browsing တွေအတွက်လောက်ပဲ အဆင်ပြေမှာဖြစ်ပါတယ်။

ကျန်တဲ့အချက်တွေအနေနဲ့ကတော့ ၈ နာရီဆက်တိုက်အသုံးပြုနိုင်မယ့် 41Wh Battery ပါဝင်မှာဖြစ်ပြီး Wi-Fi 6 နဲ့ USB-C Charging တွေပါဝင်မှာဖြစ်ပါတယ်။ အထူအနေနဲ့ကတော့ 12.99mm ပဲရှိမှာဖြစ်တဲ့အပြင် 1.05Kg ပဲ အလေးချိန်ရှိမယ်လို့ သိရပါတယ်။ အခုလိုမျိုး ပါးလွှာပြီး ပေါ့ပါးနေအောင်ပြုလုပ်ထားတဲ့အတွက် Display မှာ Webcam တော့ ပါဝင်မှာမဟုတ်ပါဘူး။

စျေးနှုန်းအနေနဲ့ကတော့ RAM 8GB + 512GB Version ကို 4,699 Yuan (မြန်မာငွေ ၉ သိန်း၂ သောင်းဝန်းကျင်) နဲ့ RAM 16GB + 512GB Version ကိုတော့ 5,199 Yuan (မြန်မာငွေ ၁၀ သိန်း ၂ သောင်းဝန်းကျင်) ခန့်ကျသင့်မှာဖြစ်ပြီး တရုတ်နိုင်ငံမှာ သြဂုတ်လ ၁၇ ရက်နေ့ကနေ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – Gadget NDTV