Zawgyi

အခုႏွစ္ ဇြန္လမွာ Xiaomi ရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ Lei Jun မွ သူတုိ႔ရဲ႕ ထုတ္ကုန္အမွတ္တံဆိပ္ေတြ ဆက္လက္လုပ္ေဆာင္သြားမယ့္ ပုံနဲ႔ပတ္သက္ၿပီး ရွင္းလင္းခဲ့ပါတယ္။ လက္ရွိတုိးတက္ခ်ဲ႕ထြင္လာတဲ့ Redmi အမွတ္တံဆိပ္ခြဲဟာ ခ်ဳိသာတဲ့ေစ်းႏႈန္းနဲ႔လိုက္ၿပီး စြမ္းေဆာင္ရည္ေကာင္းမြန္တဲ့ စမတ္ဖုန္းေတြကို ေပးႏုိင္ဖို႔ အာရုံစုိက္လာခ်ိန္မွာ မူရင္း Mi ထုတ္ကုန္လိုင္းကေတာ့ Flagship စာရင္းဝင္ေတြကိုပဲ သန္႔သန္႔ေလး ထုတ္သြားမွာပါ။

ဒါ့အျပင္ တဆက္တည္းမွာပဲ တခ်ိန္က လူႀကိဳက္မ်ားထုတ္ကုန္ေတြျဖစ္ခဲ့တဲ့ Mi Note နဲ႔ Mi Max စီးရီးေတြကို အခုႏွစ္အတြက္ ထုတ္လုပ္ဖို႔ အစီအစဥ္မရွိေသးေၾကာင္းကိုလည္း ေျပာသြားခဲ့ပါတယ္။ ဒါေပမယ့္ သူတုိ႔ရဲ႕ ဆုံးျဖတ္ခ်က္ကို အသစ္ျပန္ေျပာင္းလဲလာခဲ့ပုံပါပဲ။

ခုိင္မာတဲ့ သတင္းရင္းျမစ္တစ္ခုအျဖစ္ အားကိုးၾကတဲ့ Leak စတား Ice Universe ရဲ႕အေကာင့္မွာ Mi Note ထုတ္ကုန္လုိင္းကို ျပန္လည္အသက္သြင္းလာမွာျဖစ္ၿပီး အခုေအာက္တုိဘာလကုန္မွာတင္ Mi Note 10 အမည္နဲ႔ အဖြဲ႕ဝင္သစ္ကို ျမင္ရႏုိင္ေျခရွိတယ္လို႔ ဆုိလာခဲ့ပါတယ္။ ေနာက္ဆုံးထြက္ရွိခဲ့တဲ့ Mi Note 3 ဟာ လြန္ခဲ့တဲ့ ႏွစ္ႏွစ္ေက်ာ္ခန္႔ကျဖစ္တဲ့အတြက္ တကယ္သာ Xiaomi က Mi Note အသစ္ကို ထုတ္လာခဲ့ရင္ေတာ့ အားလုံးရဲ႕ အာရုံစုိက္မႈကို ရရွိမွာ မလြဲပါဘူး။

Mi Note ထုတ္ကုန္ေတြဟာ Xiaomi ရဲ႕ အျမင့္စား Phablet ေတြျဖစ္ၿပီး ပထမဆုံးမ်ဳိးဆက္ႏွစ္ခုဟာ Upper-Midrange ေစ်းႏႈန္းနဲ႔ Flagship အဆင့္ Specs ေတြ ပါဝင္ခဲ့ပါတယ္။ ဒါ့အျပင္ ထိုစဥ္အခ်ိန္က ႀကီးမားတယ္လို႔ ဆုိရမယ့္ Display ေတြလည္း ပါဝင္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Mi Note 3 အလွည့္မွာ Xiaomi က Display အပါအဝင္ Specs ေတြကို ေလ်ာ့ခ်ခဲ့ပါတယ္။

အဲဒီေနာက္ပုိင္းမွာေတာ့ Redmi အမွတ္တံဆိပ္ေအာက္က ထုတ္ကုန္ေတြကိုပဲ အာရုံပုိစုိက္လာခဲ့ၿပီး K20 နဲ႔ Mi 9T တုိ႔လို ထုတ္ကုန္သစ္ေတြမွာလည္း Upper-midrange စာရင္းဝင္အျဖစ္ Pro ဗားရွင္းေတြ အသီးသီး ထုတ္ေပးလာခဲ့တာေၾကာင့္ လိုအပ္ေနတဲ့ ေစ်းကြက္ေနရာကို ျဖည့္ထားၿပီး ျဖစ္ေနပါတယ္။

လက္ရွိမွာေတာ့ Xiaomi က တကယ္ပဲ Mi Note အမည္ကို ျပန္အသက္သြင္းလာမလား ဆုိတာကို လာမယ့္ရက္ပိုင္းအတြင္း ေစာင့္ၾကည့္ရဦးမွာပါ။ နာမည္ရွိၿပီးသား ထုတ္ကုန္တစ္ခုရဲ႕ အရွိန္ကလည္း မ်ားျပားလွတဲ့ စမတ္ဖုန္းထုတ္လုပ္သူေတြရဲ႕ ၿပိဳင္ပြဲထဲမွာ အာရုံစုိက္မႈရရွိေစမွာ အမွန္ပါပဲ။

