Xiaomi ဟာ MIUI 12 ကိုဆက်ခံတဲ့ Update ကို ပြီးခဲ့တဲ့လက မိတ်ဆက်ခဲ့ပါတယ်။ မျိုးဆက်သစ်ကို MIUI 12.5 လို့ပဲ နာမည်ပေးထားတာ တွေ့ရပါတယ်။ ဒါကြောင့် အဓိက Major Update မဟုတ်ဘဲ Minor Update သာ ဖြစ်မယ်လို့ ယူဆရပါတယ်။

MIUI 12.5 ဟာ Minor Update လို့ဆိုရမှာဖြစ်ပေမယ့် တရုတ်အခြေစိုက် နည်းပညာကုမ္ပဏီကြီးဟာ စွမ်းအင်သုံးစွဲမှု လျော့ကျစေဖို့နဲ့ Memory သုံးစွဲမှုပိုင်းဆိုင်ရာလျော့နည်းစေဖို့အတွက် Package တစ်ခုလုံးကို ပြင်ဆင်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် MIUI 12 ကိုပဲ အခြေခံပြီးပြင်ဆင်မှုပြုလုပ်ထားတာကြောင့် MIUI 12.5 လို့ နာမည်ပေးခဲ့ပုံရပါတယ်။

MIUI 12.5 ရဲ့ ပထမဦးဆုံး Closed beta ကို တစ်ဒါဇင်ကျော်တဲ့ Xiaomi မော်ဒယ်တွေဆီ ပို့ဆောင်ပေးမယ်လို့ ကုမ္ပဏီက ကတိပြုထားပါတယ်။ အခုတော့ Update သစ်ရရှိမယ့် Device စာရင်းကို တရားဝင်ထုတ်ပြန်လိုက်ပြီပဲ ဖြစ်ပါတယ်။ Update သစ်ရမယ့် Device တွေကတော့−

Xiaomi Mi 11 , Xiaomi Mi 10, Xiaomi Mi 10 Pro, Xiaomi Mi 10 Ultra, Xiaomi Mi 10 Youth, Xiaomi Mi 9 SE, Xiaomi Mi 9, Xiaomi Mi 9 Explorer, Xiaomi Mi 9 Pro 5G, Xiaomi Mi CC9, Xiaomi Mi CC9 Pro, Xiaomi CC9e, Xiaomi Redmi K30 Pro, Xiaomi Redmi K30 5G, Xiaomi Redmi K30S, Xiaomi Redmi K30 Racing, Xiaomi Redmi, K30i 5G, Xiaomi Redmi K30, Xiaomi Redmi K20 Pro, Xiaomi Redmi K20, Xiaomi Redmi 10X 5G, Xiaomi Redmi 10X Pro, Xiaomi Redmi Note 9, Xiaomi Redmi Note 9 Pro, Xiaomi Redmi Note 8, Xiaomi Redmi Note 7 Pro နဲ့ Xiaomi Redmi Note 7 တို့ပဲ ဖြစ်ကြပါတယ်။

MIUI 12.5 update ဟာ ပထမဆုံးအနေနဲ့ တရုတ်ပြည်တွင်းဈေးကွက်မှာရောင်းချထားတဲ့ Google Services မပါဝင်တဲ့ Device တွေဆီကိုပဲ အရင်ဦးဆုံးရောက်ရှိမှာ ဖြစ်ပါတယ်။ ဒီနောက်မှာ ကုမ္ပဏီအနေနဲ့အဆင်သင့်ဖြစ်မှပဲ Global units တွေဆီကို ပို့ဆောင်မယ်လို့သိရပါတယ်။

Ref: GSM Arena