Xiaomi ကနေ မနှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Mi 9 Pro 5G ဖုန်းဟာ ထွက်ရှိတဲ့အချိန်တုန်းက စျေးအသက်သာဆုံး 5G Flagship ဖုန်းတစ်လုံးလို့ ပြောနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုး 5G Flagship ဖုန်းတစ်လုံးဖြစ်နေပေမယ့် Android 10 Update ကိုတော့ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကအထိ ရရှိခြင်းမရှိသေးပါဘူး။

ဒါပေမယ့် အခုအချိန်မှာတော့ Xiaomi ကနေ Mi 9 Pro 5G ဖုန်းအတွက် Stable Android 10 Update ကို ထုတ်ပေးလိုက်ပါပြီ။ လောလောဆယ်မှာတော့ Beta Tester တွေအနေနဲ့ အစောဆုံး အသုံးပြုနိုင်မယ်လို့သိရပါတယ်။

Xiaomi ဟာ Mi 9 Pro 5G ဖုန်းကို ကုမ္ပဏီရဲ့ အစောဆုံး 5G ဖုန်းတစ်လုံးအနေနဲ့ ထုတ်လုပ်ခဲ့တာဖြစ်ပေမယ့် Android 9 ကို အခြေခံတဲ့ MIUI 11 ကိုပဲ ထည့်သွင်းပေးခဲ့ပြီး အခုအချိန်မှသာ Android 10 Update ကိုထုတ်ပေးတာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် Flagship ဖုန်းတစ်လုံးအနေနဲ့ Android Update ရရှိဖို့ ၆ လလောက်တောင် ကြာမြင့်သွားတာကတော့ တခြားဖုန်းတွေနဲ့ယှဥ်ရင် အားနည်းနေပါသေးတယ်။

ဘာပဲဖြစ်ဖြစ် လောလောဆယ် Beta Tester အဖြစ်ဝင်ရောက်ထားတဲ့သူတွေအနေနဲ့ File Size 2.6GB ရှိတဲ့ OTA Update ကို Download ဆွဲလိုက်တာနဲ့ Android 10 Update အပြင် Security Patch ကိုလည်း March 2020 Update ကိုထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

ဒီ Android 10 Update ဟာ Error နဲ့ Bug တွေကြီးကြီးမားမားမရှိဘူးဆိုရင်တော့ ကျန်တဲ့ Mi 9 Pro 5G အသုံးပြုသူတွေဆီကို Update ထုတ်ပေးသွားမှာဖြစ်ပါတယ်။

Ref – Gizmo China