[Zawgyi]

၂၀၁၉ ခုႏွစ္ ပထမႏွစ္ဝက္အတြက္ ဘ႑ာေရးအစီရင္ခံစာ ထြက္လာေတာ့ Xiaomi ရဲ႕ ကိန္းဂဏန္းေတြက အေတာ္ေလးကို ေကာင္းမြန္ေနတာ ေတြ႕ရပါတယ္။ ၆ လတာကာလအတြင္း ဝင္ေငြဟာ တ႐ုတ္ယြမ္ေငြ ၉၅.၇၁ ဘီလီယံ (အေမရိကန္ေဒၚလာ ၁၃.၅၆ ဘီလီယံ) ျဖစ္ပါတယ္။ ဒါဟာ ၿပီးခဲ့တဲ့ႏွစ္ ကာလတူနဲ႔ ႏႈိင္းယွဥ္ရင္ ၂၀ ရာခိုင္ႏႈန္းအထိ တိုးတက္လာတာပါ။

Xiaomi ရဲ႕ ၂၀၁၉ ပထမႏွစ္ဝက္ အသားတင္ အျမတ္ေငြကလည္း တ႐ုတ္ယြမ္ေငြ ၅.၇၂ ဘီလီယံ (အေမရိကန္ေဒၚလာ ၈၁၀.၃၆ မီလီယံ) ျဖစ္တာကို ေတြ႕ရပါတယ္။ ဒါဟာ ႏွစ္စဥ္တိုးတက္မႈ ၄၉.၈ ရာခိုင္ႏႈန္းျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒီေငြပမာဏေတြအတြက္ Xiaomi ဟာ ကမာၻ႔ေဈးကြက္ဆီ စမတ္ဖုန္းအလုံးေရေပါင္း သန္း ၆၀ အထိ တင္ပို႔ေရာင္းခ်ခဲ့ရတယ္လို႔လည္း သိရပါတယ္။

Xiaomi ဟာ စမတ္ဖုန္းလုပ္ငန္းအျပင္ တီဗီလိုင္းလည္းရွိၿပီး တ႐ုတ္မွာေတာ့ ေအာင္ျမင္မႈ ႀကီးႀကီးမားမား ရရွိထားတာပါ။ ၆ လအတြင္း ၅.၄ သန္း ေရာင္းခ်ႏိုင္ခဲ့ၿပီး ကမာၻ႔ တီဗီထုတ္လုပ္မႈလုပ္ငန္းေတြထဲမွာ နံပါတ္ ၅ ေနရာကို ေရာက္ရွိလာခဲ့ၿပီ ျဖစ္ပါတယ္။ Xiaomi ရဲ႕ CEO Lei Jun ကေတာ့ စြမ္းေဆာင္ရည္အတြက္ ေက်နပ္အားရမႈရွိၿပီး ကုမၸဏီအေနနဲ႔ 5G နဲ႔ LoT ကိစၥေတြမွာလည္း ပိုၿပီး လုပ္ေဆာင္သြားမွာျဖစ္သလို သုေတသနနဲ႔ဖြံ႕ၿဖိဳးေရးလုပ္ငန္းအတြက္လည္း ပိုမိုအကုန္က်ခံသြားမယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ Xiaomi ရဲ႕ “Mobile + a lot” dual-engine မဟာဗ်ဴဟာကလည္း ရည္မွန္းခ်က္ကို ေရာက္ရွိခဲ့ၿပီး ၂၀၁၉ ရဲ႕ ပထမႏွစ္ဝက္မွာ ေအာင္ျမင္မႈရခဲ့တယ္လို႔ ဆိုရပါလိမ့္မယ္။ ၂၀၁၉ အတြင္းမွာ ကမာၻတစ္ဝန္းက MIUI active subscriber ေပါင္း ၂.၇၉ သန္းအထိ ေရာက္ရွိခဲ့ပါတယ္။ Xiaomi ရဲ႕ loT ပလက္ေဖာင္းဟာ စမတ္ဖုန္းနဲ႔ Notebooks အပါအဝင္ Device ေပါင္း ၁၉၆ သန္းနဲ႔ ခ်ိတ္ဆက္ထားတာ ျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

