Zawgyi

Xiaomi ကေန တရုတ္ႏုိင္ငံေစ်းကြက္အတြက္ Redmi K20 နဲ႔ K20 Pro ဖုန္းေတြကို မိတ္ဆက္ခဲ့ျပီးျဖစ္ပါတယ္။ အဆုိပါ Redmi K20 Series ဖုန္းေတြဟာ လက္ရွိအခ်ိန္မွာ ေစ်းနဲ႔ယွဥ္ရင္ Price-to-Performance အေကာင္းဆံုးဖုန္းေတြဆုိရင္လည္း မမွားပါဘူး။

ဒါေပမယ့္ ဒီ Redmi K20 Series ဖုန္းေတြဟာ အဓိကအေနနဲ႔ တရုတ္ႏုိင္ငံေစ်းကြက္ကို ရည္ရြယ္တာျဖစ္ျပီးေတာ့ European နဲ႔ တျခားေသာ ႏုိင္ငံျခားေစ်းကြက္မွာေတာ့ Redmi K20 ဖုန္းကို Mi 9T ဆုိျပီး ျပီးခဲ့တဲ့ ဇြန္လ ၁၂ ရက္ေန႔က တရားဝင္မိတ္ဆက္သြားခဲ့ပါတယ္။ ဒီ Mi 9T စမတ္ဖုန္းက နာမည္အရသာ Mi 9 Series ျဖစ္ေနေပမယ့္ ဒီဇုိင္းပံုစံေရာ၊ Specification ေတြအရပါ Redmi K20 နဲ႔ လံုးဝတူညီေနတာလည္းျဖစ္ပါတယ္။

ဒီ Redmi K20 တျဖစ္လဲ Mi 9T ဖုန္းရဲ႕ အဓိကထူးျခားခ်က္ကေတာ့ Notch မပါတဲ့ Full Screen Display ကို အသံုးျပဳထားတာပဲျဖစ္ပါတယ္။ အဲ့ဒီအတြက္ Selfie Camera ကို Pop-up အေနနဲ႔ ထည့္သြင္းေပးထားပါတယ္။

အခုလုိမ်ိဳး Mi 9T ရဲ႕ အားသာခ်က္ကို အသံုးခ်ျပီး Xiaomi ကေန Notch ပါတဲ့ဖုန္းေတြကို ခနဲ႔လုိက္တဲ့ ေၾကာ္ျငာေတြကို Official YouTube Channel ေတြမွာ တင္ထားခဲ့ပါတယ္။ ဒီေၾကာ္ျငာေတြက Notch ပါေနတာက ျမင္ကြင္းကို အေႏွာင့္အယွက္ျဖစ္တယ္ဆုိတဲ့အေၾကာင္းကို အဓိကရည္ရြယ္တာျဖစ္ျပီး ဆံပင္ညွပ္ဆုိင္နဲ႔ သြားေဆးခန္းမွာ ရုိက္ကူးထားတဲ့ ဒီေၾကာ္ျငာေတြက ေတာ္ေတာ္ေလးကိုလည္း ရယ္ရေနပါတယ္။

Xiaomi Mi 9T ဖုန္းက ျမန္မာႏုိင္ငံကိုလည္း Official အေနနဲ႔ ဝင္ေရာက္လာမွာျဖစ္ျပီးေတာ့ 6.4″ Full HD+ AMOLED Display ၊ Snapdragon 730 Processor ၊ RAM 6GB ၊ Storage 64/128GB ၊ 48MP Primary Sensor ပါဝင္တဲ့ Triple Camera နဲ႔ 4000mAh Battery ေတြပါဝင္တဲ့အတြက္ ၄ သိန္းေက်ာ္၊ ၅ သိန္းဝန္းက်င္ဖုန္းတစ္ခုအေနနဲ႔ ေတာ္ေတာ္ေလးကို ေရြးခ်ယ္သင့္တဲ့ဖုန္းတစ္ခုထဲပါေနပါတယ္။

Ref – Xiaomi Official YouTube Channel

Unicode

Xiaomi ကနေ တရုတ်နိုင်ငံဈေးကွက်အတွက် Redmi K20 နဲ့ K20 Pro ဖုန်းတွေကို မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ Redmi K20 Series ဖုန်းတွေဟာ လက်ရှိအချိန်မှာ ဈေးနဲ့ယှဉ်ရင် Price-to-Performance အကောင်းဆုံးဖုန်းတွေဆိုရင်လည်း မမှားပါဘူး။

ဒါပေမယ့် ဒီ Redmi K20 Series ဖုန်းတွေဟာ အဓိကအနေနဲ့ တရုတ်နိုင်ငံဈေးကွက်ကို ရည်ရွယ်တာဖြစ်ပြီးတော့ European နဲ့ တခြားသော နိုင်ငံခြားဈေးကွက်မှာတော့ Redmi K20 ဖုန်းကို Mi 9T ဆိုပြီး ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့က တရားဝင်မိတ်ဆက်သွားခဲ့ပါတယ်။ ဒီ Mi 9T စမတ်ဖုန်းက နာမည်အရသာ Mi 9 Series ဖြစ်နေပေမယ့် ဒီဇိုင်းပုံစံရော၊ Specification တွေအရပါ Redmi K20 နဲ့ လုံးဝတူညီနေတာလည်းဖြစ်ပါတယ်။

ဒီ Redmi K20 တဖြစ်လဲ Mi 9T ဖုန်းရဲ့ အဓိကထူးခြားချက်ကတော့ Notch မပါတဲ့ Full Screen Display ကို အသုံးပြုထားတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Selfie Camera ကို Pop-up အနေနဲ့ ထည့်သွင်းပေးထားပါတယ်။

အခုလိုမျိုး Mi 9T ရဲ့ အားသာချက်ကို အသုံးချပြီး Xiaomi ကနေ Notch ပါတဲ့ဖုန်းတွေကို ခနဲ့လိုက်တဲ့ ကြော်ငြာတွေကို Official YouTube Channel တွေမှာ တင်ထားခဲ့ပါတယ်။ ဒီကြော်ငြာတွေက Notch ပါနေတာက မြင်ကွင်းကို အနှောင့်အယှက်ဖြစ်တယ်ဆိုတဲ့အကြောင်းကို အဓိကရည်ရွယ်တာဖြစ်ပြီး ဆံပင်ညှပ်ဆိုင်နဲ့ သွားဆေးခန်းမှာ ရိုက်ကူးထားတဲ့ ဒီကြော်ငြာတွေက တော်တော်လေးကိုလည်း ရယ်ရနေပါတယ်။

Xiaomi Mi 9T ဖုန်းက မြန်မာနိုင်ငံကိုလည်း Official အနေနဲ့ ဝင်ရောက်လာမှာဖြစ်ပြီးတော့ 6.4″ Full HD+ AMOLED Display ၊ Snapdragon 730 Processor ၊ RAM 6GB ၊ Storage 64/128GB ၊ 48MP Primary Sensor ပါဝင်တဲ့ Triple Camera နဲ့ 4000mAh Battery တွေပါဝင်တဲ့အတွက် ၄ သိန်းကျော်၊ ၅ သိန်းဝန်းကျင်ဖုန်းတစ်ခုအနေနဲ့ တော်တော်လေးကို ရွေးချယ်သင့်တဲ့ဖုန်းတစ်ခုထဲပါနေပါတယ်။

Ref – Xiaomi Official YouTube Channel