Unicode

မကြာသေးခင်က Redmi K30 ကိုမိတ်ဆက်ခဲ့ပြီးနောက် Redmi ရဲ့ အထွေထွေမန်နေဂျာဖြစ်သူ Lu Weibing ဟာ ပရိသတ်တွေဆီကနေ Redmi Flagship ရဲ့ Feature တွေနဲ့ပတ်သက်ပြီး မေးမြန်းမှုတွေကို အဆက်မပြတ် ကြုံတွေ့နေခဲ့ရပါတယ်။ အဲဒီ့ထဲက မေးခွန်းတစ်ခုကတော့ သူတို့ရဲ့ Flagship မှာ LPDDR5 RAM မန်မိုရီအမျိုးအစားကို မမြင်တွေ့ရသေးတဲ့အဖြစ်ပါ။

ဒါကိုတုန့်ပြန်တဲ့အနေနဲ့ Lu Weibing ကတော့ ၂၀၂၀ ခုနှစ်ရဲ့ ပထမသုံးလပတ်ထိ စောင့်ရင် DDR5 RAM ပါတဲ့ စမတ်ဖုန်းကို မြင်ရမယ်လို့ ဆိုလာခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိ LPDDR4X မန်မိုရီတွေဟာ 5G ခေတ်မှာတော့ Flagship ထိပ်တန်းအတန်းအစားမဟုတ်တော့ဘူးလို့ပါ ဆိုလာခဲ့တယ်။ သူ့ပြောပုံကိုထောက်ရင် Q1 2020 ထွက်လာမယ့် K30 5G ဗားရှင်းမှာ LPDDR 5 မန်မိုရီကို မြင်တွေ့ရနိုင်ချေရှိပြီး လောလောဆယ် Redmi K30 ကိုတော့ 6GB / 8GB LPDDR4X1866MHz နဲ့မိတ်ဆက်လာပါတယ်။

Samsung ကတော့ မိုဘိုင်းဈေးကွက်မှာ ပထမဆုံးလို့ဆိုရအောင် 5G နဲ့ AI နည်းပညာသုံး စမတ်ဖုန်းမျိုးဆက်သစ်တွေအတွက် ရည်ရွယ်ပြီး 12GB DDR5 မန်မိုရီတွေကို အခုနှစ် ဇူလိုင်လမှာ စတင်ထုတ်လုပ်သွားဖို့ ကြေညာလာခဲ့ပါတယ်။

ပထမတော့ Galaxy Note 10 မှာ Samsung ရဲ့ LPDDR5 DRAM ကို မြင်ရမယ်လို့ ထင်ခဲ့ကြပေမယ့် တကယ်တမ်း ထွက်လာတော့ ဖြစ်မလာခဲ့ပါဘူး။ ဒါပေမယ့် Galaxy S11 ကတော့ ပထမဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို ယူသွားမယ်လို့ တစ်ခါထပ်ပြီး ယုံကြည်နေရပါတယ်။ အလားတူပဲ Redmi K30 5G မှာသာ LPDDR5 ကို မမြင်ခဲ့ရသေးဘူးဆိုရင် Xiaomi Mi 10 Flagship စီးရီးဟာ သူတို့အမှတ်တံဆိပ်အတွက် ပထမဆုံး DDR5 မန်မိုရီသုံးလာသူတွေ ဖြစ်လာမယ်လို့ ယူဆရပါတယ်။

Ref – Gizmo China

Zawgyi

မၾကာေသးခင္က Redmi K30 ကိုမိတ္ဆက္ခဲ့ၿပီးေနာက္ Redmi ရဲ႕ အေထြေထြမန္ေနဂ်ာျဖစ္သူ Lu Weibing ဟာ ပရိသတ္ေတြဆီကေန Redmi Flagship ရဲ႕ Feature ေတြနဲ႔ပတ္သက္ၿပီး ေမးျမန္းမႈေတြကို အဆက္မျပတ္ ၾကဳံေတြ႕ေနခဲ့ရပါတယ္။ အဲဒီ့ထဲက ေမးခြန္းတစ္ခုကေတာ့ သူတုိ႔ရဲ႕ Flagship မွာ LPDDR5 RAM မန္မုိရီအမ်ဳိးအစားကို မျမင္ေတြ႕ရေသးတဲ့အျဖစ္ပါ။

ဒါကိုတုန္႔ျပန္တဲ့အေနနဲ႔ Lu Weibing ကေတာ့ ၂၀၂၀ ခုႏွစ္ရဲ႕ ပထမသုံးလပတ္ထိ ေစာင့္ရင္ DDR5 RAM ပါတဲ့ စမတ္ဖုန္းကို ျမင္ရမယ္လို႔ ဆုိလာခဲ့ပါတယ္။ ဒါ့အျပင္ လက္ရွိ LPDDR4X မန္မုိရီေတြဟာ 5G ေခတ္မွာေတာ့ Flagship ထိပ္တန္းအတန္းအစားမဟုတ္ေတာ့ဘူးလို႔ပါ ဆုိလာခဲ့တယ္။ သူ႕ေျပာပုံကိုေထာက္ရင္ Q1 2020 ထြက္လာမယ့္ K30 5G ဗားရွင္းမွာ LPDDR 5 မန္မုိရီကို ျမင္ေတြ႕ရႏုိင္ေခ်ရွိၿပီး ေလာေလာဆယ္ Redmi K30 ကိုေတာ့ 6GB / 8GB LPDDR4X1866MHz နဲ႔မိတ္ဆက္လာပါတယ္။

Samsung ကေတာ့ မုိဘုိင္းေစ်းကြက္မွာ ပထမဆုံးလုိ႔ဆုိရေအာင္ 5G နဲ႔ AI နည္းပညာသုံး စမတ္ဖုန္းမ်ဳိးဆက္သစ္ေတြအတြက္ ရည္ရြယ္ၿပီး 12GB DDR5 မန္မုိရီေတြကို အခုႏွစ္ ဇူလိုင္လမွာ စတင္ထုတ္လုပ္သြားဖို႔ ေၾကညာလာခဲ့ပါတယ္။

ပထမေတာ့ Galaxy Note 10 မွာ Samsung ရဲ႕ LPDDR5 DRAM ကုိ ျမင္ရမယ္လို႔ ထင္ခဲ့ၾကေပမယ့္ တကယ္တမ္း ထြက္လာေတာ့ ျဖစ္မလာခဲ့ပါဘူး။ ဒါေပမယ့္ Galaxy S11 ကေတာ့ ပထမဆုံးဆုိတဲ့ ဂုဏ္ပုဒ္ကို ယူသြားမယ္လို႔ တစ္ခါထပ္ၿပီး ယုံၾကည္ေနရပါတယ္။ အလားတူပဲ Redmi K30 5G မွာသာ LPDDR5 ကို မျမင္ခဲ့ရေသးဘူးဆုိရင္ Xiaomi Mi 10 Flagship စီးရီးဟာ သူတုိ႔အမွတ္တံဆိပ္အတြက္ ပထမဆုံး DDR5 မန္မုိရီသုံးလာသူေတြ ျဖစ္လာမယ္လို႔ ယူဆရပါတယ္။

Ref – Gizmo China