Zawgyi
Ref – Gizmo China
Unicode
Xiaomi ကနေ အခုအချိန်မှာ ဈေးသက်သာပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ စမတ်ဖုန်းတွေကို ဆက်တိုက်ထုတ်လုပ်နေတာဖြစ်ပါတယ်။ ယခင်တုန်းက Online Sale သီးသန့် ရောင်းချတာကနေ အခုအချိန်မှာ Offline Store တွေပါ ဖွင့်လှစ်ပြီး ဆက်တိုက်ကြော်ငြာတွေနဲ့ ပိုပြီးအောင်မြင်အောင် ဆောင်ရွက်နေတာဖြစ်ပြီးတော့ အခုအချိန်မှာ CEO Lei Jun ကနေ Xiaomi ရဲ့ Business Model အတွက်နောက်ထပ် Plan တစ်ခုကို ချပြလိုက်ပါပြီ။
ဒါကတော့ Xiaomi ကုမ္ပဏီကနေ ပြီးခဲ့တဲ့မေလထဲက CEO ဖြစ်တဲ့ Lei Jun အပါအဝင် တရုတ်နိုင်ငံဈေးကွက်ကို တာဝန်ယူနေတဲ့ Business Development နဲ့ Team Management အဖွဲ့ဝင်တွေကို စကားပြောဆိုမှုတွေပြုလုပ်နေတဲ့ Appointment တွေ ဆက်တိုက်ပြုလုပ်လာတာပဲဖြစ်ပါတယ်။
အခုအချိန်မှာတော့ Lei Jun နဲ့ Xiaomi China Team တို့ ပါဝင်တဲ့ Closed-door Meeting တစ်ခုကို ပြုလုပ်ခဲ့ပြီး CEO Lei Jun ကနေ အခုအဖွဲ့အတွက် Slogan တစ်ခုဖြစ်တဲ့ “Xiaomi Iron Army, three years of victory” ကို ပြောင်းလဲအသုံးပြုသွားဖို့ အဆိုတင်သွင်းသွားခဲ့ပါတယ်။ အခုလိုမျိုး Slogan ပြောင်းလဲတာကလည်း Xiaomi ကနေ တရုတ်နိုင်ငံကို ၃ နှစ်အတွင် ဈေးကွက် နံပါတ် (၁) နေရာကို ရယူသွားဖို့ ရည်ရွယ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Xiaomi ဟာ အခုလက်ရှိမှာ Mi နဲ့ Redmi Band တွေကို ခွဲထုတ်ထားပြီးတော့ Mi 9 Series လိုဖုန်းတွေနဲ့ အခုနောက်ဆုံးမိတ်ဆက်ထားခဲ့တဲ့ Redmi K20 Series ဖုန်းတွေက မတရားကို ရောင်းအားကောင်းနေတာပဲဖြစ်ပါတယ်။ ဒါ့အပြင် Xiaomi က စမတ်ဖုန်းတွေမဟုတ်တဲ့ AIoT Product တွေကိုလည်း တဖက်ကနေ အာရုံစိုက်နေပြီး AI ပိုင်းဆိုင်ရာကိစ္စရပ်တွေမှာလည်း ရင်းနှီးမြုပ်နှံမှုတွေအများအပြားပြုလုပ်နေခဲ့တာပါ။
ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Xiaomi အနေနဲ့ လာမယ့် ၃ နှစ်အတွင်းမှာ တရုတ်နိုင်ငံမှာ နေရာယူထားပြီးဖြစ်တဲ့ OPPO ၊ Vivo နဲ့ Huawei လို ဖုန်းကုမ္ပဏီတွေကို ဘယ်လိုမျိုးကျော်တက်နိုင်မလဲဆိုတာက စိတ်ဝင်စားစရာကောင်းနေပါပြီ။
Ref – Gizmo China