Xiaomi ကနေ Mi CC9 Series ဖုန်းတွေကို ပြီးခဲ့တဲ့နှစ်တုန်းက မိတ်ဆက်ခဲ့တာပါ။ ဒီဖုန်းတွေဟာ Meitu နဲ့ ပူးပေါင်းပြီး ထုတ်လုပ်ထားတဲ့ Camera ဦးစားပေး စမတ်ဖုန်းတွေလည်းဖြစ်ပါတယ်။

အခုတော့ Xiaomi ကနေ Mi CC9 အတွက် Android 10 အခြေခံတဲ့ MIUI 11 ကို Update ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အခု Android 10 Update ဟာ China အတွက် ထုတ်ပေးလိုက်တဲ့ Update ဖြစ်ပြီး February 2020 Security Patch ကိုလည်း ထည့်သွင်းထားမှာပါ။

ဒါပေမယ့် အဆိုပါ MIUI 11 Update ဟာ လောလောဆယ်မှာ Mi CC9 စမတ်ဖုန်းအတွက်ပဲဖြစ်ပြီးတော့ Mi 9 Lite ဖုန်းအတွက်ကတော့ ရရှိသေးခြင်းမရှိသေးပါဘူး။ Update Version Number အနေနဲ့တော့ MIUI V11.0.1.0.QFCCNXM နဲ့ထွက်ရှိလာမှာဖြစ်ပြီး File Size အနေနဲ့ 2.3GB ဝန်းကျင်ရှိမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Mi CC9 စမတ်ဖုန်းဟာ 6.39″ Super AMOLED Display ပါဝင်မှာဖြစ်ပြီး Snapdragon 710 Processor နဲ့ RAM 6GB ကနေ 8GB အထိပါဝင်မှာပါ။ Camera အနေနဲ့တော့ 48MP Primary Sensor ပါဝင်တဲ့ Triple Camera Setup ပါဝင်ပြီးတော့ 4030mAh Battery နဲ့ 18W Fast Charging လည်းထည့်သွင်းထားမှာပါ။

Ref – Gizmo China