၂၀၁၉ ရဲ့ ပထမနှစ်ဝက်အတွင်းမှာ စမတ်ဖုန်းအလုံးရေ သန်း၆၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့တဲ့ Xiaomi

၂၀၁၉ ခုနှစ် ပထမနှစ်ဝက်အတွက် ဘဏ္ဍာရေးအစီရင်ခံစာ ထွက်လာတော့ Xiaomi ရဲ့ ကိန်းဂဏန်းတွေက အတော်လေးကို ကောင်းမွန်နေတာ တွေ့ရပါတယ်။ ၆ လတာကာလအတွင်း ဝင်ငွေဟာ တရုတ်ယွမ်ငွေ ၉၅.၇၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၃.၅၆ ဘီလီယံ) ဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ် ကာလတူနဲ့ နှိုင်းယှဉ်ရင် ၂၀ ရာခိုင်နှုန်းအထိ တိုးတက်လာတာပါ။

Xiaomi ရဲ့ ၂၀၁၉ ပထမနှစ်ဝက် အသားတင် အမြတ်ငွေကလည်း တရုတ်ယွမ်ငွေ ၅.၇၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈၁၀.၃၆ မီလီယံ) ဖြစ်တာကို တွေ့ရပါတယ်။ ဒါဟာ နှစ်စဉ်တိုးတက်မှု ၄၉.၈ ရာခိုင်နှုန်းဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီငွေပမာဏတွေအတွက် Xiaomi ဟာ ကမ္ဘာ့ဈေးကွက်ဆီ စမတ်ဖုန်းအလုံးရေပေါင်း သန်း ၆၀ အထိ တင်ပို့ရောင်းချခဲ့ရတယ်လို့လည်း သိရပါတယ်။

Xiaomi ဟာ စမတ်ဖုန်းလုပ်ငန်းအပြင် တီဗီလိုင်းလည်းရှိပြီး တရုတ်မှာတော့ အောင်မြင်မှု ကြီးကြီးမားမား ရရှိထားတာပါ။ ၆ လအတွင်း ၅.၄ သန်း ရောင်းချနိုင်ခဲ့ပြီး ကမ္ဘာ့ တီဗီထုတ်လုပ်မှုလုပ်ငန်းတွေထဲမှာ နံပါတ် ၅ နေရာကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ Xiaomi ရဲ့ CEO Lei Jun ကတော့ စွမ်းဆောင်ရည်အတွက် ကျေနပ်အားရမှုရှိပြီး ကုမ္ပဏီအနေနဲ့ 5G နဲ့ LoT ကိစ္စတွေမှာလည်း ပိုပြီး လုပ်ဆောင်သွားမှာဖြစ်သလို သုတေသနနဲ့ဖွံ့ဖြိုးရေးလုပ်ငန်းအတွက်လည်း ပိုမိုအကုန်ကျခံသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် Xiaomi ရဲ့ “Mobile + a lot” dual-engine မဟာဗျူဟာကလည်း ရည်မှန်းချက်ကို ရောက်ရှိခဲ့ပြီး ၂၀၁၉ ရဲ့ ပထမနှစ်ဝက်မှာ အောင်မြင်မှုရခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။ ၂၀၁၉ အတွင်းမှာ ကမ္ဘာတစ်ဝန်းက MIUI active subscriber ပေါင်း ၂.၇၉ သန်းအထိ ရောက်ရှိခဲ့ပါတယ်။ Xiaomi ရဲ့ loT ပလက်ဖောင်းဟာ စမတ်ဖုန်းနဲ့ Notebooks အပါအဝင် Device ပေါင်း ၁၉၆ သန်းနဲ့ ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။

Ref: GSM Arena