နိုင်ငံတကာမှာ Xiaomi ကို စမတ်ဖုန်း ထုတ်လုပ်သူ အဖြစ် အဓိက သိကြပါတယ်။ ဒါပေမယ့် Xiaomi ဟာ မိခင် တရုတ်နိုင်ငံမှာ ဖုန်းနဲ့ Accessory အပြင် တခြား ထုတ်ကုန်တွေကိုပါ ရောင်းချနေပါတယ်။ ကုမ္ပဏီရဲ့ RedmiBook လက်ပ်တော့တွေဟာ နာမည်ကြီးတဲ့ ထုတ်ကုန် ၁ ခု ဖြစ်ပါတယ်။ အဲဒီ လက်ပ်တော့တွေမှာ စွမ်းရည်မြင့် ဟာ့ဒ်ဝဲတွေ ထည့်သွင်းထားပြီး ဒီဇိုင်းလန်းတဲ့အပြင် ဈေးကလည်း အရမ်းချိုတဲ့အတွက် လူကြိုက်များကြပါတယ်။ အခုတော့ Xiaomi က RedmiBook တွေကို အိန္ဒိယမှာ ရောင်းချတော့မယ်လို့ သတင်းထွက်လာပါတယ်။

Xiaomi India ရဲ့ မန်းနေဂျင်း ဒါရိုက်တာ Manu Jain က တွစ်တာမှာ ပို့စ် ၁ ခု တင်ခဲ့ပြီး Intel India ရဲ့  မန်းနေဂျင်း ဒါရိုက်တာ Prakash Mallya နဲ့ တွေ့ဆုံခဲ့တာကို မျှဝေခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ဟာ လက်ပ်တော့နဲ့ နည်းပညာ အကြောင်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ Janin က ပြောပါတယ်။ အဲဒီအတွက် Xiaomi ရဲ့ လက်ပ်တော့တွေကို အိန္ဒိယမှာ မကြာခင် ရောင်းချနိုင်ပါတယ်။

Xiaomi ဟာ အိန္ဒိယမှာ RedmiBook Trademark ကို မှတ်ပုံတင်ထားပြီးပါပြီ။ လာမယ့် လအနည်းငယ်အတွင်းမှာ အိန္ဒိယမှာ ရောင်းမယ်လို့ ထင်ပါတယ်။ မကြာခင်မှာ လက်ပ်တော့ရဲ့ အတွင်းပိုင်း အစိတ်အပိုင်းတွေနဲ့ ဈေးနှုန်းတွေကို သိလာရတော့မှာပါ။ Xiaomi က လက်ပ်တော့ Series ၂ ခုကို ထုတ်လုပ်ထားပါတယ်။ RedmiBook က တန်ဖိုးနည်းပြီး Mi Notebook က တန်ဖိုးကြီး ပါတယ်။

ဒီသတင်းအချက်အလက်တွေဟာ Jain ရဲ့ တွစ်တာက ပို့စ်ကို အခြေပြုပြီး ခန့်မှန်းထားတာ ဖြစ်ပါတယ်။ Xiaomi က အိန္ဒိယမှာ လက်ပ်တော့တွေ ရောင်းမယ်ဆိုတာ ရာနှုန်းပြည့် မသေချာသေးပါဘူး။

Ref :  Gizchina