Intel ဟာ CES 2021 ကို သူ့ရဲ့ နောက်ဆုံးပေါ် Chipset တွေ မိတ်ဆက်ပေးဖို့ ယူဆောင်လာခဲ့ပါတယ်။ ဒီ Chipset တွေဟာ အမှတ်တံဆိပ်အမျိုးမျိုးရဲ့ Device အမျိုးမျိုးဆီမှာ အသုံးတော်ခံနေနှင့်ကြပြီလည်း ဖြစ်ပါတယ်။ အခုလည်း Xiaomi ဟာ သူ့ရဲ့နောက်ဆုံးထုတ် RedmiBook Pro မှာ Intel ရဲ့ နောက်ဆုံးပေါ် Chipset ကိုအသုံးပြုထားကြောင်း Weibo မှာ ကြေညာလာတာကို တွေ့မြင်ရပါတယ်။

Xiaomi ရဲ့ Laptop အသစ်မှာ Tiger Lake H-series processor ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ ဒါဟာ လက်ရှိ ရနေတဲ့ U series ရဲ့ စွမ်းအားပို ကောင်းတဲ့ဗားရှင်းလို့ ဆိုရပါလိမ့်မယ်။ Xiaomi ဟာ RedmiBook Pro ကို လာမယ့်လအတွင်းပြုလုပ်မယ့် Event မှာ ဖြန့်ချိမယ်လို့ မျှော်လင့်ရပါတယ်။ အထူးသဖြင့် Redmi K40 စီးရီးကို မြင်တွေ့ရချိန်နဲ့ သိပ်မကွာဘူးလို့ ယူဆရပါတယ်။

Redmi K40 စီးရီးနဲ့ RedmiBook Pro တို့ကို Event တစ်ခုတည်းမှာ တစ်ပြိုင်နက် ကြေညာမယ်၊ မကြေညာဘူးဆိုတာ မသိရပေမယ့် လုံးဝမဖြစ်နိုင်ဘူးလို့လည်း မပြောနိုင်သေးပါဘူး။ RedmiBook Pro အသစ်ကို မိတ်ဆက်နိုင်တဲ့အချိန်က MWC ဘာစီလိုနာနဲ့ ရက်ပြောင်းခဲ့တဲ့ ၂၀၂၁ MWC ရှန်ဟိုင်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဖေဖော်ဝါရီ ၂၃−၂၅ ကြား ဖြစ်နိုင်ပါတယ်။

Redmi K30 တုန်းကလည်း RedmiBook နဲ့အတူတွဲပြီးဖြန့်ချိခဲ့တာကြောင့်၊ အစဉ်အလာမဖျက်ဘူးဆိုရင်တော့ Redmi K40 စီးရီးနဲ့အတူ RedmiBook Pro ကို တွဲပြီးကြေညာလာနိုင်ပါတယ်။ H35 CPUs တွေဟာ စွမ်းဆောင်ရည်ကို အဓိကဦးစားပေးပါတယ်။ ဒါကြောင့် RedmiBook Pro ဟာ စွမ်းဆောင်ရည်မြင့်ပြီး စွမ်းအင်ထုတ်သုံးမှုများတဲ့ Laptop တစ်ခုအနေနဲ့ မြင်တွေ့ရဖွယ်ရှိပြီး ဘက်ထရီသက်တမ်းပိုင်းမှာတော့ သာမန်ထက်ပိုပြီးမမျှော်လင့်နိုင်ဘူးလို့ ခန့်မှန်းရပါတယ်။

Ref: GSM Arena