Ref – GSM Arena

Unicode

အခုနှစ် ဇွန်လမှာ Xiaomi ရဲ့ အမှုဆောင်အရာရှိချုပ် Lei Jun မှ သူတို့ရဲ့ ထုတ်ကုန်အမှတ်တံဆိပ်တွေ ဆက်လက်လုပ်ဆောင်သွားမယ့် ပုံနဲ့ပတ်သက်ပြီး ရှင်းလင်းခဲ့ပါတယ်။ လက်ရှိတိုးတက်ချဲ့ထွင်လာတဲ့ Redmi အမှတ်တံဆိပ်ခွဲဟာ ချိုသာတဲ့ဈေးနှုန်းနဲ့လိုက်ပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ စမတ်ဖုန်းတွေကို ပေးနိုင်ဖို့ အာရုံစိုက်လာချိန်မှာ မူရင်း Mi ထုတ်ကုန်လိုင်းကတော့ Flagship စာရင်းဝင်တွေကိုပဲ သန့်သန့်လေး ထုတ်သွားမှာပါ။

ဒါ့အပြင် တဆက်တည်းမှာပဲ တချိန်က လူကြိုက်များထုတ်ကုန်တွေဖြစ်ခဲ့တဲ့ Mi Note နဲ့ Mi Max စီးရီးတွေကို အခုနှစ်အတွက် ထုတ်လုပ်ဖို့ အစီအစဉ်မရှိသေးကြောင်းကိုလည်း ပြောသွားခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ဆုံးဖြတ်ချက်ကို အသစ်ပြန်ပြောင်းလဲလာခဲ့ပုံပါပဲ။

ခိုင်မာတဲ့ သတင်းရင်းမြစ်တစ်ခုအဖြစ် အားကိုးကြတဲ့ Leak စတား Ice Universe ရဲ့အကောင့်မှာ Mi Note ထုတ်ကုန်လိုင်းကို ပြန်လည်အသက်သွင်းလာမှာဖြစ်ပြီး အခုအောက်တိုဘာလကုန်မှာတင် Mi Note 10 အမည်နဲ့ အဖွဲ့ဝင်သစ်ကို မြင်ရနိုင်ခြေရှိတယ်လို့ ဆိုလာခဲ့ပါတယ်။ နောက်ဆုံးထွက်ရှိခဲ့တဲ့ Mi Note 3 ဟာ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ခန့်ကဖြစ်တဲ့အတွက် တကယ်သာ Xiaomi က Mi Note အသစ်ကို ထုတ်လာခဲ့ရင်တော့ အားလုံးရဲ့ အာရုံစိုက်မှုကို ရရှိမှာ မလွဲပါဘူး။

Mi Note ထုတ်ကုန်တွေဟာ Xiaomi ရဲ့ အမြင့်စား Phablet တွေဖြစ်ပြီး ပထမဆုံးမျိုးဆက်နှစ်ခုဟာ Upper-Midrange ဈေးနှုန်းနဲ့ Flagship အဆင့် Specs တွေ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် ထိုစဉ်အချိန်က ကြီးမားတယ်လို့ ဆိုရမယ့် Display တွေလည်း ပါဝင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Mi Note 3 အလှည့်မှာ Xiaomi က Display အပါအဝင် Specs တွေကို လျော့ချခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ Redmi အမှတ်တံဆိပ်အောက်က ထုတ်ကုန်တွေကိုပဲ အာရုံပိုစိုက်လာခဲ့ပြီး K20 နဲ့ Mi 9T တို့လို ထုတ်ကုန်သစ်တွေမှာလည်း Upper-midrange စာရင်းဝင်အဖြစ် Pro ဗားရှင်းတွေ အသီးသီး ထုတ်ပေးလာခဲ့တာကြောင့် လိုအပ်နေတဲ့ ဈေးကွက်နေရာကို ဖြည့်ထားပြီး ဖြစ်နေပါတယ်။

လက်ရှိမှာတော့ Xiaomi က တကယ်ပဲ Mi Note အမည်ကို ပြန်အသက်သွင်းလာမလား ဆိုတာကို လာမယ့်ရက်ပိုင်းအတွင်း စောင့်ကြည့်ရဦးမှာပါ။ နာမည်ရှိပြီးသား ထုတ်ကုန်တစ်ခုရဲ့ အရှိန်ကလည်း များပြားလှတဲ့ စမတ်ဖုန်းထုတ်လုပ်သူတွေရဲ့ ပြိုင်ပွဲထဲမှာ အာရုံစိုက်မှုရရှိစေမှာ အမှန်ပါပဲ။

Ref – GSM Arena